" သင်ကွယ်လွန်သေဆုံးပြီးနောက်တွင်"
သင့်အကြောင်းတရား၊ အဆိုးများက
လင်းတကောင်ဆွဲ၊ ခွေးအဆွဲ၍
ပြိုကွဲလောက်တက်၊ ဖွားဖွားအက်ပြီး
ယိုစက်သွေးရည်၊ ပုပ်စက်ညှီသို့
မသဒီစက်ဆုပ်၊ ဂုဏ်သတင်းပုပ်၏
ယုတ်မာဇာတ်ထုပ်ကြမ်းပေလိမ့်။
သင့်အကြောင်းတရား ၊ အကောင်းများက
အလင်းအားရောင်ရှိန်၊ ၀င်းလဲ့ထိန်၏
ပန်းအိမ်ဖွဲ့ကာ၊ ရနံ့ဖြာလျက်
ဝဲယာဝန်းကျင်၊ မွှေးပျံ့လွင်၏
သင်၏ဂုဏ်ရည်၊ ရွှန်းလဲ့ကြည်သို့
နှစ်ရှည်တည်တံ့ မြဲပေလိမ့်။
သင့်အကြောင်းတရား၊ အဆိုးများက
လင်းတကောင်ဆွဲ၊ ခွေးအဆွဲ၍
ပြိုကွဲလောက်တက်၊ ဖွားဖွားအက်ပြီး
ယိုစက်သွေးရည်၊ ပုပ်စက်ညှီသို့
မသဒီစက်ဆုပ်၊ ဂုဏ်သတင်းပုပ်၏
ယုတ်မာဇာတ်ထုပ်ကြမ်းပေလိမ့်။
သင့်အကြောင်းတရား ၊ အကောင်းများက
အလင်းအားရောင်ရှိန်၊ ၀င်းလဲ့ထိန်၏
ပန်းအိမ်ဖွဲ့ကာ၊ ရနံ့ဖြာလျက်
ဝဲယာဝန်းကျင်၊ မွှေးပျံ့လွင်၏
သင်၏ဂုဏ်ရည်၊ ရွှန်းလဲ့ကြည်သို့
နှစ်ရှည်တည်တံ့ မြဲပေလိမ့်။
ထီလာစစ်သူ
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
ဦးဆုံးလာပြီး မန့်ရပြီဟေးးးးးး..
ReplyDeleteတရားတွေ ပေါက်နေပြီလား အမ ရရင်လေး တရားထူးလေးတွေ ပေးဦးနော် :P
အဆင်ပြေပျော်ရွှင်ပါစေဗျာ
ဒီကဗျာလေး မဖတ်ဘူးဖူး အမ...ခုလိုဖတ်
ReplyDeleteရလို. ကျေးဇူး အမရေ...
ပန်းကဗျာရေ
ReplyDeleteသံဝေဂ ကဗျာလေးလာဖတ်တယ်
ဝေငှပေးတာကျေးဇူးပါ
ခင်မင်လျက်
သံဝေဂ ကဗျာလေး မျှဝေပေးတာ ကျေးဇူးပါ တီတီကဗျာေ၇
ReplyDeleteအမရေ သံဝေဂ ကဗျာလေးလာဖတ်သွားတယ်နော်။ အခုလိုမျှဝေပေးတာ ကျေးဇူးပါနော် အမ။ အဆင်ပြေပျော်ရွှင်နိုင်ပါစေ အမရေ။
ReplyDeleteကဗျာကောင်းလေးတစ်ပုဒ်ကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ အားရင်လည်း ၀င်ခဲ့ပါဦး။
ReplyDeleteအမရဲ့ကဗျာလေးကတကယ်ကိုပညာရပါတယ်အမရေ
ReplyDeleteလာဖတ်ပြီးမှတ်သားသွားပါတယ်
ကဗျာလေး လာခံစားတယ်ဗျာ တမျိုးပဲ ခံစားလိုက်ရတယ် လူသားတွေ သေသွားရင် ဒီလိုပဲ ဖြစ်သွားမယ်ထင်ပါတယ်... ကဗျာလေးကို နှစ်သက်မိပါတယ်
ReplyDeleteလေးစားလျက်
တောင်ပေါ်သား
အစ်မပန်းကဗျာ.. ကဗျာလေး ဖတ်သွားပါတယ်.. စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
ReplyDeleteသံဝေဂ ရစရာ ကဗျာလေးတစ်ပုဒ်ပါ။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုတဲ့ သံဝေဂလကာင်္လေးကိုပါ သတိရသွားတယ်။
ReplyDeleteစိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
မမမောင်လေးအခုမှဆေးရုံကဆင်းလာရတာနော်
ReplyDeleteမမဒီကဗျာလေးကို မျှဝေပေးတဲ့အတွက် ကျေးဇူး
အရမ်းတင်ပါတယ်.... မောင်လေးနေမကောင်းလို့ဗျ ... အိမ်ပြန်သွားတယ် ရွာကိုပေါ့... မောင်လေးမရှိတုန်း မောင်လေးဆီကိုမကြာမကြာလာလည်ပေးနော်
ခင်မင်လျှက်.......
ထီလာစစ်သူရဲ့ ကဗျာလေး ဖတ်သွားပါတယ်ဗျာ
ReplyDeleteထီလာစစ်သူကဗျာလေး တင်ပြပေးတာ ကျေးဇူးပါ ပန်းကဗျာ။
ReplyDeleteကဗျာလေး ကိုကြိုက်လို့ link ယူသွားတယ်နော်။
ReplyDeleteလေးစားစွာဖြင့်
ဧရာဝတီသား
မမ ကဗျာလေးကို လွယ်လွယ်လေး နားလည်သဘောပေါက်လိုက်ပါတယ်။
ReplyDeleteကျေးဇူးတင်ပါတယ်။
အဖိုးတန်စာလေး ပြန်ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ညီမလေး ပန်းကဗျာရေ...
ReplyDeleteအောင်မငီး... ဖတ်ရင်း ဘဲသီးထတယ်ဗျာ...။
ReplyDeleteတ၇ားရစရာတွေပါပဲ။