ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သဟဇာတ


လောကကြီးသည်ကား သူဖြစ်ချင်သည့်အတိုင်း ဖြစ်ပျက်နေပါသည်။ မိမိတို့ က ဤသို့ဖြစ်စေချင်၏ ။ သို့ရာတွင် သူက ထိုသို့ဖြစ်လာ၏ မိမိတို့က ဤနည်းဖြင့် ကောင်းမည်ထင်၏ သို့သော်သူက ဟိုနည်းအတိုင်း ပြောင်းလဲသွားတော့သည် ကျွန်ုပ်တို့၏ အလိုသို့မလိုက်သဖြင့် လောကသည် အစိုးမရ၊ အနတ္တ၊ မမြဲ၊ ဆင်းရဲ၊ မစိုးပိုင်။
သူဖြစ်ချင်သလို ဖြစ်ပါစေ၊ ငါလည်း နေချင်သလို နေတော့မည်ဆိုပါကလည်း အတွေးချော်ရာရောက်ပေမည်။ ထိုကဲ့သို့ လက်လွယ်စပယ်မလုပ်သင့်ပေ။ ဘ၀တစ်ခုသည် တန်ဖိုးရှိသည်။ သူဖြစ်ချင်သလို ဖြစ်နေခြင်းနှင့် ငါဖြစ်ချင်သလို ဖြစ်လာစေချင်းတို့တစ်ထပ်တည်းကျအောင် ကြိုးစား၍ ညှိနှိုင်းယူရပါမည်။

၁.Assimilation
-ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် မိမိကိုယ်ကို ပြုပြင်ခြင်း။

၂. Accommodation
-မိမိဆန္ဒနှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်လာအောင် အခြေအနေကို တစ်စတစ်စ ပြုပြင် သိမ်းသွင်းယူခြင်း။


လောကကြီးကို သာယာလှပအောင် ဖန်တီးတည်ဆောက်နိုင်သူဟူသမျှသည် အထက်ပါ နည်းလမ်းနှစ်ခုကို အခြေအနေ၊ အချိန်အခါ၊ ပယောဂ၊ ဥပဓိအစရှိသည်တို့နှင့် အဆင်ပြေအောင် ညှိနှိုင်းချင့်ချိန်တတ်သူများပင် ဖြစ်ကြပေတော့သည်။ အကျိုးမရှိသလောက် ခေါင်းမမာသင့် ။ ညှိနှိုင်းပြေလည်မှု မရအောင် အစွန်းမရောက်ပဲ အားလုံး မျှမျှတတ ချင့်ချိန်စဉ်းစားတတ်မှ အကျိုးရရှိပေလိမ့်မည်။

ချစ်နိုင် (စိတ်ပညာ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

4 comments:

  1. လောကကြီးနဲ့တော့ မသိဘူးဗျာ

    ဒါပေမယ့် လူအများနဲ့ သဟဇာတဖြစ်ဖို့ကတော့

    မိမိအလိုကို မလိုက်ပဲ သူတစ်ပါးအလိုကို လိုက်ပြီး

    နေနိုင်ရင်တော့ သဟဇာတ ဖြစ်မယ်လို့

    ကျွန်တော်ထင်တယ်ဗျာ..။

    ခင်မင်စွာဖြင့်

    .........စည်သူ။

    ReplyDelete
  2. ခြေ လှမ်းလေး ညီချင်ရင်တော.
    ကို. ခြေလှမ်းကို သူများညီအောင်
    လုပ်တာစောင်.နေတာထက် ကို. ကလုပ်လိုက်တာ
    ပို အဆင်ပြေ ပြီး စိတ်ချမ်း သာမယ် ထင်ပါတယ်

    ReplyDelete
  3. Accommodation
    -မိမိဆန္ဒနှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်လာအောင် အခြေအနေကို တစ်စတစ်စ ပြုပြင် သိမ်းသွင်းယူခြင်း။

    Assimilation နဲ့ Accommodation ၂ခုစလုံး လုပ်ဆောင်သင့်တာ ချည်ပါးပဲ။ ဒါပေမယ့် ပထမ အချက်ကတော့ သိပ်မလွယ်လှဘူး။ ပုထုဇဉ်တွေကိုး။ ဘာပဲဖြစ်ဖြစ် ဒုတိယ အချက်လောက်ကတော့ လူတိုင်း ကိုယ့်အတွက် ဆိုတဲ့ အတွေးနဲ့ လုပ်ဆောင်သင့်တယ်။ လုပ်ဆောင်ဖို့ ဖြစ်နိုင်တဲ့ အချက်လို့ ထင်မိလို့ပါ။

    ReplyDelete
  4. မှတ်သွားပါတယ်း)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။