ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မီးကျွမ်းသစ်ငုတ်

မီးကျွမ်းသစ်ငုတ်


သူငယ်ချင်း
မင်းသူ့ပေါ်မိုက်လည်း သူမမိုက်
အမိုက်တရား၊ သူရှောင်ရှား၏
သူကား သူ့ဘ၀၊ အလှအပနှင့်
ဝေငှကောင်းမှု၊ အစဉ်ပြု၏။

သူငယ်ချင်း
မင်းသူ့ကို တိုက်လည်း သူမတိုက်
စရိုက်ဖြူစင်၊ သူတော်စင်တို့
ကျင့်စဉ်တရား ၊စောင့်ထိန်းထား၏
အများမေတ္တာ၊ ခံယူပါ၏။

သူငယ်ချင်း
မင်းစိးပွားမှိုင်းတိုက် သူမလိုက်
သူလိုက်စားရာ၊ စာပညာတည့်
စာပေအနှစ်၊ စာအစစ်သည်
နှစ်ပေါင်းများစွာ၊ အဓွန့်ရှည်လာပါလိမ့်
စာနှင့်ရောင့်ရဲ၊ ပီတိမြဲ၏။

သူငယ်ချင်း
မင်းမှာဒေါသ၊ မီးတောက်ထဘိ
မင်းမှာမောဟ၊ မုန်တိုင်းထဘိ
မင်းမှာ လောဘ၊ ငလျင်ထဘိ
ဘ၀အမှားလမ်း၊ ဤသောင်ကမ်းတွင်
မီးကျွမ်းသစ်ငုတ်၊ ခိုးသားလုပ်၍
ငုတ်တုတ်လုပ်ရဲ အံ့ပေစွ။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

9 comments:

  1. သူကား သူ့ဘ၀၊ အလှအပနှင့်
    ဝေငှကောင်းမှု၊ အစဉ်ပြု၏။..

    လူတိုင်း ကိုယ့်ဘဝ ကိုယ့်အလှနဲ့ .. ဝေငှ ကောင်းမှု ပြုနိုင်ကြပါစေ။ ကဗျာကောင်းလေး ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ အစ်မ။ အဆင်ပြေပါစေ။

    ReplyDelete
  2. သူငယ်ချင်းကောင်းဆိုတာပေါ့နော်... ကဗျာကောင်းလေးတစ်ပုဒါပါ... ခံစားသွားပါတယ်..။

    ReplyDelete
  3. ကဗျာကောင်းလေးတစ်ပုဒ်ကို မှတ်သားသွားပါတယ်......

    ReplyDelete
  4. ထီလာစစ်သူ ကဗျာလေးတွေ ကြိုက်ပါတယ်
    ဒီကဗျာလေးကိုလဲ နှစ်သက်မိပါတယ်ခင်ဗျ...

    ReplyDelete
  5. ကဗျာကောင်းလေးကို မှတ်သွားတယ်...

    သူငယ်ချင်းကောင်းတွေရဲ့စိတ်ဓာတ်ကိုပြတယ်နော်...

    ReplyDelete
  6. သူငယ်ချင်း
    မင်းသူ့ပေါ်မိုက်လည်း သူမမိုက်
    အမိုက်တရား၊ သူရှောင်ရှား၏
    သူကား သူ့ဘ၀၊ အလှအပနှင့်
    ဝေငှကောင်းမှု၊ အစဉ်ပြု၏။
    ကဗျာလေး ကောင်းတယ်အမ........
    မှတ်သားစရာလေးတွေပါလို့  မှတ်သားသွားပါတယ်။

    ReplyDelete
  7. ကိုတိုးလေးJuly 18, 2009 at 11:48 AM

    ကဗျာကောင်းလေးတွေမှတ်သားသွားပါတယ်ဗျာ။
    ထီလာစစ်သူကဗျာလေးတွေ မျှဝေပေးတာကျေးဇူးပါပဲနော်။

    ReplyDelete
  8. မီးတောက်က မထပါဘူး ခင်ဗျာ ဟိ
    ကဗျာကောင်းလေးတစ်ပုဒ်ခံစားသွားပါတယ် ခင်ဗျာ

    ReplyDelete
  9. မိတ်ဆွေစစ်၊ ဆိုအဲလိုပဲ ဖြစ်နေရမှာ ဒါပေမဲ့ပေါ့ တိုက်ပါများရင် ကျောက်တိုင်တောင် လှုပ်လာသေးတာပဲ ဒီောတ့ ၂နှီး၂ဖက် အဆင်ပြေရင် ပိုကောင်းတာပေါ့။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။