သမင်ထီးတစ်ကောင်ဟာ ရေဆာလို့စမ်းချောင်းကလေး တစ်ခုဆီလာခဲ့တယ်. . . ရေသောက်ပြီးတဲ့အခါ သူ့အရိပ်ကို ရေပြင်မှာ သတိပြုမိတယ်.
ရှည်ပြီး ထူးခြားစွာလှပနေတဲ့ သူ့ ဦးချိုတွေကြောင့် ဂုဏ်ယူနေမိတယ်.. . ဒါပေမယ့် သေးသွယ်ပြီး မလှပတဲ့ သူ့ခြေထောက်တွေကြောင့် အလွန်စိတ်ပျက်သွားလေရဲ့. . .
အဲသလိုဖြစ်နေဆဲမှာ ခြင်္သေ့တစ်ကောင်ဟာ ဘွားခနဲပေါ်လာပြီး သူ့ကို လိုက်တာပေါ့. . . . . သမင်ဟာ သူ့ရဲ့မလှပဘူးလို့ ထင်နေတဲ့ သူ့ခြေထောက်တွေနဲ့ အမြန်ဆုံးထွက်ပြေးနိုင်ခဲ့ပါတယ်. .
ဒါပေမယ့် သမင်ဟာ ကွင်းပြင်ထဲမှာ အန္တာရယ်ကလွတ်အောင် ပြေးနိုင်ပေမယ့် တောထဲရောက်တဲ့အခါ သူ့ဦးချိုဟာ သစ်ကိုင်းနဲ့ငြိသွားတယ် . . . သူ ဆက်မပြေးနိုင်တော့ဘူး . . ဒီလိုနဲ့ ခြင်္သေ့ဟာ သူ့ကို မိသွားပါလေရော. . .
သူမသေခင်လေးမှာ သူနောင်တရသွားတာက . . .
" အင်း ငါ့ခြေထောက်ကို စိတ်ပျက်ခဲ့မိတယ်. . . . သူအသုံးဝင်မှန်းခုမှငါသိတယ်. . . ငါအထင်ကြီးခဲ့တဲ့ ဦးချိုကြောင့် ငါဟာ ခြင်္သေ့စာဖြစ်ရတာပါလား . . . " လို့နောင်တတွေရသွားခဲ့ပါတယ်.. .
(မိတ်ဆွေတွေထဲမှာ ဘယ်သူဟာ မှန်ကန်သစ္စာရှိမယ်. . . ဘယ်သူဟာ စိတ်မချသင့်ဘူးဆိုတာ လက်တွေ့ကျတော့ သိရတာပဲ. . . အလှအပထက် အသုံးကျမှုကို တန်ဖိုးထားတတ်ရမယ်. .)

အီစွတ်ပုံပြင်
အားလုံးကိုချစ်ခင်လေးစားလျှက်...
ဟုတ်တယ်အမရေ တခါလေ လူတွေဟာလည်း
ReplyDeleteအလိုဘဲ မယောင်ရာဆေးလူးတတ်ကြတယ်...
ဒီပုံပြင်လေးကတော. နမူနာယူစရာလေးပေါ.
အင်း ငယ်တုန်းက ဖတ်ဖူးတယ်။ ခုမှ သေချာပြန်စဉ်းစားမိတယ် ကျေးဇူးအမရေ တခါတလေတော့ မှားနေမိဆဲပါ ပြန်ပြင်ဖို့ မတွေးမိတတ်ဘူးရယ်
ReplyDeleteလေးစားလျက်
တောင်ပေါ်သား
အီစွတ်ရဲ့ ပုံပြင်တွေကို အရမ်းကြိုက်တယ်ဗျ သိပ်ကောင်းတဲ့ အတွေးအခေါ်တွေ ပဲ ကလေးတိုင်းဖတ်သင့်တယ် လူကြီးတိုင်း လည်းမှတ်သားသင့်တယ် ....ကျေးဇူးအစ်မ
ReplyDeleteအေးမြသာယာရှိပါစေ :)))))
ပုံပြင်လေးက ပေးတဲ့ သင်ခန်းစာကို ယူသွားပါတယ်ဗျာ
ReplyDeleteမပန်းကဗျာ မေ၁၆ တို့ ရွှင်လန်းချမ်းမြေ့ကြပါစေ
ခင်မင်စွာဖြင့်
သီဟသစ်
ဟုတ်တယ်နော်
ReplyDeleteလှတာမက်တော့ ညစာခက် ဆိုတာလိုမျိုးပဲ
အင်း အဆင်းထက် အနှစ်က ပိုတန်ဖိုးရှိပါတယ်။
အနှစ် အနှစ် အနှစ်။ ဒီ
တခါတလေမှာ ကိုယ့်ကို အထင်ကြီးခဲ့တာတွေဟာ တနေ့မှာ ဘာမှအသုံးမ၀င်ပါလားလို့ သိလာရတဲ့တစ်နေ့ဟာ အချိန်တွေ မနှောင်းနေဖို့ပဲ အရေးကြီးတာပါ မှတ်သားစရာ အဖိုးတန် ပုံပြင်လေးတစ်ပုဒ်ပဲနော် အခုလို ရေးသားပေးတာ ကျေးဇူးတင်ပါတယ်
ReplyDeleteဟုတ်တယ်နော် မမ။ တခါတလေမှာ လူတွေဟာ လှပမှုကြောင့် တန်ဘိုးရှိတဲ့ အရာတွေ တန်ဘိုးထားရမယ့် အရာတွေကို မေ့လျှော့နေတတ်ကြတယ်။
ReplyDeleteအလှအတွက် ဘ၀ပျက်တတ်တယ်ဆိုတဲ့ သင်ခန်းစာလေးပေါ့။
ReplyDeleteအဲဒါကြောင့် ဒီစာကြည့်တိုက်ကို ချစ်တာ။
ReplyDeleteဆုံးမသွားပြန်ပြီ။
မလိုအပ်တဲ့ မာနတရားတွေ၊ ဘ၀င်တွေ ပယ်ပြီး၊ တန်ဖိုးထားသင့်တဲ့ အရှိတရား သတိတရားလေးတွေ ထားနိုင်ဖို့  ကြိုးစားရဦးမယ်။ ကျေးဇူးပါနော်။
ပုံပြင်လေးကတကယ်သင်ခန်းစာရတယ် ညီမရေ။
ReplyDeleteအလှအပကြောင့်မာန်တက်နေတဲ့သူတွေအတွက် သတိထားရမယ့်အချက်ပေါ့။ အဆင်ပြေပျော်ရွှင်ပါစေ။