" ခွင့်လွှတ်ပါ "
အပြစ်ရှိက ၊ ခွင့်လွှတ်ပါ့ ဟု
ဖွင့်ဟ၀န်ခံ၊ ငါတောင်းပန်သည်
တစ်ရံခါက ၊ ကြုံခဲ့ကြသည့်
ဘ၀အဖော်၊ မိတ်ဆွေတို့။
အမှားရှိက၊ ကျေအေးပါ့ဟု
နှိမ့်ချအမှန်၊ ငါတောင်းပန်သည်
တစ်ရံခါက၊ ဆုံခဲ့သည့်
ဘ၀အဖော်၊ မိတ်ဆွေတို့။
ငါပြောလျှင် ဟုတ်၊
ငါလုပ်လျှင် မှန်၊
ငါကြံလျှင် မြတ်၊ ငါသာတတ်၍
ငါဖြတ်လေမှ ၊ ပြတ်လေစွဟု
ငါ့တစ်ကိုယ်လုံး၊ ငါတွေဖုံးကာ
ငါလုံး လှိုင်းထန်ခဲ့သည် အမှန်။
ငါလိုလျှင် ရ၊ ငါတ လျှင် ပိုင်
ငါပြိုင်လေက ၊ နိုင်လေစွဟု
ဘ၀ခရီး ၊ငါနှင့် ပြီးကာ
ငါမီး တောက်လျှံခဲ့သည်အမှန်။
အို. . . မိတ်ဆွေတို့၊
ငါ့ဘို့ငါ့ဘို့၊ တစ်ဖို့ဖို့နှင့်
ဘို့ကြီး ကြီးကာ၊ ပိ၍လာမှ
ခုခါသုံးသပ်၊ ငါမြင်တတ်ပြီ
အနတ္တ အစဉ်၊ အတ္တထင်ခဲ့
ကြင်နှင့် ကြဉ်အား ၊ အလိုက်မှားခဲ့
တရားလက်လွှတ်၊ ငှက်တောင်ကျွတ်နှယ်
မိုးလွတ်ရာကို
မခိုသာသေး ၊ အေးရိပ်ဝေးကာ
တုံ့နှေးနွှဲဖင့်၊ လွဲသဖြင့်လျှင်
ခွင့်လွှတ်ကြပါ မိတ်ဆွေတို့။
ဆုံရပ်ရောက်ချိန် နီးပြီမို့
ပြန်တွေးဆင်ခြင်ကြပါစို့။ ။
အပြစ်ရှိက ၊ ခွင့်လွှတ်ပါ့ ဟု
ဖွင့်ဟ၀န်ခံ၊ ငါတောင်းပန်သည်
တစ်ရံခါက ၊ ကြုံခဲ့ကြသည့်
ဘ၀အဖော်၊ မိတ်ဆွေတို့။
အမှားရှိက၊ ကျေအေးပါ့ဟု
နှိမ့်ချအမှန်၊ ငါတောင်းပန်သည်
တစ်ရံခါက၊ ဆုံခဲ့သည့်
ဘ၀အဖော်၊ မိတ်ဆွေတို့။
ငါပြောလျှင် ဟုတ်၊
ငါလုပ်လျှင် မှန်၊
ငါကြံလျှင် မြတ်၊ ငါသာတတ်၍
ငါဖြတ်လေမှ ၊ ပြတ်လေစွဟု
ငါ့တစ်ကိုယ်လုံး၊ ငါတွေဖုံးကာ
ငါလုံး လှိုင်းထန်ခဲ့သည် အမှန်။
ငါလိုလျှင် ရ၊ ငါတ လျှင် ပိုင်
ငါပြိုင်လေက ၊ နိုင်လေစွဟု
ဘ၀ခရီး ၊ငါနှင့် ပြီးကာ
ငါမီး တောက်လျှံခဲ့သည်အမှန်။
အို. . . မိတ်ဆွေတို့၊
ငါ့ဘို့ငါ့ဘို့၊ တစ်ဖို့ဖို့နှင့်
ဘို့ကြီး ကြီးကာ၊ ပိ၍လာမှ
ခုခါသုံးသပ်၊ ငါမြင်တတ်ပြီ
အနတ္တ အစဉ်၊ အတ္တထင်ခဲ့
ကြင်နှင့် ကြဉ်အား ၊ အလိုက်မှားခဲ့
တရားလက်လွှတ်၊ ငှက်တောင်ကျွတ်နှယ်
မိုးလွတ်ရာကို
မခိုသာသေး ၊ အေးရိပ်ဝေးကာ
တုံ့နှေးနွှဲဖင့်၊ လွဲသဖြင့်လျှင်
ခွင့်လွှတ်ကြပါ မိတ်ဆွေတို့။
ဆုံရပ်ရောက်ချိန် နီးပြီမို့
ပြန်တွေးဆင်ခြင်ကြပါစို့။ ။
(မြင်းမူမောင်နိုင်မိုး)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ကောင်းလိုက်တာ ကောင်းလိုက်တဲ့ ကဗျာလေးဗျာ ငါနှင့်ငါသာ နှိုင်းစရာ ဆိုတဲ့စကားကို ဆုံးမထားတဲ့ပုံလေ ...ခွင့်လွှတ်ဖို့ တောင်း ပန်ပုံလေး က ပညာရှိပါဘိဗျာ..... ဆင်ခြင်စရာကောင်း လှပါတယ် ...
ReplyDeleteမျှဝေတဲ့အတွက်ကျေးဇူးပါ :)
အရမ်းကောင်းပြီး သင်ခန်းစာတွေပေးတဲ့ ကဗျာလေးတစ်ပုဒ်ပါဘဲ။
ReplyDeleteသယ်ရင်းက ရှာဖွေတတ်သားဘဲ။ ဒါကြောင့်မို့လဲ ဧရာဝတီစာကြည့်တိုက်ဆိုပြီး နာမည်ကြီးနေတာ ဖြစ်မယ်။
ကဗျာလေးက ကောင်းလိုက်တာ ...
ReplyDeleteကဗျာကောင်းလေး လာဖတ်တယ်...
ReplyDeleteမှတ်သားသွားပါတယ်။
ကဗျာကောင်းလေး လာဖတ်တယ်...
ReplyDeleteမှတ်သားသွားပါတယ်။
အပြစ်ရှိက ခွင့်လွှတ်ပါဆိုလို့
ReplyDeleteဒီလိုတောင်းပန်မှတော့ ခွင့်လွှတ်ရမှာပေါ့ဆိုပြီး လာလိုက်တာ။ :D
အတ္တကြီးတာမကောင်းဘူးနော်
အသိလေးတွေ မျှဝေတာ ကျေးဇူးတင်ပါတယ်