တစ်ခါတုံးက ၀ံပုလွေတစ်ကောင်ဟာ မိထားတဲ့ အမဲတစ်ကောင်ကို စားသောက်နေတုံးမှာ ရုတ်တရက်ဆို အသားထဲပါရှိတဲ့ အရိုးငယ်တစ်ခုဟာ လည်မျိုမျာ စူးရောတဲ့၊ အရိုးကိုသူမျိုချမရဘူးလေ။
မကြာမီသူ့လည်မျိုဟာ အလွန်နာကြင်လာသတဲ့။ သူဟာ ညည်းညူရင်း၊ ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ အနာသက်သာဖို့ရှာကြံသတဲ့ကွယ်၊ တွေ့တဲ့သူတိုင်းကို လည်မျိုက အရိုးနုတ်ပေးပါလို့ တောင်းပန်သတဲ့။
" အရိုးကိုနုတ်ပေးရင် ဘာမဆိုပေးပါ့မယ် " လို့လည်းပြောသတဲ့။
နောက်ဆုံးမှာ ဗျိုင်းကလုပ်ပေးမယ်လို့ သဘောတူလိုက်သတဲ့။ ဒါနဲ့ဗျိုင်းက ၀ံပုလွေကို နံဘေးစောင်း အိပ်စေလိုက်ပြီး ပါးစပ်ကို အတတ်နိုင်ဆုံး ကျယ်ကျယ်ဟပါလို့ပြောတယ်။ ဒါနဲ့ ၀ံပုလွေရဲ့ ခံတွင်းထဲ ဗျိုင်းရဲ့လည်တံရှည် ဦးခေါင်းသွင်းပြီး အရိုးကို နုတ်ယူ တဲ့အခါ နောက်ဆုံး အရိုးထုတ်လို့ရသွားသတဲ့။
ဒါနဲ့ ဗျိုင်းက " ခင်ဗျားကတိပေးတဲ့အတိုင်း ကျွန်တော်လိုချင်တာပေးမယ်မဟုတ်လား " လို့ပြောသတဲ့။
ဒီအခါမှာ ၀ံပုလွေက သွားကိုဖြဲပြရင်း ပြုံးလျက်ဆိုလိုက်သတဲ့။
" ခင်ဗျားရဲ့ ဦးခေါင်းကို ၀ံပုလွေတစ်ကောင်ရဲ့ ခံတွင်းထဲသွင်းပြီးတော့ အသက်မဆုံးရှူံးဘဲ နေရပြီပဲ၊ ဒါဟာခင်ဗျား အဖို့ ဆုအဖြစ် ကျေနပ်လိုက်ပါ " လို့ပြောလိုက်သတဲ့။

"လောဘကြီးသူသည် ကျေးဇူးတရားကိုမသိတတ်ပေ "
အားလုံးကိုချစ်ခင်လေးစားလျှက်...လင်းထွန်း (အီစွတ်စကားပုံများနှင့်ပုံပြင်များ )
ပန်းကဗျာ
တော်2 မုန်းဖို့ကောင်းတဲ့ ၀ံပလွေပဲ
ReplyDeleteအင်းလေ လောဘကြီးသူဆိုတော့ ကျေးဇူးတရား ဘယ်သိတက်ပါ့မလဲ ( ဒါက အပြင်လောကမှာလည်း ရှိတယ်နော် )
လက်တွေ့မှာလည်း ၀ံပုလွေလိုလူမျိုးတွေ အများကြီးရှိပါတယ်.. ကူညီမိတာကိုက ဗျိုင်းအမှားလို့ပြောရတော့မလိုတောင်ဖြစ်နေတယ်
ReplyDeleteပညာပေးလေးဖတ်သွားပါတယ်ဗျာ လောဘကြီးသူတိုင်းဖြစ်တတ်တယ်ဆိုတာလေးကိုပြောပေးသွားတဲ့အတွက်မှတ်သားသွားပါတယ်ဗျာ။
ReplyDeleteအင်း... အဲလို လူစားလောက ကြီးမှာ အများကြီး
ReplyDeleteပါပဲ။ ထိမိတဲ့ ပုံပြင်လေးပါပဲဗျာ။
ပညာပေးပုံပြင်လေးတွေ ဖတ်သွားပါတယ် ..ဘယ်အရာမဆို ကောင်းတာရှိသလို မကောင်းတာလည်း ရှိမယ်လို့ထင်ပါတယ်..အဆင်ပြေပါစေဗျာ
ReplyDeleteအီစွတ်ပုံပြင်လေးတွေကို ဘယ်အချိန်ပြန်ဖတ်ဖတ် မရိုးနိုင်ပါဘူး။ ငယ်ငယ်က မင်းယုဝေနဲ့ ငွေတာရီ ရေးတဲ့ အီစွတ်ပုံပြင်များ စာအုပ်ကို သိပ်သဘောကျခဲ့တာ။ ဆရာကြီး ပန်းချီဦးဘကြည်လက်ရာ သရုပ်ဖော်ပုံလေးတွေကလည်း အသက်ဝင်လွန်းတယ်။ ပြန်လွမ်းမိပါတယ်။
ReplyDelete