"စီးပွားစပ်ငြား၊ စကားငြင်းဆို၊ သူ့မယားနှင့်၊ နှစ်ကိုယ်တည်းသာ မနေရ၊ မေတ္တာပျက်ကြောင်း" ပင် ဟုသော စကားရှိလေသည်. . .
မိမိ၏အကျိုးစီးပွား ကို မထိခိုက်လောက်သော အရေးများ၌ မငြင်းခုံပဲ အလျှော့ပေးခြင်းဖြင့် အကြီးအကျယ် အကျိုးခံစားရနိုင်လေသည်. . . အခါများစွာ သဘောကွဲလွဲလျှင် ထိုကိစ္စကိုခေတ္တဆိုင်း၍ထားပြီမှ မိမိလိုရာသို့ ရောက်အောင်ကြံစည် ပြောဆိုရပါမည်. . .
ဤနည်းအားဖြင့် တစ်ဖက်သားမှာ စဉ်းစားရန်အချိန်ရ၍ မိမိကိုယ်တိုင်မှာလည်း နောက်ဆုံး၌ အဆင်ပြေမည့် နည်းလမ်းကောင်များရှာဖွေတွေ့ရှိလာနိုင်ပါသည်. . .
တစ်ဖက်သား ကန့်ကွက်သော အချက်ကို ၄င်းထက် သေချာအောင် မိမိက ထပ်လောင်းပြောပြနိုင်ရပါမည်. . . ထိုအခါ မိမိဆိုလိုချက်ကို သူတစ်ဖက်သားက အလိုလိုသိပြီး မိမိဘက်ကို ပါလာပါလိမ့်မည်. . . .
မိမိသဘောမကျသော အချက်တစ်ခုခုကို တစ်ယောက်ယောက်က သဘောပါအောင်ပြောလျှင် သဘောမကျကြောင်းကို ဆိတငြိမ်စွာနေခြင်းဖြင့် ပြနိုင်၏. . . ထိုအခါ တစ်ဖက်သား လိုက်လျောလိမ့်မည်. . ပြုံးသောမျက်နှာနှင့်လည်း သဘောမကျကြောင်း ပြနိုင်လေသည်. .
ငယ်သားများက တစ်စုံတစ်ရာကို တိုင်တောသည့် အခါ ၄င်းတို့ကို ကူညီလိုသောစိတ်နှင့် အားပေးလျှက်နားထောင်ရမည်. . .
လူတစ်ယောက်က ဒေါသဖြစ်၍ ဆူပွပြောဆိုနေလျှင် ဆိတ်ငြိမ်စွာ သတိနှင့် နားထောင်နေပါက အလိုလိုအေးသွားလိမ့်မည်. . . အေးရုံမက နားထောင်သူအပေါ်၌ ကြင်နာစိတ်များပေါ်၍ လာပါလိမ့်မည်. . .
အထက်ပါ နည်းလမ်းများ ဖြင့် ပြုမူ ပြောဆို နေထိုင်ပါက တစ်ဖက်သားနှင့် ငြင်းခုံမှာ အလိုလိုလျော့ပါး သွားပါလိမ့်မည် . . .
မိမိကိုယ်တိုင်လည်း အကျိုးမရှိ၊ သူတစ်ပါးကို လည်း အကျိုး မဖြစ်စေသော ငြင်းခုံခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါသည်. . . .

ပီမိုးနင်း
ကောင်းတယ် ၂
ReplyDeleteစောစောကသာသိခဲ့ရင် ဟိုလူနဲ့ ဘယ်ငြင်းနေလိမ့်မလည်း
တတ်နိုင်ဘူးလေ နောင်မဖြစ်အောင်တော့ ကျင့်နိုင်သေးတယ်
ဧရာဝတီက မမေ၁၆ကို ကျေးဇူးတင်ပါတယ်။
chan
မှတ်သားစရာ လိုက်နာစရာ ကောင်းတဲ့ လူ့ ကျင့်ဝတ်လေးတွေ ကို လေးလေးစားစား ဖတ်ရှု မှတ်သားသွားပါတယ်
ReplyDeleteခင်တဲ့
ရန်ကုန်သား :))
ငြင်းခုံခြင်းဟာ အကျိုးမရှိဘူး။ အလကားဘဲ။
ReplyDeleteဒါပေမဲ့
လူတွေက သိသိကြီးနဲ့ ဆက်ငြင်းခုံနေကြဆဲ။
အိ...... မမတို့ ရေ.....
ReplyDeleteသမီးကို တိုက်ရိုက်ကြီး ဆုံးမလိုက်ပြန်ဘီ။ ဟိဟိ
အကျိုးမရှိမှန်း သိသိကြီးနဲ့ ငြင်းခုန်နေမိဆဲ။
ပြုပြင်ရန်ကြိုးစားပါမည်။ ကျေးဇူးနော်။