ရှေးအခါက ကာသိတိုင်းတွင် ဓမ္မပါလရွာရှိ၏. . ရွာသားအားလုံးသည်. . ငါးပါးသီလ စောင့်ထိန်းကြ၏. . ငယ်ငယ်ရွယ်ရွယ်ဖြင့် သေသူမရှိပဲ ကြီးရင့်မှ သေကြ၏. ..
ဓမ္မပါလရွာသူကြီးသားသည်. . တက္ကသိုလ်ပြည်သို့ ပညာသင်သွား၏. . ပညာတော်သဖြင့် ဆရာကြီး၏ လက်ထောက်ဖြစ်လာ၏. . တစ်နေ့တွင် ဆရာကြီး၏ သားငယ်သေဆုံးသဖြင့် ဓမ္မပါလ အမျိုးသားက အလွန်အံ့သြ၏. .
"သီးကင်းစာတွေ တဖြုတ်ဖြုတ် ကြွေကျနေသလို ငယ်ငယ်ရွယ်ရွယ်နဲ့သေတာဘာဆန်းသလဲ. . . " ဟု အဖော်များက ပြောကြ၏. .
"တို့ရွာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့သေရရိုး ထုံးစံမရှိပါ . . . . " ဟု ဓမ္မပါလ အမျိုးသားက ဆို၏. .
ထိုအကြောင်းကို တက္ကသိုလ်ဆရာကြီးက ကြားသဖြင့် စုံစမ်းလိုပါ၍ ဓမ္မပါလရွာသို့သွား၏. . ရွာသူကြီးကို ဆိတ်ရိုးများပြ၍ "သင့်သား ဓမ္မပါလ ကွယ်လွန်သွားပြီ. . . မီးသင်္ဂြိုလ်ပြီး အရိုးများ ယူလာခဲ့သည်. . "ဟု ဆို၏. . .
သူကြီးနှင့် ဆွေမျိုးများကရယ်မောပြီး "ဤအရိုးသည် ငါ့သား အရိုးမဖြစ်နိုင်ပါ. . အခြားအရိုးသာဖြစ်ပါလိမ့်မည်. . . " ဟု ဆို၏. .
"အရွယ်မရွေးသေမျိုးဖြစ်ပါလျက် သင်တို့အမျိုးမှာ အဘယ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မသေကြသနည်း . . . . " ဟု ဆရာကြီးကမေး၏. . .
"ကျွန်ုပ်တို့ ဓမ္မပါလရွာသားများသည်. . အမြဲမပြတ် အလှူပေးကြ၏. . သီလကို စောင့်ထိန်းကြ၏. . လူကြီးသူမစကားကို လူငယ်များက လိုက်နာကြ၏. . ရပ်ရွာအေးချမ်းသာယာမှုအတွက်လည်း ၀ိုင်းဝန်းလုပ်ဆောင် ကြ၏ . . . ထို့ကြောင့် ဤရွာသားများသည် ငယ်ငယ်ရွယ်ရွယ်နှင့် မသေကြရပါ. . . " ဟု သူကြီးက ရှင်းပြ၏. . . .
တက္ကသိုလ်ဆရာကြီးသည် ဓမ္မပါလ ရွာသူကြီးကို ကန်တော့ပြီး . .
"သင့်သား ဓမ္မပါလ မသေပါ. . ငယ်ရွယ်သူများ မသေကြဟု သင့်သားပြောသောစကားကို စုံစမ်းလို၍ လာခြင်းဖြစ်ပါသည်. . . "ဟု ပြော၏. . ထို့နောက် ဓမ္မပါလာ ရွာသားတို့ စောင့်ထိန်းသော ကျင့်ဝတ်သီလ တို့ကို မေးမြန်းမှတ်သားပြီး တက္ကသိုလ် ပြည်သို့ ပြန်၏. . ..
ဒေါက်တာမင်းတင်မွန် (လိမ္မာယဉ်ကျေး တို့ရင်သွေး)
အားလုံးကိုချစ်ခင်လေးစားလျှက်...ဓမ္မပါလရွာသူကြီးသားသည်. . တက္ကသိုလ်ပြည်သို့ ပညာသင်သွား၏. . ပညာတော်သဖြင့် ဆရာကြီး၏ လက်ထောက်ဖြစ်လာ၏. . တစ်နေ့တွင် ဆရာကြီး၏ သားငယ်သေဆုံးသဖြင့် ဓမ္မပါလ အမျိုးသားက အလွန်အံ့သြ၏. .
"သီးကင်းစာတွေ တဖြုတ်ဖြုတ် ကြွေကျနေသလို ငယ်ငယ်ရွယ်ရွယ်နဲ့သေတာဘာဆန်းသလဲ. . . " ဟု အဖော်များက ပြောကြ၏. .
"တို့ရွာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့သေရရိုး ထုံးစံမရှိပါ . . . . " ဟု ဓမ္မပါလ အမျိုးသားက ဆို၏. .
ထိုအကြောင်းကို တက္ကသိုလ်ဆရာကြီးက ကြားသဖြင့် စုံစမ်းလိုပါ၍ ဓမ္မပါလရွာသို့သွား၏. . ရွာသူကြီးကို ဆိတ်ရိုးများပြ၍ "သင့်သား ဓမ္မပါလ ကွယ်လွန်သွားပြီ. . . မီးသင်္ဂြိုလ်ပြီး အရိုးများ ယူလာခဲ့သည်. . "ဟု ဆို၏. . .
သူကြီးနှင့် ဆွေမျိုးများကရယ်မောပြီး "ဤအရိုးသည် ငါ့သား အရိုးမဖြစ်နိုင်ပါ. . အခြားအရိုးသာဖြစ်ပါလိမ့်မည်. . . " ဟု ဆို၏. .
"အရွယ်မရွေးသေမျိုးဖြစ်ပါလျက် သင်တို့အမျိုးမှာ အဘယ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မသေကြသနည်း . . . . " ဟု ဆရာကြီးကမေး၏. . .
"ကျွန်ုပ်တို့ ဓမ္မပါလရွာသားများသည်. . အမြဲမပြတ် အလှူပေးကြ၏. . သီလကို စောင့်ထိန်းကြ၏. . လူကြီးသူမစကားကို လူငယ်များက လိုက်နာကြ၏. . ရပ်ရွာအေးချမ်းသာယာမှုအတွက်လည်း ၀ိုင်းဝန်းလုပ်ဆောင် ကြ၏ . . . ထို့ကြောင့် ဤရွာသားများသည် ငယ်ငယ်ရွယ်ရွယ်နှင့် မသေကြရပါ. . . " ဟု သူကြီးက ရှင်းပြ၏. . . .
တက္ကသိုလ်ဆရာကြီးသည် ဓမ္မပါလ ရွာသူကြီးကို ကန်တော့ပြီး . .
"သင့်သား ဓမ္မပါလ မသေပါ. . ငယ်ရွယ်သူများ မသေကြဟု သင့်သားပြောသောစကားကို စုံစမ်းလို၍ လာခြင်းဖြစ်ပါသည်. . . "ဟု ပြော၏. . ထို့နောက် ဓမ္မပါလာ ရွာသားတို့ စောင့်ထိန်းသော ကျင့်ဝတ်သီလ တို့ကို မေးမြန်းမှတ်သားပြီး တက္ကသိုလ် ပြည်သို့ ပြန်၏. . ..
ဒေါက်တာမင်းတင်မွန် (လိမ္မာယဉ်ကျေး တို့ရင်သွေး)
ဝေးးးးးးးးး
ReplyDeleteမမတို့ရေ.. ပထမဆုံး လာဖတ်ပါတယ်။
သီလမြဲရန် ကျင့်ကြံပါမည်။
အသိပညာပေးတွေဖတ်ရတာ စိတ်ချမ်းသာတယ်။
ReplyDeleteပြန်ပါဦးမယ် ဧရာဝတီ
စိတ်ချမ်းသာကြပါစေ။ ဒီ
ငယ်ငယ်ကဖတ်ဘူးတယ် ပြန်ဖတ်ရလို့ ကျေးဇူး အမရေ :)
ReplyDeleteခုခေတ်နဲ့များ ကွာပါ့နော်...
ReplyDeleteအခုလို စာလေးဖတ်ရတော့ ငယ်ငယ်တုန်းက ဘ၀လေးကို ပြန်သတိရလိုက်တာဗျာ.. ငယ်ငယ်ကဆို အရမ်းဝါသနာပါတာ.. အဲလို .... ဟိုးရှေးရှေးတုန်းကပေါ့... .ဆိုတဲ့စာလေးတွေ....
ReplyDeleteဘာသာရေး ဆောင်းပါးပို့စ်လေးအတွက် ကျေးဇူးပါ May 16
ခင်မင်စွာဖြင့်
ပြည့်စုံ
မှတ်သားသွားကြောင်းပါ
ReplyDeleteဗဟုသုတလေးတွေအတွက် ကျေးဇူးအနန္တပါ