လူတစ်ယောက်၏တန်ဖိုးကို မည်သည့်စံဖြင့် တိုင်းတာမည်နည်းဟူသော မေးခွန်း၏ အဖြေကို အတွေးအခေါ် ပညာရှင်တို့ အဖုံဖုံအလီလီ ရှာဖွေကြည့်ခဲ့ကြသည်. . . ဦးစွာပထမ "တန်ဖိုး" ဟူသော စကားရပ်၏ အနက်ကိုဖွင့်ကြရာတွင် အသုံးချတန်ဖိုး ဟူသည်ကို တွေ့ရှိကြသည်. . နေရာဌာန၊ ကိစ္စတစ်ရပ်ရပ်တွင် အသုံးကျခြင်း၊ အသုံးမကျခြင်း အပေါ်၌မူတည်၍ တန်ဖိုးရှိခြင်းမရှိခြင်းကို ဆုံးဖြတ်ကြသည်. . .
ဥပမာတစ်ခု ထုတ်နုတ်ရလျှင် ရွှေ၊ငွေ၊ ကျောက်သံပတ္တမြား တို့သည် ယင်းတို့အား ပိုင်ဆိုင်မှု၊ ၀တ်ဆင်နိုင်မှုအပေါ်တွင် မူတည်၍ နေရာရွေးပြီး တန်ဖိုးရှိသည်. . "နေရာရွေးပြီး" ဆိုရာ၌ ကျောက်မျက်ရတနာများ ၀တ်ဆင်နိုင်ခြင်းကို အထင်ကြီးအားကျတတ်သော လူ့အသိုင်းအ၀ိုင်း၌ ထိုသို့ဝတ်ဆင်နိုင်သူသည်. . . လူရာဝင်သော တန်ဖိုးရှိသည်. . .
သို့ရာတွင် ညဏ်ပညာ အမြော်အမြင် ကြီးမားသူများကိုသာ တန်ဖိုးထားတတ်သော ပညာတတ်အသိုင်းအ၀ိုင်း၌မူ ရွေတွေ စိန်တွေသီးနေအောင် ၀တ်ဆင်လာသူဖြစ်စေကာမူ အထင်ကြီးလေးစားခြင်းခံရဖို့ ဝေးစွ . . . ထိုသို့ဝတ်ဆင်ဗန်းပြလာခြင်းသည်ပင် ရိုင်းပြရာကျနေတတ်ပေသည်. . .
အလားတူပင် ကျမ်းအစောင်စောင်ကို ထုံးလိုချေ ရေလိုနှောက်၍ ပညာဗဟုသုတအရာ၌ မတစ်လုံးကျေဟု ဆိုနိုင်လောက်သော ပုဂ္ဂိုလ်တစ်ဦးသည် ရွေရှိမှာ ငွေရှိမှ လူရာဝင်သည်ဟု သတ်မှတ်သော စီးပွားရေး သမားများ အလယ်သို့ ရောက်သွားပြန်လျှင်လည်း သူ့အား အဖက်လုပ်ဖို့ပင် ၀န်လေးကြပေလိမ့်မည်. . .
လုပ်ပိုင်ခွင့် အာဏာရှိသော အရာရှိကြီးတစ်ဦးသည် ရာထူးလက်ကိုင် ရှိနေချိန်၌ တန်ဖိုးရှိနေပေသည်. . သူ၏ရာထူးကို အကြောင်းပြု၍ အကျိုးဖြစ်ထွန်းနေကြသူများက သူ့အား တလေးတစား တန်ဖိုးထားပြီး ဆက်ဆံကြပေလိမ့်မည်. . . သို့ရာတွင် အကြောင်းကြောင်းကြောင့် ရာထူးလက်ကိုင်မရှိလျှင်တော့ သူ၏တန်ဖိုးသည် ကျသွားပေမည် . . .အရှိန်အ၀ါသြဇာ ပါမရှိတော့လျှင် သူ့၌တန်ဖိုးဟူ၍ပင် မရှိတော့ပေ. .
သို့ဖြစ်ရာ ပညာ၊ဥစ္စာ၊ သြဇာ အာဏာတို့သည် သူ့နေရာနှင့် သူ ၊ သူ့အချိန်အခါနှင့် သူတန်ဖိုးကြီးခြင်း၊ တန်ဖိုး လျှော့နည်းခြင်းဟူ၍ ရှိတတ်သည်ကို သတိချပ်အပ်သည် ယင်းသို့ဖြစ်ခြင်းမှာလည်း လောက၏ နိယာမပင်ဖြစ်သည်. . .
လောက၏နိယာမကို ဆင်ခြင်တုံ့တရားထားရှိသူများသည် မိမိ၏တန်ဖိုးကို ကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင် ဂုဏ်သိက္ခာဖြင့် မြှင့်တင်ရန်ကြိုးပမ်းကြသင့်သည်. . . ကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင် ဂုဏ်သိက္ခာဟူသည်မှာ ပညာ၊ ဥစ္စာနှင့် သြဇာအာဏာ တို့ထက် ခိုင်မြဲသော ဖြောင့်မှတ်တည်ကြည်မှုပင် ဖြစ်သည်. . လူတစ်ဦးတစ်ယောက်သည် သက်တမ်း၏ အများစုအချိန်ကာလများကို ဖြောင့်မတ်တည်ကြည်စွာ နေထိုင်သွားပါက သူ၏လူ့တန်ဖိုးသည် အစဉ်အမြဲ မြင့်မားနေမည်သာဖြစ်သည်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
ကောင်းတယ်ဗျာ။
ReplyDeleteလာ၍ အားပေးပါဦးမည်။
ဒါပေါ့ အဲဒါကြောင့်လဲ အယူအဆအသီးသီးနဲ့ ဂိုင်းတွေကွဲနေကြတာ။ ဘာပဲဖြစ်ဖြစ် လူဟာလူပါပဲ....။
ReplyDeleteကောင်းတယ်နော် လာပြီးတော့အားပေးသွားပါတယ်ဗျာ။ မပန်းကဗျာ။ အဆင်ပြေပျော်ရွှင်ပါစေဗျာ။
ReplyDeleteကာလံ ဒေသံ အဂ္ဂံ တနံ ပေါ့မပန်းကဗျာ။ ကာလ ဒေသ အချိန်အခါတွေကိုလိုက်ပြီး တန်ဖိုးတွေလည်း ပြောင်းလဲသွားတတ်ကြတယ်။ ဘယ်အရာမှ ပုံသေမြဲတယ်ဆိုတာ မရှိတဲ့ သုံးဆယ့်တစ်ဘုံမှာ တန်ဖိုးဆိုတာလည်း တည်မြဲတဲ့ အရာတစ်ခု မဟုတ်ဘူးပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ် ဖြောင့်မတ်စွာ နေထိုင်ထိန်းကျောင်းခြင်းဟာ အကောင်းဆုံးသော အသက်ရှင်နေထိုင်ခြင်းဖြစ်ပါတယ်။
ReplyDeleteစိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
[ဟုတ်ကဲ့ ဒီပို့စ်လေးကို ဖတ်ပြီးတဲ့နောက်မှာ...ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးမသိသေးတဲ့ လူတစ်ယောက်လို့ပဲ မြင်နေမိပါသေးတယ်....
ReplyDeletema ma
ReplyDeleteI miss you so much.
လုပ်ပိုင်ခွင့် အာဏာရှိသော အရာရှိကြီးတစ်ဦးသည် ရာထူးလက်ကိုင် ရှိနေချိန်၌ တန်ဖိုးရှိနေပေသည်. . သူ၏ရာထူးကို အကြောင်းပြု၍ အကျိုးဖြစ်ထွန်းနေကြသူများက သူ့အား တလေးတစား တန်ဖိုးထားပြီး ဆက်ဆံကြပေလိမ့်မည်. . .သို့ရာတွင် အကြောင်းကြောင်းကြောင့် ရာထူးလက်ကိုင်မရှိလျှင်တော့ သူ၏တန်ဖိုးသည် ကျသွားပေမည် . . .အရှိန်အ၀ါသြဇာ ပါမရှိတော့လျှင် သူ့၌တန်ဖိုးဟူ၍ပင် မရှိတော့ပေ. .
a Yan kg par tal.
ဒီလိုပါပဲဗျာ.. ဒါပေမယ့် လူတွေက ဒါကို မေ့နေဆဲပါပဲလေ...
ReplyDeleteသိပ်မှန်တဲ့အချက်ကိုရအောင်တွေးနိုင်ခဲ့တာကိုလေးစားပါတယ်
ReplyDeleteဖြောင့်မတ် တည်ကြည်မှုမရှိဘဲ ဘာအလုပ်မှ မဖြစ်ပါဘူး
အခုခေတ်မှာတော့ ဒီလိုအတွေးမျိုးရှိတဲ့လူဟာ အင်မတန်ထူးခြားသူတောင် ဖြစ်နေပါပကော...
ဘာပဲဖြစ်ဖြစ် ဖြောင့်မတ်သူဟာ ကိုယ် တစ်ဦးတည်းပဲကျန်ကျန် သံသရာမှာ ကိုယ်ဖြစ်ကိုယ်ခံရမှာမို့ ကိုယ့်ဝမ်းနာကိုယ်သိ ကိုယ်စွမ်းတာလည်း ကိုယ်သိပြီး ကိုယ့်ခရီး ကိုယ်တွင်အောင်သွားဖို့ ထောက်ခံ အားပေးလိုက်ပါတယ်ဗျာ။
လမ်းတူရင်လူချင်းတွေ့ကြပါလိမ့်မယ်...
မှတ်သွား သည်...
ReplyDelete