ရုပ်လှပြီး စိတ်မလှသူ.
စိတ်လှပြီး ရုပ်မလှသူ
စိတ်နှင့်ရုပ် နှစ်မျိုးစလုံးလှသူဟူ၍ (၃) မျိုးရှိ၏
"လောကီပုဂ္ဂိုလ်၊ လူဟုဆိုက၊ ရုပ်ကိုမကြည့်၊ စိတ်ကိုကြည့်လော့ "
ဟူသော လင်္ကာ ပိုဒ်ကလေးကို မှတ်သား သတိထားသင့်ပါသည်.
ရုပ်ကြည်၍ စိတ်ကြည်သည်မဟုတ်
စိတ်ကြည်မှသာ ရုပ်ကြည်၏
စိတ်ကြည်မှသာ ရုပ်ကြည်၏
လူတစ်ဦးတစ်ယောက်ကို ပေါင်းသင်းမည်ဟုဆိုလျှင် ရုပ်လှပမှုနှင့် အဆောင်အယောင်ကို မကြည့်နှင့်. . . ထိုအချက်ကို အဓိက ဂရုမစိုက်ထားဘဲ ထိုသူ၏ အဇ္ဈတ္တအတွင်းသဘောကို စောကြောစစ်ဆေးရန်လိုသည်.
စိတ်သဘော ဖြောင့်စင်းသူသည် ဒုက္ခမပေးတတ်. . . အသက်ထက်ဆုံး ခင်မင်စွာ ပေါင်းသင်း၍ ကောင်း၏. . . အပြင်ရူပကာယနှင့် အတွင်းနမကာယ နှစ်ခုစလုံးကောင်းသူနှင့် ပေါင်းရခြင်းကား အတိုင်းထက်အလွန်ပင် ကောင်းလှသည်. . .
သကြားရေ ဖုံးထားသော ဆေးပြားများပမာ အပြင်ချိုဟန်ရှိပြီး အတွင်းခါးလျှင် စိတ်ထား စက်ဆုပ်ဖွယ်ရာ ကောင်းလှသည်. .
တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ဟူသည်. လူ့ဘ၀၌ ရှိသင့်သည်ဖြစ်ရာ စိတ်နှလုံးလှပသူနှင့် တွေ့ဖို့ အရေးကြီးလှပါ၏. . . ပေါင်းသင့်ပေါင်းထိုက်သည်ဟု ယူဆသော မိတ်ဆွေ သူငယ်ချင်းများနှင့်လည်း ပေါင်းရပါမည်. . .
ဘယ်ကိစ္စကို ဘယ်သူနှင့် ပူးတွဲဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်နှင့် ပေါင်းသင်းသောအခါ. . စိတ်နှလုံးလှသူနှင့် တွေ့က အောင်မြင်ဖို့ တစ်ဝက်သေချာနေပြီဖြစ်၏. . .
ထို့ကြောင့် လည်း စိတ်နှလုံးလှပသူကို ရှာဖွေပြီး ပေါင်းသင်းကြရမည်ဖြစ်သည်. . . စိတ်နှလုံး လှ မလှ မှာ မိတ်ဆွေ၏ လုပ်ရပ်များအပေါ် အကဲဖြတ်ရမည်ဖြစ်၏. . .
စိတ်နှလုံးလှပသူနှင့်တွေ့၍ တိုးတက်သွားရသူများရှိသလို၊ စိတ်ယုတ်၊ နှလုံးယုတ်နှင့်တွေ့၍ စည်းစိမ်ပျက်၊ ဘ၀ပျက်သူများကိုလည်း တွေ့ဖူးကြမည်ဖြစ်သည်. . .

မိမိကိုယ်တိုင်လည်း ရုပ်အလှထက် စိတ်အလှကို ဖော်ကြူးနိုင်ပါစေလို့ . . .
သုတေသီဘုန်းမြင့်သွေး
အားလုံးကိုချစ်ခင်လေးစားလျှက်...
မှန်လိုက်တာ မမရယ် .... ရုပ်အလှထက် စိတ်အလှက ပိုအရေးကြီးပါတယ်။ အဆင်းသာရှိပြီး အချင်းမရှိသူနဲ့
ReplyDeleteအချင်းရှိပြီး အဆင်းမရှိသူဆိုရင်
အချင်းရှိသူကိုသာ ပေါင်းသင်းအပ်၏လို့ ငယ်ငယ်က မြန်မာဖတ်စာမှ သင်ခဲ့ရဘူးတယ်။ ကြီးအာသီးလို လူမျိုးကို ရှောင်ရှားနိုင်ကြပါစေ။
ခင်မင်လေးစားလျှက်
လာရောက် ဖတ်မှတ်သွားပါကြောင်း
ReplyDeleteအမရေလာပြီးတော့ဖတ်မှတ်သွားပါတယ်ခင်ဗျာ။ မှတ်သားစရာလေးတွေပါပဲခင်ဗျာ။
ReplyDelete