ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သာလိကာ၏သင်္ကေတ

တစ်ရံရောအခါ ရွာတစ်ရွာတွင် ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာသော သူကြွယ်လင်မယားတို့ ရှိကြလေသည်. သူတို့တွင် သားသမီးမရှိသောကြောင့် သာလိကာ တစ်ကောင်ကိုမွေးမြူထားသည်. . သာလိကာသည် လူစကား နားလည်သည့်အပြင် ပါးနပ်လိမ္မာသည်. သူကြွယ်ကြီးဘုရားရှိခိုးလျှင် လိုက်လံရှိခိုးလေ့ရှိသည်. . . . အမျှဝေလျှင် လိုက်၍ အမျှဝေသည်..

သူကြွယ်ကြီး ဇနီးသည်. ရုပ်ရည်ရူပကာ တင့်တယ်လှပသည်နှင့်အမျှ အကျင့်မကောင်းပေ. အကျင့်မကောင်းပုံမှာ မျောက်မွေးခြင်းဖြစ်၏ ဒါကို သူကြွယ်ကမသိ . သာလိကာကသိ၏. . . ထိုအကြောင်းကို သာလိကာက သူကြွယ်ကြီးသို့ ဖွင့်ဟတိုင်တမ်းရန် စိတ်ကူးမိသည်.

"သူကြွယ်ရဲ့ဇနီးဖောက်ပြားတဲ့ အကြောင်းကို ငါပြောလိုက်လို့ သူကြွယ်ကြီးသိသွားရင် ချောင်းဖမ်းမယ် လက်ပူးလက်ကြပ်မိလို့ သူကြွယ်ကြီး နဲ့တပည့်တွေက ၀ိုင်းရိုက်ရင် ငမျောက်နာကျင်မယ်. .. ရုံးတင်တရားစွဲရင် ထောင်ကျမည့်အပြင် သူကြွယ်ရဲ့ဇနီးမှာလည်း မျောက်မွေးသူအဖြစ် ရပ်ရွာက ပြစ်တင်ရှုတ်ချတာကို ခံရတော့မယ်. . . သာယာတဲ့ အိမ်ထောင်ရေးလည်း ပျက်စီးမယ် . . . ဒါ့ကြောင့်ငါမပြောဘူး . . . ဟုတွေးခေါ် မြော်မြင်တတ် သောကြောင့် မြုံထားသည်. . . . သို့ရာတွင် မြုံထားရသည့်အတွက် သာလိကာ အနေခက်လှသည်. . . .

"တစ်ခက် တစ်ခက် " ခက်ကြောင်းကို ပါးစပ်ကထုတ်ပြီး အသံမြည်ရသော အခါသာလိကာမှာ သက်သာရာရ၏. . . သို့သော် သူကြွယ်ကြီးမှာ အခက်တွေ့ရပြီ. . . "သား သာလိကာ . . . တစ်ခက် တစ်ခက်နဲ့ မင်းအော်နေတာ ဘာအဓိပ္ပါယ်လဲ. . . စားသောက်မကောင်းလို့လား . . . ကြောင်တွေမြွေတွေလာလို့လား . . . အဖေ့ကိုပြောစမ်း အဖေပြုပြင် ဆောင်ရွက်ပေးမယ်. . . " လို့ပြောသတဲ့ သာလိကာနေသော လှောင်ချိုင့်ကိုလည်း စစ်ဆေး၏ ကျယ်ဝန်း၏ သို့ကြောင့် "တစ်ခက် တစ်ခက် " ဟု အော်မြည်ရန်အကြောင်းမရှိပေ. . .

သူကြွယ်ကြီးမှာ အမျိုး၂ စဉ်းစားသော်လည်း သာလိကာမှာ "တစ်ခက် တစ်ခက် " ဟု သူဖွင့်ပြောရခက်တိုင်း အော်မြဲအော်သည်. . . သူကြွယ်လည်း ဆေးဆရာများကိုပါ ပင့်ခေါ်ပြသတော့သည်. . . . ဆေးဆရာသည် သာလိကာကို ကြည့်ရှုစစ်ဆေးသည်. . . ဆေးဆရာက သာလိကာကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ရာကို တစ်ထစ်ချ သိလေဟန် ပြော၏

"တစ်ခုခုတော့ တစ်ခုခုပဲဗျ "
သူကြွယ်ကြီး က "ဒါဆိုလည်း ဆရာရယ် စိမ်ပြေနပြေ လေ့လာ အကဲခတ်ရအောင် အိမ်ကို ယူသွားပါလား" ဟုဆိုကာ သာလိကာကို ဆေးဆရာနှင့်ထည့်ပေးလိုက်လေသည်. . . . ဆေးဆရာက သာလိကာ၏ လှောင်အိမ်ကို အမြင့်တွင်ချိတ်ဆွဲထားသည်. . . "ကဲ . သာလိကာရေ မင်းအိမ်မှာ အားနာစရာတွေ ထောက်ထားစရာတွေ ရှိနေလို့မပြောလည်း ငါ့အိမ်မှာ လွတ်လပ်စွာ ပြောနိုင်ပြီလေ " ဟုပြောသည်.

သာလိကာရောက်ရှိလာသော ဆေးဆရာအိမ်မှာ လူဝင်လူထွက်များသည်. . . ဆေးဝါးလာရောက် ကုသသူများသာမက ပညာသင်ယူသော တပည့်တွေလည်း အ၀င်အထွက်ရှိသည်. . . . ထိုသူများ အနက်မှ ထိပ်ကပ်နာလာရောက် ကုသနေသော သူမျာ ရုပ်ဖြောင့်သည်နှင့်အမျှ အကျင့်မကောင်းပေ. . . ဆရာ၏ဇနီးမှာလည်း ဣနြေ္ဒသိက္ခာအရာ၌ လျော့ရဲသူဖြစ်ရာ မကြာမီ ထိုသူနှင့် ဖောက်ပြားလေ၏. . .

ဆေးဆရာ၏ဇနီး လော်လည် ဖောက်ပြားသည်ကို သာလိကာမြင်ရသောအခါ များစွာစိတ်ဆင်းရဲ၏. . . . " ယောကျာ်းတွေမိန်းမတွေဟာ ဘာပြုလို့ ဖောက်ပြားကြရတာလဲ. . . မဖောက်ပြန်တဲ့ အိမ်မရှိတော့ဘူးလား. . . တယ်ခက်ပါလား. . . . " သာလိကာမှာ ဤသို့ဖြင့် အော်သံပြောင်းသွားလေ၏. . . . .
"နှစ်ခက်. . . နှစ်ခက်"

"ဟေ့ကောင် သာလိကာ၊ မင်းဟာက ဘာလဲကွ. . ဘယ်လိုအကြောင်းကြောင့် တစ်ခက်ကနေ နှစ်ခက်ဖြစ်သွားရတာလဲ. . . " သာလိကာကား မပြောပေ. . .
ထိုအခါမှာ ဆေးဆရာကား အခက်တွေ့နေပြီ တစ်ခက် တစ်ခက် ဟုအော်ရသည့် အကြောင်းအရင်း မပေါ်ထွက်လာမီ တစ်ခက်မှ နှစ်ခက်သို့ဖြစ်သွားပြီ. . . .

ကြာရင် သုံးခက်. . . .သုံးခက် နဲ့မအော်ဘူး မပြောနိုင်ဘူး. . .. သူကြွယ်ကြီးရေ ဒါကြောင့်နှစ်ခက်နဲ့ ပဲ ပြန်ပို့ပါတယ် ဟု ဆိုကာ ဆေးဝါးမကုနိုင်ပဲပြန်ပို့လေသည်. . . .

"နှစ်ခက် နှစ်ခက် "
သူကြွယ်အိမ်သို့ သာလိကာ ပြန်ရောက်ပြီး မကြာမီမှာပင် သူကြွယ်၏ ဇနီးသည် သယောက်လင်မြှောက်နှင့် ထွက်ပြေးသွားလေ၏ . . . ထိုအခါ သာလိကာ၏ အော်သံမှာလည်း ပြောင်းလဲသွား၏. . . .

"တစ်ခက် တစ်ခက် "
သူကြွယ်မှာ ထိုအခါမှ သာလိကာ၏ "တစ်ခက် နှစ်ခက် " ကို သဘောပေါက်ပြီး ဆေးဆရာထံပြေး၏

"သာလိကာရဲ့ အော်သံက ပညာပါတယ်ဗျို့. . . အိမ်ရှင်မကို သတိထားကြည့်စမ်းဗျို့"

" သူကြွယ်ကြီးရေ၊ ခင်ဗျားပြောတာ နောက်ကျသွားပြီ. . . ကျုပ်ဇနီးမရှိတော့ဘူး. . . "

သာလိကာသည် ပထမတွင် "တစ်ခက် တစ်ခက် " ဟု မြည်ခဲ့ပြီး "နှစ်ခက် နှစ်ခက် " ဟုပြောင်းလဲ အော်မြည်ခဲ့ရာ ယခုအခါတွင် "အနိစ္စ အနိစ္စ" ဟူ၍သာ အော်မြည်နေလေတော့သည်. . .

ခင်ယုမောင်

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

9 comments:

  1. ဟေးးးးးးး တစ် တစ်တစ်
    တစ်ခက် နှစ်ခက် တော်တော်ခက်တဲ့ လောကကြီးပါ လားနော် ။ သာလိကာလေး ပြောရခက်နေတာကိုး
    အမနဲ့ တူနေပြီ :P
    အရမ်းကောင်းတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ အကြောင်းအရာ လေးမို့ နှစ်သက်မိပါတယ် ညီမလေး

    ReplyDelete
  2. ကောင်းတယ်ဗျာ ပို.စ်လေးက သာလိက
    လေးက စောစောစီးစီး ဖွင်.ပြောလိုက်
    ပြီးရောဗျာ သူက အတိတ်စိမ်းတွေ ပေးနေ
    တော. အသိနောက်ကျသွားတာပေါ.ဗျာ...:)

    ReplyDelete
  3. နောက်ဆုံးတော့ သာလိကာလည်း ဈာန်ရသွားပြီပေါ့ :D

    ReplyDelete
  4. နောက်ဆုံး တရားရသွားတာက သာလိကာ ကိုး၊ :D

    ReplyDelete
  5. သိပ်ကောင်းတယ်ဗျာအဟားးး။ သာလိကာ တောင်အနိစ္စ အော်ရလောက်အောင်ပဲ အဟဲ။ ကြိုက်တယ်ဗျာ။နောက်လည်းလာလည်ပါဦးမယ်ခင်ဗျာ။

    ReplyDelete
  6. ပညာရသွားပါတယ်။
    သာလိကာနဲ့အတူပေါ့ :)

    ReplyDelete
  7. အဲဒါကြောင့် မိန်းမမယူတာ မိန်းမတွေဟာ စိတ်ကွယ်ရာ ရောက်တာနဲပ ဖောက်ပြားတယ်တဲ့ ဟုတ်မှာပဲ အခုစာက သက်သေပဲ။ အဲဒါကြောင့်လဲ မိန်းမဆိုတာ မရှိမကောင်း ရှိမကောင်း မပေါင်းလည်းခက် ပေါင်းလည်းခက်လို့ ပြောကြတာ။

    ReplyDelete
  8. ခဏခဏပြောရရင်မောင်ငယ်တို့ အလွန်ဖြစ်တော့မယ်..
    မိန်းမ မယူတော့ဘူးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  9. အဲဒါကကိုယ်ကောင်းအောင်နေဖို့ပြောပါနော်။အကုန်လုံးဆင်
    ခြင်သင့်တာာပေါ့

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။