လယ်သမားကြီးတစ်ယောက်က သူ့မြင်းကြီး နေမကောင်းလို့တိရစ္ဆာန်ဆရာဝန်နဲ့ သွားဆွေးနွေးပါတယ်။ တိရစ္ဆာန်ဆရာဝန် ကလည်း ဆေးမှုန့်လေးတွေပေးပြီး အကြံပြု ညွှန်ကြားပြောဆိုလိုက်တာပေါ့။
" ကဲ. . . ဒီဆေးမှုန့်လေးတွေယူသွား။ ပြီးတော့ ပိုက်တံလေးတစ်ခုထဲမှာထည့်။ ပိုက်တံရဲ့တစ်ဖက်စွန်းကို ခင်ဗျားမြင်းကြီးရဲ့ ပါးစပ်ထဲတပ်ထား။ ဒီနောက်မှ ခင်ဗျားက ကျန်တဲ့တစ်ဖက်စွန်းကနေ ပါးစပ်နဲ့မှုတ်ထဲ့လိုက်။ ဒါဆို ဒီဆေးမှုန့်လေးတွေ ခင်ဗျား မြင်းကြီးရဲ့လည်ချောင်းထဲရောက်သွားရောပေါ့။ ဟုတ်ပြီလား "
ဒီလိုနဲ့ဆေးညွှန်ကြားချက်ယူပြီး အိမ်ပြန်သွားတဲ့ လယ်သမားကြီးဟာ နှစ်နာရီလောက်ကြာ သွားတော့ တိရစ္ဆာန်ဆရာဝန် ဆီ ချောင်းတဟွတ်ဟွတ်၊ မျက်ရည်တရွှဲရွှဲနဲ့ ပြန်ရောက် လာပါလေရော။
" ဘယ်လိုဖြစ်တာလဲဗျာ။ ကျွန်တော်ပြောသလို ခင်ဗျားမြင်းကြီးပါးစပ်ထဲ ဆေးမှုန့်တွေ မှုတ်မထည့်ဘူးလား "
" ပြောချင်တော့ပါဘူးဆရာရယ်။ ဒီကောင်ကြီးက ကျွန်တော့်ပါးစပ်ထဲ အရင် ဦးအောင်မှုတ်ထည့်လိုက်တယ်ဗျာ "

ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ..
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
လယ်သမားကြီး နေကောင်း သွားပြီလား။ ဖတ်ရှု ရယ်မော သွားပါတယ် ခင်ဗျာ။ ဟာသကိုတော့ တကယ် နှစ်သက်မိ ပါတယ်..။
ReplyDeleteကြည့်ရတာ လယ်သမားကြီး နေကောင်းသွားပုံရတယ်
ReplyDeleteနောက်ဆုံး ဒီလိုဖြစ်မယ်ဆိုတာ ကြိုတွေးပြီးသားပါ။ ခုတော့ ခံပေအုန်းတော့ ကိုလယ်သမားကြီးရေ .. ..
ReplyDeleteဒီလိုဘဲဖြစ်ရမှာပေါ့..:) ရယ်သွားပါတယ်
ReplyDeleteလာမှုတ်..အဲ..လာဖတ်၊ရီသွားတယ်
ReplyDeleteဖြစ်ရမယ်.....
ReplyDelete