ရှိခိုးတတ်ကြရဲ့လား
ရှိခိုးခြင်းသည် ဗုဒ္ဒ္စ၀ါဒ ၌ ပထမဆုံးလိုက်နာ ရမည့် ပွဲဦးထွက် မင်္ဂလာ ယဉ်ကျေးမှုကြီးဖြစ်ပါသည်။
ရှိခိုးတတ်ကြရဲ့လားဟု ဆိုလျှင် အံ့အားသင့်စရာ ဖြစ်နိုင်၏။ သို့သော်လူအများသည် အနုပညာရှိခိုး၊ အလှခိုးမှုတွေကသာ များ ၍ ဌာန်ကရိုဏ်းကျကျ ရှိခိုးတတ်သူ ရှိခိုးနိုင်သူကား ရှားပေလိမ်မည်။
ရှိခိုးခြင်း ဟုသည် လက်နှစ်ဖက်ကို ကိုးရိုကားရား မရှိ၊ ညီညီညွတ်ညွတ် သွဲသွဲပျောင်းပျောင်းပြု၍ ဦးထိပ်အပြင်၌ တင်ထားခြင်းပင်ဖြစ်သည်။ ကြာဖူးကြာငုံများ ထင်ထားသကဲ့သို့ ရှိစေရမည်။
မတ်တပ်ရပ်၍ ရှိခိုးခြင်းကို ရဟန်းသံဃာများနှင့် အကျဉ်းအကျပ် လမ်း၌ တွေ့သောအခါမျိုးတွင်သာ ပြုလုပ်သင့်သည်။ ထိုအခါ၌လည်း ကိုယ်ကို အနည်းငယ်ကိုင်းညွတ်လျက် လက်အုပ်ကို ငယ်ထိပ်အထိ တင်ချီ၍ ရှိခိုး ရမည်။ ထိုင်၍ရှိခိုးသာ လျှင် ရှိခိုးရမည်။ စိတ်ထဲက ကျေးဇူးတော် ဂုတ်တော်ကို နှလုံးသွင်းနေရမည်။
တည်ခြင်း (ထိခြင်း) ငါးပါး
ထိုင်၍ ရှိခိုးသောအခါ ပုဆိန်ပေါက် ရှိခိုးခြင်း မဖြစ်စေရ။ ရိုသေစွာ ထိုင်၍ မြေကြီး၊ သို့မဟုတ် ကြမ်းပြင် ၍တည်ခြင်း (ထိခြင်း) ငါးပါးဖြင့် ထိစေရမည်။
ထိခြင်းငါးပါး မှာ မြေကြီး၊ ကြမ်းပြင်ပေါ်၌.....
(၁) ခြေ၊ (၂) လက်၊ (၃) နဖူး (၄) တတောင်၊ (၅) ဒူး ၊ ငါးမျိုးစလုံးထိစေရမည်။
ယင်းသို့ ထိခြင်းငါးပါးဖြင့် ရှိခိုးသည်ကို ပဉ္စပတိဌိတ ၀န္ဒနာ- ထိခြင်း ငါးပါးဖြင့် ရှိခိုးခြင်း ဟု ဆိုရသည်။
ရဟန်းသံဃာတော်များ အပါးမှ ထပြန်မည်ရှိသောအခါတွင်လည်း လက်အုပ်ချီလျက် ကိုယ်ကို ယိုယိုထား နောက်ဆုတ်ပြန် ၍ ငါးပေးခန့်လောက်မှ မိမိလိုရာသို့ လှည့်၍ သွားရမည်။ နေရာမှ ထလျှင်ချက်ခြင်း ကျေားပေးပြီး မပြန်ရပါ။
အမျိုးသမီးများက ရဟန်းတော်များကို ရှိခိုးသောအခါ ခြေဖမိုး ကိုထိကိုင်၍ ရှိ မခိုးကောင်း၊ ဆံပင်များကို လည်း ဖြန့်ခင်း၍ ရှိမခိုးကောင်းချေ။
ထိုသို့တင်ပြရခြင်းမှာ စာရေးသူ လွန်ခဲ့သော ၄လ ခန့်က ခါးနာခြင်းဝေဒနာကို ခံစားနေရချိန်... မိတ်ဆွေတစ်ဦး နှင့် ဆရာ တစ်ဦးထံ လိုက်ပါ စကားပြော ပြီးသည်နောက်...အပြန်တွင် ထိုဆရာအား ရှိခိုးကန်တော့ခြင်း ကို ပြုပါတယ်။ စာရေးသူအနေဖြင့် ထိခြင်းငါးပါး၊ ဖြင့်ငယ်စဉ်ကတည်းက ရှိခိုးရန် စားရေး သူ အဖိုးမှ အမြဲသွန်သင် ဆုံးမ တဲ့ အတွက်...သိရှိပါတယ်...သို့သော် ခါးနာဝေဒနာကြောင့် ထိခြင်းငါးပါး မပြည့်စုံခဲ့ပါဘူး။ အဲဒီမှာပဲ ဆရာ ဖြစ်သူက ဆုပေးရင်းဆုံးမ စကားပြောကြား၍ ထိခြင်းငါးပါး နှင့် မိရိုးဖလာ ဗုဒ္ဒ္စဘာသာအကြောင်း ဟောပြောဆုံးမခြင်းကို ခံခဲ့ရပါတယ်။ စာရေးသူ အနေနဲ့ အပြန်တွင်ဆရာပြောကြားခဲ့သော စကား တစ်ခုအား အခု အချိန်ထိ မမေ့နိုင်သေးပါ။ မိဘ များ ဗုဒ္ဒ္စဘာသာ ကို ကိုးကွယ်၍ ဆက်လက်ကိုးကိုယ်ရခြင်းလား၊ ဗုဒ္ဒဘာသာ ၏ အခြေခံ ကျင့်ဝတ်များကို သေချာစွာ သိသင့်သည်လေ့လာသင့်သည်။ကျင့်သုံးလိုက်နာသင့်သည် ဆိုသော စကားပင်ဖြစ်ပါသည်။ စာရေးသူ အသိတရားများ ထပ်မံရရှိခဲ့ပါတယ်။ စာရေးသူလိုဘဲ အားလုံး အခြေခံ ကျင့်ဝတ်လေးများကို သိရှိ စေရန်၊ အမှုမဲ့ အမှတ်မဲ့ အဖြစ်စေရန် ရည်ရွယ်ပါသည်။
အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ16

အမပြောမှပဲ ကိုယ့်ဟာကို ပြန်စမ်းစစ်မိတော့
ReplyDeleteတယ်ဗျာ ကျနော်ဘုရားမရှိခိုးတာ အတော်ကြ
ပြီဗျ မေ့တောင်မေ့နေပြီ ဟီး
ကျနော့်စိတ်ထဲမှာတော့ သတိရတိုင်းခိုးပါတယ်
နော် ကိုယ်ထိလက်ရောက်သာ မလုပ်ဖြစ်တာ
ပါ။အခုတော့ ပြန်မှတ်မိပါပြီဗျာ ဟိ
This comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteအခုလည်းဘုရားတော့ရှိခိုးပါတယ်။ သိတဲ့အတိုင်းပဲလေ ထိခြင်းငါးပါးနဲ့ရှိခိုးတာမျိုးမဟုတ်တော့ဘူးလေ။ ဘုရားရှိခိုးရင်တော့ ပုဆိန် ပေါက်နေတဲ့အတိုင်းပဲ။ နောက်ကကျားလိုက်လာလို့လေ ရှိခိုးပြီးတော့ အိပ်တော့တာပဲဗျာ။ အခုလိုမျှဝေပေးတာကျေးဇူးပါပဲဗျာ။ လာဖတ်သွားတယ်နော်။
ReplyDeleteသိသင့်သိထိုက်တဲ့ ပို့စ်လေးပါ ကျေးဇူးပါဘဲ
ReplyDeleteပျော်ရွှင်ပါစေနော်..
သိပြီးသားဆိုပေမယ့် မေ့မေ့လျော့လျော့
ReplyDeleteဖြစ်တတ်တဲ့ သဘောမို့ အခုလို မျှဝေပေးတာ
သတိတရ အကျိုးရှိစေတဲ့ အတွက် ကျေးဇူးပါခင်ဗျာ..
ကျေးဇူးပါ။ နောက်လည်းမျှဝေပေးပါဦးဗျာ။
ReplyDeleteThis comment has been removed by the author.
ReplyDeleteခုလိုဝေမျှပေးတာကျေးဇူးပါဗျာ...
ReplyDeleteမောင်သီဟညိမ်း၏ ဝေဖန်ချက်အားဖြေရှင်းခြင်း။
ReplyDeleteစာရေးသူ (၃)မှန်ပေမဲ့ စာရေးသားသူ မေ၁၆ ၏တာဝန်သာ ဖြစ်ပါတယ်။ ကျမတို့သည် ဖတ်ပြီးမှတ်ပြီး ဗဟုသတများကို သာ ပြန်လည် ဝေမျှလိုခြင်းဖြစ်ပါသည်။ ဘလော့ကာများတွင် အတတ်ပညာရှင်မျိုးစုံပါဝင်တဲ့ အတွက် ပိုစ့်တစ်ခု တင်ဖို့ ဖြစ်မြောက်ဖို့အတွက်.. အလွန်တာဝန်ကြီးမှန်းသိပါတယ်။ ကျမ ၏ အိုင်ဒီယာဖြင့်ရေးသားခြင်း မဟုတ်ပါ။ ဓမ္မာစရိယ ဦးဌေးလှိုင် ၏ ရတနာသုံးပါးကျေးဇူး စာအုပ်မှ ဖော်ပြခြင်းဖြစ်ပါသည်။ ကျမဖော်ပြသူအနေနှင့် ညံ့ကောင်းညံ့ပါလိမ့်မည်။ စာရေးသူ ဓမ္မာစရိယ ဦးဌေးလှိုင် အနေနှင့် တော့ မမှန်ကန်သော၊ အထောက်အထား မပြည့်စုံသော၊စာပေများကို ထုတ်ဝေပေးမည်မဟုတ်ပါ။ ဒီထက်ခိုင်လုံသော အထောက်အထားများဖြင့် သိလိုလျှင်တော့ ကျမ မဖော်ပြတတ်ပါ။ အလွန်ညံ့သည်ဟု ပြောလို့ရပါသည်။
အခုလို ပြုသဘော ဖြစ်ဖြစ်၊ အပြစ်သဘောဖြစ်ဖြစ် ဝေဖန်ပေးသည်ကို ကျေးဇူးတင်ပါသည်။
ကျမ ဘက်မှ ချို့ယွင်းချက် တစ်ခုက တော့ ဓမ္မစရိယ ဦးဌေးလှိုင် ရေးသားသော ရတနာသုံးပါးကျေးဇူး စာအုပ်မှ ကူးယူဖော်ပြပါသည်လို့ မရေးမိခြင်း ပါ။ အချို့စာပေများသည် ကျမ ၏ နှစ်ပေါင်းများစွာက ကူးယူမှတ်သားထားသော မှတ်စု များပါဝင်ပါသည်။ ထိုမှတ်စုမှ စာများ ဆိုလျှင် မောင်သီဟညိမ်း လိုမျိုး ဝေဖန်အကြံပြုခဲ့လျှင် ကျမ အထောက်အထားပြရန် မရှိပါဘူး..အဲဒီအတွက် ဘလော့မှာ ပိုစ့်တစ်ခု အနေနဲ့ တင်ဖို့ တော်တော်ခက်သွားပါပြီ...။
ReplyDeleteအတွေ့အကြုံလေး တစ်ခု ပေးလို့ ကျေးဇူးတင်ပါတယ်။
This comment has been removed by the author.
ReplyDeleteဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်တဲ့ ပို့စ်ကောင်းလေးပါ။
ReplyDeleteအခြေခံဗုဒ္ဓဘာသာကို သိနားလည်တာထက်
မိရိုးဖလာ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ အရေအတွက်ကများတာကြောင့် ဒီထက်ကောင်းမွန်တဲ့ စာတွေ ထပ်မံ ဖြန့်ဝေ နိုင်ဖို့ မျှော်လင့်ပါတယ်။
http://winzaw-mdy.blogspot.com