မိဘများသည် ကလေးငယ် များ တရွေ့ရွေ့ကြီးထွားလာသည်နှင့်အမျှ ပက်လက် အနေ အထားမှာ မှောက်နိုင် အောင်၊ မှောက်ရာမှ လေးဘက်ထောက်၊ လေးဘက်သွားနိုင်အောင်၊ မတ်တတ်ရပ်နိုင်အောင် သင်ပေးရသည်။ အားပေးရသည်။ မတ်တပ်ရပ်နိုင်သည်နှင့် "ရပ် နိုင်ပေ . . . . ရပ်နိုင်ပေး " ဟု ဂုဏ်ပြုချီးကျူးရသည်. . . .
ရပ်နိုင်ပြီးနောက် လမ်းလျှောက်သင်ရသည်. . . စကားသင်ပေးရသည်. . . . " ပါ. . . မာ. . . . .ဖေ . . . . မေ" မိဘ၊ အဖေ၊ အမေ ကို ခေါ်တတ်အောင် သင်ပေးရသည်. . "ရေ. . . . ထိုင်. . . . ထ. . . ." တစ်လုံးချင်းသင်ပေးရသည်. . . . ထိုမှ နောက်တွင် စကားများပြောတတ်အောင် သင်ပေးရသည်. . . ပြောတတ်ဆိုတတ် ရှိလာသောအခါ ယဉ်ကျေးအမွေပေးရသည်. . .
"လူကြီးကို ကျော်ခွမသွားနဲ့" ၊ "လူကြီးရှေ့မှာ ခေါင်းငုံ့သွား"၊ "မိဦး ဖဦး မစားနဲ့"၊ "ထမင်းကို ပြတ်ပြတ်မြည်အောင်မစားနဲ့"၊ "ဟင်းကို လက်နဲ့မနှိုက်နဲ့"၊ "လမ်းလျှောက်ရင် ခြေသံမပြင်းစေနဲ့"၊ "လူကြီးရဲ့ အထက်ကမထိုင်နဲ့" စားစဉ်ယဉ်ကျေးမှု၊ သွားစဉ်ယဉ်ကျေးမှု၊ ထိုင်စဉ်ယဉ်ကျေးမှု၊ တို့ကို သင်ကြားပေးရသည်. .
မိဘတိုင်း မလွဲမသွေ ဆောင်ရွက်ဖြည့်စည်းပေးရမည့် တာဝန်များဖြစ်၏. . . . ဤနည်းဖြင့် သားသမီးများ စကားပြောတတ်၊ သွား၊ လာ၊ နေထိုင်နည်း တတ်မြောက်လာကြသည်. . . လက်ဦးဆရာဖြစ်သော မိဘတို့သင်ကြားသည့် ကျေးဇူးဖြစ်၏.. .
ပို၍သိတတ်လာသောအခါ "ဘုရားကို ဦးတော်လုပ်လိုက်"၊ "ဘုန်းကြီးကိုဦးတော်လုပ်လိုက် " ၊ "မိဘကို ကန်တော့လိုက်" ၊ "ပိုးကောင်လေးတွမသတ်နဲ့ " "ငယ်သူကို အနိုင်မကျင့်နဲ့" စသည်ဖြင့် ဘာသာယဉ်ကျေးမှု အမွေများကို ပေးရသည်. . .
မျက်နှာဘယ်လိုသစ်၊ သွားဘယ်လိုတိုက်၊ ရေဘယ်လိုချိုး၊ အ၀တ်ဘယ်လိုဝတ်၊ စသည့် လူမှုယဉ်ကျေး လိမ္မာအောင် သွန်သင်ပေးရသည်.. . . . . သိသင့်သိထိုက်သည်များကိလည်း နေ့စဉ်နှင့်အမျှ သင်ကြား ပေးရသည် . . . ထို့ကြောင့် "လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယ မိနှင့်ဘ ဟု ဆိုကြ၏ "
မိဘတိုင်းသည် သားသမီးများကို မေတ္တာနှင့်သင်ပေးကြသည်. . စေတနာနှင့် သင်ပေးကြရသည်. . အသိနှင့်ယှဉ်၍ ယဉ်ကျေးလိမ္မာ အောင် သင်ပေးကြသည် . . သားသမီးများ တစ်သက်တာပြောဆို နေကြသော စကားများသည် မိဘသင်ပေးသော ဘာသာစကားအမွေဖြစ်သည်. . အသိလိမ္မာနှင့် ဘာသာအယူဝါဒ အဆုံးအများမှာလည်း မိဘတို့ထံမှ ရှေးဦးစွာသင်ကြားနာယူရသော ယဉ်ကျေးမှုအမွေများဖြစ်ပါ၏. . .
လယ်တွင်းသားစောချစ်ရပ်နိုင်ပြီးနောက် လမ်းလျှောက်သင်ရသည်. . . စကားသင်ပေးရသည်. . . . " ပါ. . . မာ. . . . .ဖေ . . . . မေ" မိဘ၊ အဖေ၊ အမေ ကို ခေါ်တတ်အောင် သင်ပေးရသည်. . "ရေ. . . . ထိုင်. . . . ထ. . . ." တစ်လုံးချင်းသင်ပေးရသည်. . . . ထိုမှ နောက်တွင် စကားများပြောတတ်အောင် သင်ပေးရသည်. . . ပြောတတ်ဆိုတတ် ရှိလာသောအခါ ယဉ်ကျေးအမွေပေးရသည်. . .
"လူကြီးကို ကျော်ခွမသွားနဲ့" ၊ "လူကြီးရှေ့မှာ ခေါင်းငုံ့သွား"၊ "မိဦး ဖဦး မစားနဲ့"၊ "ထမင်းကို ပြတ်ပြတ်မြည်အောင်မစားနဲ့"၊ "ဟင်းကို လက်နဲ့မနှိုက်နဲ့"၊ "လမ်းလျှောက်ရင် ခြေသံမပြင်းစေနဲ့"၊ "လူကြီးရဲ့ အထက်ကမထိုင်နဲ့" စားစဉ်ယဉ်ကျေးမှု၊ သွားစဉ်ယဉ်ကျေးမှု၊ ထိုင်စဉ်ယဉ်ကျေးမှု၊ တို့ကို သင်ကြားပေးရသည်. .
မိဘတိုင်း မလွဲမသွေ ဆောင်ရွက်ဖြည့်စည်းပေးရမည့် တာဝန်များဖြစ်၏. . . . ဤနည်းဖြင့် သားသမီးများ စကားပြောတတ်၊ သွား၊ လာ၊ နေထိုင်နည်း တတ်မြောက်လာကြသည်. . . လက်ဦးဆရာဖြစ်သော မိဘတို့သင်ကြားသည့် ကျေးဇူးဖြစ်၏.. .
ပို၍သိတတ်လာသောအခါ "ဘုရားကို ဦးတော်လုပ်လိုက်"၊ "ဘုန်းကြီးကိုဦးတော်လုပ်လိုက် " ၊ "မိဘကို ကန်တော့လိုက်" ၊ "ပိုးကောင်လေးတွမသတ်နဲ့ " "ငယ်သူကို အနိုင်မကျင့်နဲ့" စသည်ဖြင့် ဘာသာယဉ်ကျေးမှု အမွေများကို ပေးရသည်. . .
မျက်နှာဘယ်လိုသစ်၊ သွားဘယ်လိုတိုက်၊ ရေဘယ်လိုချိုး၊ အ၀တ်ဘယ်လိုဝတ်၊ စသည့် လူမှုယဉ်ကျေး လိမ္မာအောင် သွန်သင်ပေးရသည်.. . . . . သိသင့်သိထိုက်သည်များကိလည်း နေ့စဉ်နှင့်အမျှ သင်ကြား ပေးရသည် . . . ထို့ကြောင့် "လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယ မိနှင့်ဘ ဟု ဆိုကြ၏ "
မိဘတိုင်းသည် သားသမီးများကို မေတ္တာနှင့်သင်ပေးကြသည်. . စေတနာနှင့် သင်ပေးကြရသည်. . အသိနှင့်ယှဉ်၍ ယဉ်ကျေးလိမ္မာ အောင် သင်ပေးကြသည် . . သားသမီးများ တစ်သက်တာပြောဆို နေကြသော စကားများသည် မိဘသင်ပေးသော ဘာသာစကားအမွေဖြစ်သည်. . အသိလိမ္မာနှင့် ဘာသာအယူဝါဒ အဆုံးအများမှာလည်း မိဘတို့ထံမှ ရှေးဦးစွာသင်ကြားနာယူရသော ယဉ်ကျေးမှုအမွေများဖြစ်ပါ၏. . .
အားလုံးကိုချစ်ခင်လေးစားလျှက်...
သက်ဆိုင်ရာ ဘာသာရပ်တွေ
ReplyDeleteမပင်မပန်း သင်ပေးခဲ့တဲ့ မိဘကျေးဇူးကို သတိရတယ်
လောကမှာ အကျိုးရှိအောင်လဲ မိဘပဲ
သံသရာမှာ အကျိုးရှိအောင်လဲ မိဘ ပါနေတာပဲ ဆိုတာ ထင်ပေါ်စေပါတယ်
ကျေးဇူးတင်ပါတယ်
မိဘဆိုတာ လက်ဦးဆရာဖြစ်သလို အခုချိန်ထိလည်း သွန်သင်ဆုံးမနေဆဲပါပဲ...။
ReplyDeleteအနှိုင်းမဲ့တဲ့မေတ္တာတွေနဲ့ တသက်တာလုံး သွန်သင်ဆုံးမ ပြဲ့ပင်ပေးနေတာ မိဘတွေပါပဲ...။
မှန်တယ်ဗျာ အရာအားလုံရဲ. လက်ဦးဆရာပါ
ReplyDeleteသင်ဆရာ မြင်းဆရာ ကြားဆရာ ဆိုတဲ.အရာတွေ
ကိုနားလည် တတ်သိအောင် လက်ဦးဆရာ မိနဲ.ဘ
က သင်ပေးလိုက်ကြတာပါ ...
ပြောချင်တာတွေ အများကြီးပဲ ဒါပေမဲ့ မပြောတော့ပါဘူးဗျာ...။ ဖတ်မှတ်ရုံပဲ လုပ်သွားတယ်။
ReplyDeleteဟုတ်ပါတယ်။ မိဘဆိုရာ ဘ၀ရဲ့  ဦးဆုံးဆရာသမားတွေပါဘဲ။ ဘယ်တော့မှလဲ မမေ့အပ်တဲ့ ကျေးဇူးရှင်ကြီးတွေဆိုလဲ မှန်တယ်။
ReplyDeleteမိဘကျေးဇူး၊ မြင်းမိုရ်အထူးသိလျက်၊ အဆပ်ခက်၏။ တဲ့။
ကျေးဇူးကိုသိ၊ သိပြီး ဆပ်။ ဒါမှ ကုသိုလ်လဲရ တာဝန်လဲ ထမ်းဆောင်ပြီးသားဖြစ်သွားမှာပေါ့။
ပြန်လည်ဖော်ပြပေးတာ ကျေးဇူးပါ။