လောကမှာ ပြုံးနေတဲ့မျက်နှာပိုင်ရှင်ကို လူချစ်လူခင် ပေါတာတော့ သေချာပါတယ်... စကားမပြောတတ်တဲ့ ကလေးတောင် ပြုံးနေရင် ဟိုလူကခေါ်ချင် ဒီလူကခေါ်ချင်ပါပဲ. . . မှုန်ကုပ်ပြီး တင်းနေတဲ့မျက်နာပိုင်ရှင် ဆိုရင်တော့ မြင်တာနဲ့မျက်နှာလွှဲသွားကြမှာပေါ. . .
မျက်နှာကြောတင်းတာနဲ့ က္တုနြေ္ဒ ရှိတာကလည်း ကွဲလွဲပါသေးတယ်. . . အလကားနေရင်း မျက်နှာကြောတင်းနေလို့ " တစ်လောကလုံး သူ့လုပ်စာထိုင်စားနေတယ်များ မှတ်နေသလား မသိဘူး . . . "ဆိုတဲ့ မှတ်ချက်မျိုးပေါ်လာ ရတာပေါ. . .
အပြုံးမှာလည်း အမျိုးမျိုးရှိတာပါပဲ. . . စိတ်ကကြည်လင်သန့်ရှင်းနေရင် အဲဒီအပြုံးဟာလည်း ကြည်လင်သန့်ရှင်း နေတာပဲ. . . . စိတ်အပေါ်မှာလိုက်ပြီး အပြုံးတွေကို ခွဲခြားနိုင်တယ်. . . စိတ်ရဲ့ခံစားမှုဟာ အပြုံးပေါ်မှာ ထင်ဟပ်ပါတယ်. . .
အားလုံးကိုချစ်ခင်လေးစားလျှက်...မျက်နှာကြောတင်းတာနဲ့ က္တုနြေ္ဒ ရှိတာကလည်း ကွဲလွဲပါသေးတယ်. . . အလကားနေရင်း မျက်နှာကြောတင်းနေလို့ " တစ်လောကလုံး သူ့လုပ်စာထိုင်စားနေတယ်များ မှတ်နေသလား မသိဘူး . . . "ဆိုတဲ့ မှတ်ချက်မျိုးပေါ်လာ ရတာပေါ. . .
အပြုံးမှာလည်း အမျိုးမျိုးရှိတာပါပဲ. . . စိတ်ကကြည်လင်သန့်ရှင်းနေရင် အဲဒီအပြုံးဟာလည်း ကြည်လင်သန့်ရှင်း နေတာပဲ. . . . စိတ်အပေါ်မှာလိုက်ပြီး အပြုံးတွေကို ခွဲခြားနိုင်တယ်. . . စိတ်ရဲ့ခံစားမှုဟာ အပြုံးပေါ်မှာ ထင်ဟပ်ပါတယ်. . .
" ရှက်ပြုံး "
" မလိုတမာအပြုံး "
" အောင့်သက်သက်အပြုံး "
" ပမာမခန့် အပြုံး "
"အားငယ်တဲ့ အပြုံး "
" မလိုတမာအပြုံး "
" အောင့်သက်သက်အပြုံး "
" ပမာမခန့် အပြုံး "
"အားငယ်တဲ့ အပြုံး "
စသည်ဖြင့်ပေါ့. . ကြည်လင်တဲ့ အပြုံး ၊ သန့်ရှင်းတဲ့ အပြုံး ကတော့ လူတိုင်းရဲ့ အရည်အချင်း ၊ ရင်းနှီးမှုရဲ့ သော့ချက်လို့သတ်မှတ်ရမှာပါ. . . ဟာသဓာတ်ခံရှိမှ အပြုံးကလည်း ပိုပြီး အသက်ဝင်ပါတယ်. . . ဖုန်းလက်ခံစကားပြောရင်တောင် ပြုံးပြီးပြောဖို့လိုတယ် လို့ အကြံပေးတာဖတ်ဖူးပါတယ်. .. တစ်ဖက်လူမှမမြင်တာ ပြုံးပြီးပြောဖို့မလိုဘူးလို့မထင်ပါနဲ့ ပြုံးပြီးပြောကြည့်ပါ. . . အသံကချိုနေပါတယ် ဒါကြောင့်နားဝင်ချိုတယ်ဆိုတဲ့စကား ပေါ်လာတာပါ. . .
ဒီနေ့စီးပွားရေးနဲ့ပတ်သက်တဲ့စာအုပ်များတွင်လည်း . . . ခေါင်းဆောင်ကောင်း၏ အရည်အချင်းများတွင် "ဟာသနှင့်လက်ခံတတ်ခြင်း၊ ဟာသနှင့်ပေးအပ်တတ်ခြင်း " ဆိုတဲ့ သဘောတရားကို ထည့်ထားပါသည် . . ဟာသဦးဆောင်သူရဲ့ နောက်တွင် ၀န်ထမ်းများပျော်တဲ့အတွက် အလုပ်လည်း ပိုတွင်ကျယ်ပါတယ်. . .
ဟာသဟာ ဆက်ဆံရေးမှာ အရေးပါတယ်လို့ရှေးမြန်မာယောကျာ်းကောင်းတို့ တတ်အပ်သော အတတ် ၁၈ရပ်မှာ ဟာသကို ထည့်ခဲ့တာပါ.. ခရီးတစ်ခုသွားကြမယ်ဆိုရင်တောင် ကားနှစ်စီး ခွဲသွားရမယ်လို့ကြုံလာရင် ပျော်ပျော်နေတတ်သူ၊ ဟာသဖန်တီးတတ်သူပါတဲ့ ကားကိုစီးချင်သူတွေ များတာပါပဲ. . . ရန်သူများခြင်း၊ နည်းခြင်း ၊ မိတ်ဆွေနည်းခြင်း၊ များခြင်း ဆိုတာလည်း ကိုယ့်မျက်နှာပေါ်မှာ အတိုင်း အတာတစ်ခုအထိ အရေးပါပါတယ်. . .
"အလိုမကျမှု၊ စိတ်မရှည်မှု သည်းမခံနိုင်မှု" . . . စသည့် မလိုလားသော ခံစားမှုများရှိသူများ ရဲ့မျက်နှာပေါ်တွင် ကြည်လင်တဲ့ အပြုံးကိုမတွေ့နိုင်ပါဘူး. . . အဲလိုခံစားမှုတွေကြားက ကြည်လင်တဲ့ အပြုံးကို ပြုံးနိုင်ပြီဆိုရင်တော့ အကောင်းဆုံးပေါ့ရှင်. . .
အားလုံး ကြည်ကြည်လင်လင်ပြုံးနိုင်ပါစေ...

ပန်းကဗျာ
(ပန်းကဗျာ)
ReplyDeleteအနော်က ပြုံးရင်တင် မကဘူး ပါးစပ်က နားရွက် တက်ချိတ်ထားတယ်။
ကျေးဇူး၊ ပျော်ရွှင်ပါစေ
သင်္ကြန် ရေလာလောင်းမယ်
:f: :f: :f:
ReplyDelete:)
ReplyDeleteဒီလိုတော့ အမြဲပြုံးတယ်..။ ဒါပေမယ့် သူငယ်ချင်းတွေက ပြုံးပြတာ ကို
မင်း ငါတို့ ကို သရဲကား လာပြနေတာလားတဲ့...။
း(
ကြည်လင်တဲ့ အပြုံးလေးရအောင် ကြိုးစားပါ့မယ်ဗျား..။
ReplyDeleteဟုတ်ကဲ့ .. ကြိုးစားနေပါတယ်ရှင် .. :)
ReplyDeleteသိပ်ကောင်းပါတယ်
ReplyDeleteလူတိုင်းအပြုံးတွေ ဆင်နိုင်ရင် အားလုံးစိတ်ချမ်းသာပါတယ်
ကျွန်တော်လည်း အမြဲတမ်း ပြုံးနေနိုင်အောင် ကြိုးစားနေပါတယ်
ပြုံးအလှပိုင်ရှင် မက်မက်လေး .. ပြုံးပြုံးကြီးနဲ့ဖတ်သွားတယ်..ဟီး...:h
ReplyDeleteခစ်ခစ်။။။
အာဝါးးးးးးးးးးးးး
တန်ဖိုး ရှိတဲ့ ပို့စ်လေးကို မှတ်သားသွားပါတယ်..တီရေ..
ကိုယ်ကိုပြောသလားပဲ
ReplyDeleteပျော်ရွှင်ပါစေ
အပြုံးဆိုတာ လူတစ်ယောက်အတွက် လူမှုဆက်ဆံရေးနယ်ပယ်မှာ အရေးပါ အရာအရောက်ဆုံး ကူးလူးဆက်ဆံမှုတစ်ခုဆိုတာ သေချာပါတယ် ... နောက်ပြီး အပြုံးဆိုတာ လူတိုင်းလူတိုင်း အချိန်နာရီတိုင်းမှာ ဖန်ဆင်းထားနိုင်တာမျိုး မဟုတ်ဘူးလေ ... တကယ်လို့များ ဖန်ဆင်းလို့ ရနိုင်မယ်ဆိုရင်တော့ .... ဒီကမ္ဘာကြီးက ဒီ့ထက်ပို နေချင်စဖွယ်ဖြစ်လာမယ်ဆိုတာ သိပ်သေချာတာပေါ့ ( Post လေး ဖတ်ပြီး အတွေးပေါက်မိသည်များ ချရေးမိခဲ့ပါသည်။ )
ReplyDeleteအပြုံးဆိုတာ ကျနော်တို့ လမ်းထိပ်ကုန်စုံဆိုင်က အဒေါ်ကြီးဗျို့
ReplyDeleteကျနော်ပြုံးရင် ခနဲ့တဲ့တဲ့ ပုံပေါက်တယ်လို့ ပြောကြတယ်... ဘယ်လိုလုပ်ရမလဲ သိဘူး... ဒီအတိုင်းပဲ ပြုံးတာကို....
ReplyDeleteHappy New Year....(with smile)
ReplyDeleteကြည်လင်တဲ့ အပြုံးလေး အမြဲဆောင်ထားမယ်။
ReplyDeleteပြုံးပြုံးလေးနဲ့ ဖတ်သွားတယ်...
ReplyDeleteအင်း စာဖတ်ပြီး ပြုံးမိပါတယ်
ReplyDelete