ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ယုံမိတဲ့အမှား

ဝံပုလွေတစ်ကောင်ဟာ သိုးအုပ်နောက်က လိုက်နေတာပေါ့. . . ဒါပေမယ့် သိုးတွေကို အန္တာရယ် မပြုဘူးတဲ့ . .

ပထမတော့ သိုးထိန်းဟာ သူဟာသိုးတွေကို ရန်ပြုမယ့်ကောင်လားလို့ စိုးရိမ် သတိထားနေရတယ်. . .

ဝံပုလွေက သိုးတွေနောက်က အမြဲလိုက်နေတယ်. . သူတို့ကိုလည်း အန္တာရယ် နည်းနည်းမှ မပြုဘူး ဒါကြောင့် ကြာလာတော့ သိုးထိန်းက ၀ံပုလွေကို ယုံစားသွားတယ်. .

"ဒီဝံပုလွေဟာ သိုးတွေကို ကိုက်မစားဘူး . . . င့ါသိုးတွေကို သူ ကူညီထိန်းကျောင်းပေးနေတာပဲ. . . ."
ဒီလိုနဲ့သိုးထိန်းဟာ မြို့ကို သွားရမယ့် ကိစ္စတစ်ခု ပေါ်လာပါရော . . . . သိုးထိန်းဟာ ၀ံပုလွေကို သိုးတွေနဲ့ စိတ်ချလက်ချ အပ်ခဲ့တာပေါ့ . . .

ဝံပုလွေဟာ သူ့အခွင့်အရေးကို လက်လွတ်မခံပါဘူး . . . သူ့လက်ချက်ကြောင့် သိုးတွေအတော်များများ သေဆုံးကုန်တယ် . . . သူကစားပစ်တာကိုး . . . သိုးထိန်းပြန်ရောက်လာတဲ့အခါမှ သိုးတွေ ဆုံးရှူံးကုန်တာကို တွေ့ပြီး နောင်တရသွားရှာတယ်. . .

"သိုးအုပ်ကို ထိန်းကျောင်းဖို့ ၀ံပုလွေအပေါ် ယုံစားမိခဲ့တာ ငါ ကိုယ်ကျိုးနည်းပါရောလား. . . "တဲ့

(လူတွေလည်း ဒီလိုအဖြစ်မျိုး ကြုံရတတ်တယ်ကွယ့်. . ကိုယ့်ရဲ့ အဖိုးတန် ဥစ္စာတွေကို အလွဲသုံးစားပြုသူထံမှာ ပုံအပ်မိလို့ အလိမ်အညာခံပြီး ဆုံးရှူံးကြရတယ်. . . အကြံသမားဟာ ယုံကြည်အောင်လုပ်စမြဲပဲ)

အီစွတ်ပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

4 comments:

  1. ဟုတ်ပဗျာ အကြံ သမားက ယုံအောင်
    လုပ်သလို ယုံအောင်လဲ ပြောတတ်ကြ
    တယ် ... အဲလို လူမျိုးတွေ ကို
    သတိထားတာ သတိပိုတယ် မရှိပါဘူး...

    ReplyDelete
  2. ဘဝက တိုက်ပွဲတစ်ခု ဖြစ်လေတော့.. “သားကောင်နဲ့ မုဆိုး” အဖြစ်တွေလဲ ရှိနေဦးမှာပဲ။ ဒီပုံပြင်ထဲမှာတော့ ဝံပုလွေက မုဆိုးပေါ့။ ဒါပေမယ့် ဝံပုလွေ သားကောင် ဖြစ်ရမယ့် အချိန်လဲ ရှိလေဦးမယ်။ ကျနော်တို့တွေရော.. မုဆိုးအဖြစ်မှာ အပြစ်ကင်းနိုင်ဖို့.. သားကောင်ဘဝမှ ရုန်းထွက်နိုင်ဖို့. ဘယ်လို ကြိုးစားနေထိုင်သင့်တယ် ဆက်လက်တွေးတော မိပါတယ်။ လေးစားလျက်..။ အဆင်ပြေ ပါစေ။

    ReplyDelete
  3. မိတ်ဆ္ဂေဟန်ဆောင်တတ်သူသည် ရန်သူအစစ်ထက် သာလ္ဂန်၍ ကြောက်စရာ ကောင်းပါသည်....

    ReplyDelete
  4. ပုံပြင်လေး ဖတ်သွားပါတယ်...
    ဒီပုံပြင်လေးကို မှတ်သားသွားပါတယ်...မဖတ်ဖူးပါ...
    တစ်ခါမှ....ကျေးဇူးပါ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။