ကမ္ဘာဦးအစကပေါ့
ကျားသစ်တွေဟာ ခြင်္သေ့တွေလိုပဲ ၊ အရောင်က ညိုညစ်ညစ်နဲ့လှတာမဟုတ်ဘူး သစ်ကုလားအုတ်တွေလို မြင်းကျားတွေလို မလှပတဲ့သူ့ဘ၀ကို တွေးပြီး ကျားသစ်ခမျာ စိတ်လက်မသာမယာဖြစ်နေတယ် . . ဒါပေမယ့် ဒီကိစ္စကို ကျားသစ်က ဘယ်သူ့ကိုမျှ အသိမပေးဘူး . . . သူ့ဘာသူ ကြိတ်ခံစားနေရှာတာ
တစ်နေ့မှာတော့ သူဟာ လမ်းလျှောက်ထွက်လာရင်း မြွေတစ်ကောင်နဲ့က တွေ့သတဲ့ ဒီအခါ မြွေက '"အလို ကိုကျားသစ် လို့ ချည့်နဲ့နဲ့လေသံနဲ့ နှုတ်ခွန်းဆက်သတဲ့. "
"ကျွန်တော် တော်၂လေးနေမကောင်းဖြစ်နေတယ် အခြေအနေမကောင်းဘူး . . ဘယ်သူ့မှလည်း မကူညီကြပါဘူးဗျာလို့ အားငယ်တဲ့လေသံနဲ့ ပြောပြန်တယ်. . . "
"ဒါလားမဆန်းပါဘူးကွာ " လို့ ကျားသစ်က ဂျစ်ကန်ကန်နဲ့ပြန်ပြောတယ် . "မင်းလို အယုတ်တမာကောင်မျိုး အခြားကောင်တွေကကြောက်နေတာကွာ ဘယ်သူက မင်းကို ကူညီမလဲ ဒါပေမယ့် မင်းနေမကောင်းတုန်းတော့ ငါကူညီပါ့မယ်ကွာ . . လို့" ကျားသစ်ကပြောပြီး စေတနာနဲ့က ကူညီပေးတယ် . .
မြွေပြန်ပြီးနေကောင်းလာတဲ့အထိကို စောင့်ရှောက်ပြုစုပေးနေတာ . . ဒီလိုနဲ့မြွေနေကောင်း လာတယ် . . မြွေဟာ ကျားသစ်ကို ကျေးဇူးတင်လွန်းလို့ . "ခင်ဗျားရဲ့စေတနာကို တုံ့ပြန်တဲ့အနေနဲ့ ခင်ဗျား လိုချင်တာတစ်ခုကို ကျွန်တော်ပေးပါရစေဗျာလို့ "ပြောသတဲ့ . . . .
ဒီတစ်ခါ ကျားသစ်က "မင်းမတတ်နိုင်ပါဘူးကွာလို့ ငါက လှလှပပ အရေပြားရှိချင်တာ. . . လှပတဲ့ အရေပြားမရှိတဲ့ ဘ၀မှာ ဘာရရ အဓိပ္ပါယ် မရှိပါဘူး လို့ . . . ညည်းညည်းညူညူ ပြောတယ် ". . .
ဒီအခါ မြွေက "ကျွန်တော်ခင်ဗျားကို လှလှပပ အရေပြား ပေးနိုင်ပါတယ်ဗျာ ခင်ဗျားကို ကျွန်တော်ကိုက်မယ် ဒါပေမယ့် မကြောက်နဲ့နော် ခင်ဗျားကို အဆိပ်မသင့်စေရဘူး . . ခင်ဗျား ကိုယ်ပေါ်မှာ လှလှပပ အစက်အကွက်တွေ ပေါ်လာရုံကိုက်မှာ တစ်ကိုယ်လုံး အ၀ါလေးတွေ ၊ အနီလေးတွေ အညိုလေးတွေ အစပ်ဟပ်တည့်တည့်နဲ့ကို လှနေမှာနော်လို့ "ပြောပြတယ်. . .
ဒါနဲ့ မြွေဟာ ကျားသစ်ကို ကိုက်ခဲလိုက်တယ် . . တကယ့်ကိုပဲ ကျားသစ်ရဲ့ အရေပြားပေါ်မှာ ချက်ချင်း ဆိုသလို လှပတဲ့ အစက်အကွက်တွေ ပေါ်လာပါရော . . ဒီအချိန်ကစလို့ ကျားသစ်တွေမှာ အခြားသတ္တ၀ါတွေထက် လှပတဲ့ အရေပြားတွေရှိလာခဲ့တယ် . . . မြွေနဲ့ကျားသစ်ဟာလည်း တကယ့်ကို မိတ်ဆွေရင်းချာတွေဖြစ် သွားတော့တယ် တစ်ဦးနဲ့တစ်ဦး မကောင်းမကြံကြဘဲ ထာဝရ ခင်မင်ရင်းနှီးသွားကြသတဲ့ကွယ် . . .

စိုးထိုက် (Happy Time မဂ္ဂဇင်း)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
ပုံပြင်လေးကတော့ ဒါပါပဲကွယ် ..း)
ReplyDeleteပုံပြင်လေးတွေ ဖတ်ရတာ ကြိုက်တယ် ..
မိုးခါး
ပုံပြင်လေးကို နားထောင်သွားတယ် ဒါကြောင့် ကျားသစ်တွေ အရောင်လှတာပေါ့နော့် မြွေကြောက်တဲ့ ကျနော်တောင် အရောင်လေး လှချင်လာပြီ အဟဲ
ReplyDeleteလေးစားလျက်
တောင်ပေါ်သား
သြော်... ဂလိုကိုး . . . .
ReplyDeleteအော်... ကျားသစ်တွေ ဘာကြောင့်အဲလို အကွက်လေးနဲ့ လှရလဲ ဆိုတာ အခုမှ သိတော့တယ်..
ReplyDeleteကျေးဇူးပါတီတီရေ
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အော်... ဂလိုလား.
ReplyDeleteကျားသစ်တွေလှပတာ မြွေကို ကျေးဇူးတင်စရာကောင်းတယ်နော်။
ပန်းကဗျာလေးကော ဘာဖြစ်လို့ လှနေပါလိမ့်????
ပုံပြင်ရှိမယ်ထင်တယ်။ စိတ်ဝင်စားတယ်။
ဟဲ ဟဲ။ စတာနော်။
ပျော်ရွှင်ပါစေ။
ပုံပြင်လေး နားထောင်ရင်း အိပ်ပျော်သွားတယ် :P
ReplyDeleteအဆင်ပြေပျော်ရွှင်ပါစေဗျာ
ပုံပြင်လေးဖတ်ရင်းနဲ့ ပဲ အိပ်ပျော်သွားတယ်နော်။ ဖတ်လို့ကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေနော်။
ReplyDeleteဖတ်လို့ တော့ တော်တော်ကောင်းတယ်...ဒါပေမယ့် ယုံရမှာလားဟင်...ယုံရခက်ကြီးပါလားနော်..:P..။
ReplyDeleteပုံပြင်ပြောပြတော့လည်းနားထောင်ရမှာပေါ့...။ ပုံပြောကောင်း တဲ့မမပေါ့
ReplyDeleteဟားဟားးး
အပြင်မှာဆို ဘယ်လောက်ကောင်း လိုက်မလဲ၊ အသားအရည်လှတဲ့ ကောင်မလေးဆို ကိုက်လိုက်မှာ ...
ReplyDeleteအယ်... ပေါက်ကရဗျာ.... သိတော့ဘူး..
ReplyDeleteပုံပြင်လေး ဖတ်ရတာ ငယ်ငယ်တုန်းက အချိန်ကို ပြန်သတိရလာမိတယ်... ဖတ်ဖူးတာလေး ပြန်ဖတ်ရင်တောင် ရသမပျက်တာ ပုံပြင်တွေရဲ့ အစွမ်းသတ္တိပဲ ထင်ပါရဲ့... ပြန်ဝေမျှတာ ကျေးဇူးတင်ပါတယ် ညီမလေး ပန်းကဗျာရေ...
ReplyDelete