ကြွားတယ်ဆိုကတည်း က ရှိတာထက် ပိုပြီးပြတတ်တဲ့သဘောဖြစ်ပါတယ် . . ကြွားတတ်တဲ့သူဟာ ကြွားနိုင်တဲ့ အခါမှာရော မကြွားနိုင်တဲ့ အခါမှာရော လူအထင်သေးတာကို ခံရတတ်ပါတယ်. . အကူအညီပေးချင်သူ နည်းပါးတတ်ပါတယ်. . .
အဘက်ဘက် က သိုသိပ် ကျစ်လစ်စွာနေတတ်တဲ့သူက ဣနြေ္ဒရပါတယ်. . . သူ့ကို ကပ်ပါးရပ်ပါး ညာဝါး စားသောက်သူများ က မချဉ်းကပ်ကြပါဘူး . . . သူ့အနေအစားက သိုသိပ်ပေမယ့် ပညာရှိသူများ လူဖြောင့် လူမှန်များက သူ့ရဲ့ ကိုယ်ရည် ကိုယ်သွေးကို မှန်ကန်စွာ အကဲခတ်တတ်တဲ့အတွက် လေးစားတတ်ကြပါတယ်. . သိုသိပ်တဲ့သူဟာ လိုအပ်ရင် လက်မနှေးတတ်တဲ့အတွက် နိမ့်ပါးသူများကလည်း လေးစားကြပါတယ်. . .
ငါးရာ့ငါးဆယ် ဇာတ်တော်ထဲမှာ ဖတ်ခဲ့ရဘူးတဲ့ ဒေါင်းပုံပြင်ဟာ ကြွားဝါတတ်တဲ့ သူများကို ကိုယ်စားပြုပါတယ်. . လှပတဲ့ ဒေါင်းဖိုကို ဒေါင်းမင်းသမီးလေး က ကြင်ဖက်အဖြစ်ရွေးချယ် လိုက်တဲ့အခါမှာ ဒေါင်းဖိုက ၀မ်းသာလွန်းလို့ အတောင် ပံလှလှတွေကို ဖြန့်ကာ ဖြန့်ကာနဲ့ အိုးဝေ အိုးဝေ လို့ မြည်ကြွေး ကာ ကခုန်လိုက်ပါတယ်. .
ဒေါင်းတွေ ကရင် အရှက်ကို မဖုံးနိုင်တော့ဘူးလေ. . သူ့နောက်ပိုင်းကို ဖုံးထားတဲ့ အမြီးကို မ ပြီး ကရတာမလား ဒီတော့ ဒေါင်းမလေးရဲ့ ဖခင် က အရှက်မဲ့ရကောင်းမလားလို့ ဆိုပြီး သူ့သမီးနဲ့ပေးစားမယ့် ကိစ္စကို ပယ်ဖျက်လိုက်သတဲ့. . . . ဒေါင်းဖိုဟာ ၀မ်းသာတာကို သိုသိုသိပ်သိပ်နဲ့ ၀မ်းသာရင် အဲသည်လိုဖြစ်မှာ မဟုတ်ပါဘူး . . .
လူပြိန်းတွေဟာ သိုသိပ်ရင် လူအထင်သေးမှာ ကြောက်တတ်ကြပါတယ်. . တကယ်တမ်းကိုယ်ခံအား ရှိတဲ့သူက သူများ အထင်သေးမှာကို မကြောက်တတ်ပါဘူး . . . မလိုလားအပ်ဘဲ အထင်ကြီးမှာကိုတောင် ကြောက်တတ်ပါသေးတယ်. . . အဲသည်လို မရောင်ရာ ဆီလူးပြီး လူအထင်သေးမှာ ကြောက်တတ်တဲ့ သူများဟာ သူတစ်ပါးကို အထင်သေး နှိမ့်ချတတ်ပါတယ်. . . တကယ်တော့ သိုသိပ်တတ်တဲ့ သူအများမှာ သူတို့ မမြင်တတ်တဲ့ အရည်အချင်းတွေ နဲ့ ပြည့်နေတာကို သူတို့ မမြင်တတ်လို့ပါ. . .
လူအထင်ကြီးအောင် ကြိုးစားစရာ မလိုပါဘူး. . . မိမိမှာ လိုအပ်တဲ့ အားငါးတန်နဲ့ ပြည့်စုံအောင် မိမိတို့ဘာသာ အားထုတ် ကြိုးပမ်းရမှာ ဖြစ်ပါတယ်. . လူအထင်ကြီးအောင် လုပ်ရင်း ကိုယ်ခံအား လျော့ပါးတဲ့ ဒဏ်ကို ခံရမယ့် အစား အရေးကြုံလာရင် သက်လုံကောင်းအောင်သာ ကြိုးစားဖို့ လိုပါတယ်. .
လူညံ့များ အထင်သေးတာဟာ အန္တရာယ်ကင်းပါတယ်. . လူတော် လူကောင်းများ အထင်သေးတာမခံချင်ရင် သိုသိပ်စွာနေခြင်း ဟာ အကောင်းဆုံးဖြစ်ပါတယ်. .
ဒေါက်တာမတင်ဝင်း (ကိုယ်ပဲလူကြီး ကိုယ်ပဲ ကလေး)
အားလုံးကိုချစ်ခင်လေးစားလျှက်...
အလိမ္မာ စာမှာရှိ ဆိုတဲ့ စကားလေးက သိပ်မှန်တယ်နော် မမ ...။ သိုသိပ်စွာ နေထိုင်ခြင်းဟာ အန္တရယ် ကင်းစေတာပဲ။
ReplyDeleteခင်မင်လေးစားလျှက်
မှတ်သားစရာ ဆောင်းပါလေးပါဗျာ...
ReplyDeleteရောက်ခဲ့ပါတယ် မ.. မှတ်သား ဆင်ခြင်စရာ ပို့စ်တစ်ခုပါပဲ
ReplyDeleteအခုတလော မအားလို့ ဘလော့ဆီမရောက်ဖြစ်တာပါ အီးမေးလ်ကနေတော့ အမြဲ ဖတ်နေတယ်
ပျော်ရွှင်နိုင်ပါစေ
ဆရာမမတင်ဝင်း စာတွေကတော့ ကောင်းတယ်ဗျာ . . .
ReplyDeleteကြွားဝါသူနဲ့  သိုသပ်သူ ကိုနှိုင်းယှဉ်ရေးသားပြသွားတာ
တကယ်ကို ဗဟုသုတရ စရာပါဘဲ . . .
ဒေါက်တာမတင်ဝင်းရဲ့ စာမှန်သမျှ အကုန်ဖတ်ဖြစ်တယ်။ ပညာပေးတွေ သိပ်ကောင်းတယ်၊ အတုယူစရာပါ။ ဖော်ပြပေးလို့ ကျေးဇူးပါ။
ReplyDeleteဂန္ဒာရီစည်းမျဉ်းထဲက To Be Silent ဆိုတဲ့အချက်ကို ပြန်သတိရမိစေပါတယ်။ သိုသိပ်လေ၊ မသိမခံလေ..ကောင်းလေပေါ့။
ReplyDeleteမြန်မာ ကစာအုပ်တွေ ၀ယ်မဖတ်နိုင်တာနဲ့ .. ဒီမှာလာလာဖတ်ရတယ်..အဟဲ..။
ReplyDeleteမှတ်သားထားပါ၊
ဒါနဲ့ စကားမစပ်.. အွန်လိုင်းမ၀င်တာကြာလို့ မသိဘူး.. ။ ပထမ လင်ခ့်က ဘယ်ရောက်သွားတာလည်း..။ CO.CC က ပျက်သွားတာလား..။
ပထမလင့်ခ် အတိုင်းလိုက် ၀င်နေတာမရဘူးဖြစ်ဖြစ်နေတာ..။ ခုမှကံကောင်းလို့ ဝင်လာရတယ်..။
ဂျောင်ကွယ်က
မောင်ငရ်
မိမိမှာ လိုအပ်တဲ့ အားငါးတန်နဲ့ ပြည့်စုံအောင် မိမိတို့ဘာသာ အားထုတ် ကြိုးပမ်းရမှာ ဖြစ်ပါတယ်...
ReplyDeleteအဲဒီအထဲက အားငါးတန်ဆိုတာဘာလဲ မသိဘူး။
ဗိုလ်ငါးပါးကို ပြောတာလား။
ဆောင်းပါးလေးက ထိမိပါတယ်။
သယ်ရင်း ကိုကိုမောင်ရေ. .
ReplyDeleteဗလငါးတန်(စိတ္တ၊သုခ၊ကာယ၊ဗလ၊ဘောဂ) တဖြစ်လဲ အားငါးပါး ဆိုသည်မှာ ကာယအား၊ ဉာဏ အား၊ စာရိတ္တအား၊ စစ်မှန်သော မိတ်စစ် ဆွေစစ် များဧ။် တိုင်ပင် ဆွေးနွေး ပံ့ပိုး အကြံပြု မှုအား၊ အမှားအမှန် ကို ခွဲခြား ဝေဖန် ပိုင်းဖြတ် နိုင်မှု အသိဉာဏ်နှင့် အမှန်ကို ရဲရဲဝံ့ဝံ့ လက်ခံ နိုင်လောက်သော၊ အမှား ကိုလည်း ရဲရဲဝံ့ဝံ့ ၀န်ခံကာ အမှန်ကို ပြန်ရောက် ပြုပြင် နိုင်လောက်သော စိတ်ဓာတ် ခွန်အား များကို ဆိုလို ခြင်းဖြစ်ပါတယ်ရှင်. .
ကျေးဇူးတင်ပါတယ်..
ဖတ်မှတ်သွားပါတယ် အမရေ....
ReplyDeleteစာကောင်းကောင်းဝေငှတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်....း)