သူကြွယ်ကြီး ဇနီးသည်. ရုပ်ရည်ရူပကာ တင့်တယ်လှပသည်နှင့်အမျှ အကျင့်မကောင်းပေ. အကျင့်မကောင်းပုံမှာ မျောက်မွေးခြင်းဖြစ်၏ ဒါကို သူကြွယ်ကမသိ . သာလိကာကသိ၏. . . ထိုအကြောင်းကို သာလိကာက သူကြွယ်ကြီးသို့ ဖွင့်ဟတိုင်တမ်းရန် စိတ်ကူးမိသည်.
"သူကြွယ်ရဲ့ဇနီးဖောက်ပြားတဲ့ အကြောင်းကို ငါပြောလိုက်လို့ သူကြွယ်ကြီးသိသွားရင် ချောင်းဖမ်းမယ် လက်ပူးလက်ကြပ်မိလို့ သူကြွယ်ကြီး နဲ့တပည့်တွေက ၀ိုင်းရိုက်ရင် ငမျောက်နာကျင်မယ်. .. ရုံးတင်တရားစွဲရင် ထောင်ကျမည့်အပြင် သူကြွယ်ရဲ့ဇနီးမှာလည်း မျောက်မွေးသူအဖြစ် ရပ်ရွာက ပြစ်တင်ရှုတ်ချတာကို ခံရတော့မယ်. . . သာယာတဲ့ အိမ်ထောင်ရေးလည်း ပျက်စီးမယ် . . . ဒါ့ကြောင့်ငါမပြောဘူး . . . ဟုတွေးခေါ် မြော်မြင်တတ် သောကြောင့် မြုံထားသည်. . . . သို့ရာတွင် မြုံထားရသည့်အတွက် သာလိကာ အနေခက်လှသည်. . . .
"တစ်ခက် တစ်ခက် " ခက်ကြောင်းကို ပါးစပ်ကထုတ်ပြီး အသံမြည်ရသော အခါသာလိကာမှာ သက်သာရာရ၏. . . သို့သော် သူကြွယ်ကြီးမှာ အခက်တွေ့ရပြီ. . . "သား သာလိကာ . . . တစ်ခက် တစ်ခက်နဲ့ မင်းအော်နေတာ ဘာအဓိပ္ပါယ်လဲ. . . စားသောက်မကောင်းလို့လား . . . ကြောင်တွေမြွေတွေလာလို့လား . . . အဖေ့ကိုပြောစမ်း အဖေပြုပြင် ဆောင်ရွက်ပေးမယ်. . . " လို့ပြောသတဲ့ သာလိကာနေသော လှောင်ချိုင့်ကိုလည်း စစ်ဆေး၏ ကျယ်ဝန်း၏ သို့ကြောင့် "တစ်ခက် တစ်ခက် " ဟု အော်မြည်ရန်အကြောင်းမရှိပေ. . .
သူကြွယ်ကြီးမှာ အမျိုး၂ စဉ်းစားသော်လည်း သာလိကာမှာ "တစ်ခက် တစ်ခက် " ဟု သူဖွင့်ပြောရခက်တိုင်း အော်မြဲအော်သည်. . . သူကြွယ်လည်း ဆေးဆရာများကိုပါ ပင့်ခေါ်ပြသတော့သည်. . . . ဆေးဆရာသည် သာလိကာကို ကြည့်ရှုစစ်ဆေးသည်. . . ဆေးဆရာက သာလိကာကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ရာကို တစ်ထစ်ချ သိလေဟန် ပြော၏
"တစ်ခုခုတော့ တစ်ခုခုပဲဗျ "
သူကြွယ်ကြီး က "ဒါဆိုလည်း ဆရာရယ် စိမ်ပြေနပြေ လေ့လာ အကဲခတ်ရအောင် အိမ်ကို ယူသွားပါလား" ဟုဆိုကာ သာလိကာကို ဆေးဆရာနှင့်ထည့်ပေးလိုက်လေသည်. . . . ဆေးဆရာက သာလိကာ၏ လှောင်အိမ်ကို အမြင့်တွင်ချိတ်ဆွဲထားသည်. . . "ကဲ . သာလိကာရေ မင်းအိမ်မှာ အားနာစရာတွေ ထောက်ထားစရာတွေ ရှိနေလို့မပြောလည်း ငါ့အိမ်မှာ လွတ်လပ်စွာ ပြောနိုင်ပြီလေ " ဟုပြောသည်.
သာလိကာရောက်ရှိလာသော ဆေးဆရာအိမ်မှာ လူဝင်လူထွက်များသည်. . . ဆေးဝါးလာရောက် ကုသသူများသာမက ပညာသင်ယူသော တပည့်တွေလည်း အ၀င်အထွက်ရှိသည်. . . . ထိုသူများ အနက်မှ ထိပ်ကပ်နာလာရောက် ကုသနေသော သူမျာ ရုပ်ဖြောင့်သည်နှင့်အမျှ အကျင့်မကောင်းပေ. . . ဆရာ၏ဇနီးမှာလည်း ဣနြေ္ဒသိက္ခာအရာ၌ လျော့ရဲသူဖြစ်ရာ မကြာမီ ထိုသူနှင့် ဖောက်ပြားလေ၏. . .
ဆေးဆရာ၏ဇနီး လော်လည် ဖောက်ပြားသည်ကို သာလိကာမြင်ရသောအခါ များစွာစိတ်ဆင်းရဲ၏. . . . " ယောကျာ်းတွေမိန်းမတွေဟာ ဘာပြုလို့ ဖောက်ပြားကြရတာလဲ. . . မဖောက်ပြန်တဲ့ အိမ်မရှိတော့ဘူးလား. . . တယ်ခက်ပါလား. . . . " သာလိကာမှာ ဤသို့ဖြင့် အော်သံပြောင်းသွားလေ၏. . . . .
"နှစ်ခက်. . . နှစ်ခက်"
"ဟေ့ကောင် သာလိကာ၊ မင်းဟာက ဘာလဲကွ. . ဘယ်လိုအကြောင်းကြောင့် တစ်ခက်ကနေ နှစ်ခက်ဖြစ်သွားရတာလဲ. . . " သာလိကာကား မပြောပေ. . .
ထိုအခါမှာ ဆေးဆရာကား အခက်တွေ့နေပြီ တစ်ခက် တစ်ခက် ဟုအော်ရသည့် အကြောင်းအရင်း မပေါ်ထွက်လာမီ တစ်ခက်မှ နှစ်ခက်သို့ဖြစ်သွားပြီ. . . .
ကြာရင် သုံးခက်. . . .သုံးခက် နဲ့မအော်ဘူး မပြောနိုင်ဘူး. . .. သူကြွယ်ကြီးရေ ဒါကြောင့်နှစ်ခက်နဲ့ ပဲ ပြန်ပို့ပါတယ် ဟု ဆိုကာ ဆေးဝါးမကုနိုင်ပဲပြန်ပို့လေသည်. . . .
"နှစ်ခက် နှစ်ခက် "
သူကြွယ်အိမ်သို့ သာလိကာ ပြန်ရောက်ပြီး မကြာမီမှာပင် သူကြွယ်၏ ဇနီးသည် သယောက်လင်မြှောက်နှင့် ထွက်ပြေးသွားလေ၏ . . . ထိုအခါ သာလိကာ၏ အော်သံမှာလည်း ပြောင်းလဲသွား၏. . . .
"တစ်ခက် တစ်ခက် "
သူကြွယ်မှာ ထိုအခါမှ သာလိကာ၏ "တစ်ခက် နှစ်ခက် " ကို သဘောပေါက်ပြီး ဆေးဆရာထံပြေး၏
"သာလိကာရဲ့ အော်သံက ပညာပါတယ်ဗျို့. . . အိမ်ရှင်မကို သတိထားကြည့်စမ်းဗျို့"
" သူကြွယ်ကြီးရေ၊ ခင်ဗျားပြောတာ နောက်ကျသွားပြီ. . . ကျုပ်ဇနီးမရှိတော့ဘူး. . . "
သာလိကာသည် ပထမတွင် "တစ်ခက် တစ်ခက် " ဟု မြည်ခဲ့ပြီး "နှစ်ခက် နှစ်ခက် " ဟုပြောင်းလဲ အော်မြည်ခဲ့ရာ ယခုအခါတွင် "အနိစ္စ အနိစ္စ" ဟူ၍သာ အော်မြည်နေလေတော့သည်. . .
ခင်ယုမောင်
အားလုံးကိုချစ်ခင်လေးစားလျှက်..."သူကြွယ်ရဲ့ဇနီးဖောက်ပြားတဲ့ အကြောင်းကို ငါပြောလိုက်လို့ သူကြွယ်ကြီးသိသွားရင် ချောင်းဖမ်းမယ် လက်ပူးလက်ကြပ်မိလို့ သူကြွယ်ကြီး နဲ့တပည့်တွေက ၀ိုင်းရိုက်ရင် ငမျောက်နာကျင်မယ်. .. ရုံးတင်တရားစွဲရင် ထောင်ကျမည့်အပြင် သူကြွယ်ရဲ့ဇနီးမှာလည်း မျောက်မွေးသူအဖြစ် ရပ်ရွာက ပြစ်တင်ရှုတ်ချတာကို ခံရတော့မယ်. . . သာယာတဲ့ အိမ်ထောင်ရေးလည်း ပျက်စီးမယ် . . . ဒါ့ကြောင့်ငါမပြောဘူး . . . ဟုတွေးခေါ် မြော်မြင်တတ် သောကြောင့် မြုံထားသည်. . . . သို့ရာတွင် မြုံထားရသည့်အတွက် သာလိကာ အနေခက်လှသည်. . . .
"တစ်ခက် တစ်ခက် " ခက်ကြောင်းကို ပါးစပ်ကထုတ်ပြီး အသံမြည်ရသော အခါသာလိကာမှာ သက်သာရာရ၏. . . သို့သော် သူကြွယ်ကြီးမှာ အခက်တွေ့ရပြီ. . . "သား သာလိကာ . . . တစ်ခက် တစ်ခက်နဲ့ မင်းအော်နေတာ ဘာအဓိပ္ပါယ်လဲ. . . စားသောက်မကောင်းလို့လား . . . ကြောင်တွေမြွေတွေလာလို့လား . . . အဖေ့ကိုပြောစမ်း အဖေပြုပြင် ဆောင်ရွက်ပေးမယ်. . . " လို့ပြောသတဲ့ သာလိကာနေသော လှောင်ချိုင့်ကိုလည်း စစ်ဆေး၏ ကျယ်ဝန်း၏ သို့ကြောင့် "တစ်ခက် တစ်ခက် " ဟု အော်မြည်ရန်အကြောင်းမရှိပေ. . .
သူကြွယ်ကြီးမှာ အမျိုး၂ စဉ်းစားသော်လည်း သာလိကာမှာ "တစ်ခက် တစ်ခက် " ဟု သူဖွင့်ပြောရခက်တိုင်း အော်မြဲအော်သည်. . . သူကြွယ်လည်း ဆေးဆရာများကိုပါ ပင့်ခေါ်ပြသတော့သည်. . . . ဆေးဆရာသည် သာလိကာကို ကြည့်ရှုစစ်ဆေးသည်. . . ဆေးဆရာက သာလိကာကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ရာကို တစ်ထစ်ချ သိလေဟန် ပြော၏
"တစ်ခုခုတော့ တစ်ခုခုပဲဗျ "
သူကြွယ်ကြီး က "ဒါဆိုလည်း ဆရာရယ် စိမ်ပြေနပြေ လေ့လာ အကဲခတ်ရအောင် အိမ်ကို ယူသွားပါလား" ဟုဆိုကာ သာလိကာကို ဆေးဆရာနှင့်ထည့်ပေးလိုက်လေသည်. . . . ဆေးဆရာက သာလိကာ၏ လှောင်အိမ်ကို အမြင့်တွင်ချိတ်ဆွဲထားသည်. . . "ကဲ . သာလိကာရေ မင်းအိမ်မှာ အားနာစရာတွေ ထောက်ထားစရာတွေ ရှိနေလို့မပြောလည်း ငါ့အိမ်မှာ လွတ်လပ်စွာ ပြောနိုင်ပြီလေ " ဟုပြောသည်.
သာလိကာရောက်ရှိလာသော ဆေးဆရာအိမ်မှာ လူဝင်လူထွက်များသည်. . . ဆေးဝါးလာရောက် ကုသသူများသာမက ပညာသင်ယူသော တပည့်တွေလည်း အ၀င်အထွက်ရှိသည်. . . . ထိုသူများ အနက်မှ ထိပ်ကပ်နာလာရောက် ကုသနေသော သူမျာ ရုပ်ဖြောင့်သည်နှင့်အမျှ အကျင့်မကောင်းပေ. . . ဆရာ၏ဇနီးမှာလည်း ဣနြေ္ဒသိက္ခာအရာ၌ လျော့ရဲသူဖြစ်ရာ မကြာမီ ထိုသူနှင့် ဖောက်ပြားလေ၏. . .
ဆေးဆရာ၏ဇနီး လော်လည် ဖောက်ပြားသည်ကို သာလိကာမြင်ရသောအခါ များစွာစိတ်ဆင်းရဲ၏. . . . " ယောကျာ်းတွေမိန်းမတွေဟာ ဘာပြုလို့ ဖောက်ပြားကြရတာလဲ. . . မဖောက်ပြန်တဲ့ အိမ်မရှိတော့ဘူးလား. . . တယ်ခက်ပါလား. . . . " သာလိကာမှာ ဤသို့ဖြင့် အော်သံပြောင်းသွားလေ၏. . . . .
"နှစ်ခက်. . . နှစ်ခက်"
"ဟေ့ကောင် သာလိကာ၊ မင်းဟာက ဘာလဲကွ. . ဘယ်လိုအကြောင်းကြောင့် တစ်ခက်ကနေ နှစ်ခက်ဖြစ်သွားရတာလဲ. . . " သာလိကာကား မပြောပေ. . .
ထိုအခါမှာ ဆေးဆရာကား အခက်တွေ့နေပြီ တစ်ခက် တစ်ခက် ဟုအော်ရသည့် အကြောင်းအရင်း မပေါ်ထွက်လာမီ တစ်ခက်မှ နှစ်ခက်သို့ဖြစ်သွားပြီ. . . .
ကြာရင် သုံးခက်. . . .သုံးခက် နဲ့မအော်ဘူး မပြောနိုင်ဘူး. . .. သူကြွယ်ကြီးရေ ဒါကြောင့်နှစ်ခက်နဲ့ ပဲ ပြန်ပို့ပါတယ် ဟု ဆိုကာ ဆေးဝါးမကုနိုင်ပဲပြန်ပို့လေသည်. . . .
"နှစ်ခက် နှစ်ခက် "
သူကြွယ်အိမ်သို့ သာလိကာ ပြန်ရောက်ပြီး မကြာမီမှာပင် သူကြွယ်၏ ဇနီးသည် သယောက်လင်မြှောက်နှင့် ထွက်ပြေးသွားလေ၏ . . . ထိုအခါ သာလိကာ၏ အော်သံမှာလည်း ပြောင်းလဲသွား၏. . . .
"တစ်ခက် တစ်ခက် "
သူကြွယ်မှာ ထိုအခါမှ သာလိကာ၏ "တစ်ခက် နှစ်ခက် " ကို သဘောပေါက်ပြီး ဆေးဆရာထံပြေး၏
"သာလိကာရဲ့ အော်သံက ပညာပါတယ်ဗျို့. . . အိမ်ရှင်မကို သတိထားကြည့်စမ်းဗျို့"
" သူကြွယ်ကြီးရေ၊ ခင်ဗျားပြောတာ နောက်ကျသွားပြီ. . . ကျုပ်ဇနီးမရှိတော့ဘူး. . . "
သာလိကာသည် ပထမတွင် "တစ်ခက် တစ်ခက် " ဟု မြည်ခဲ့ပြီး "နှစ်ခက် နှစ်ခက် " ဟုပြောင်းလဲ အော်မြည်ခဲ့ရာ ယခုအခါတွင် "အနိစ္စ အနိစ္စ" ဟူ၍သာ အော်မြည်နေလေတော့သည်. . .
ခင်ယုမောင်
may16
ဟေးးးးးးး တစ် တစ်တစ်
ReplyDeleteတစ်ခက် နှစ်ခက် တော်တော်ခက်တဲ့ လောကကြီးပါ လားနော် ။ သာလိကာလေး ပြောရခက်နေတာကိုး
အမနဲ့ တူနေပြီ :P
အရမ်းကောင်းတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ အကြောင်းအရာ လေးမို့ နှစ်သက်မိပါတယ် ညီမလေး
ကောင်းတယ်ဗျာ ပို.စ်လေးက သာလိက
ReplyDeleteလေးက စောစောစီးစီး ဖွင်.ပြောလိုက်
ပြီးရောဗျာ သူက အတိတ်စိမ်းတွေ ပေးနေ
တော. အသိနောက်ကျသွားတာပေါ.ဗျာ...:)
နောက်ဆုံးတော့ သာလိကာလည်း ဈာန်ရသွားပြီပေါ့ :D
ReplyDeleteနောက်ဆုံး တရားရသွားတာက သာလိကာ ကိုး၊ :D
ReplyDeleteသိပ်ကောင်းတယ်ဗျာအဟားးး။ သာလိကာ တောင်အနိစ္စ အော်ရလောက်အောင်ပဲ အဟဲ။ ကြိုက်တယ်ဗျာ။နောက်လည်းလာလည်ပါဦးမယ်ခင်ဗျာ။
ReplyDeleteပညာရသွားပါတယ်။
ReplyDeleteသာလိကာနဲ့အတူပေါ့ :)
အဲဒါကြောင့် မိန်းမမယူတာ မိန်းမတွေဟာ စိတ်ကွယ်ရာ ရောက်တာနဲပ ဖောက်ပြားတယ်တဲ့ ဟုတ်မှာပဲ အခုစာက သက်သေပဲ။ အဲဒါကြောင့်လဲ မိန်းမဆိုတာ မရှိမကောင်း ရှိမကောင်း မပေါင်းလည်းခက် ပေါင်းလည်းခက်လို့ ပြောကြတာ။
ReplyDeleteခဏခဏပြောရရင်မောင်ငယ်တို့ အလွန်ဖြစ်တော့မယ်..
ReplyDeleteမိန်းမ မယူတော့ဘူးးးးးးးးးးးးးးးးးးးးးး
အဲဒါကကိုယ်ကောင်းအောင်နေဖို့ပြောပါနော်။အကုန်လုံးဆင်
ReplyDeleteခြင်သင့်တာာပေါ့