"အသက် ၄၀ လူတွေ မေးတယ် ... ဘယ်တော့များမှ စားရမှာလည်း..."
လို့ မိုးမိုး ဆိုသော သီချင်း ကို နားထောင်ပီး ကျွန်မ ကတော့ ဘယ်တော့များမှ .......စားရမှာလည်း ဆိုတဲ့ နေရာမှာ မိမိကိုယ်မှာ ... ဖြစ်နေတဲ့ အကြောင်းနဲ့ ယှဉ် ပီး တရား သဘောနဲ့ ဒီလိုတွေးမိပါတယ်...
အသက် ၄၀ ထဲ စ ၀င်လာတည်း က ဖြစ်လိုက်တဲ့ ရောဂါတွေက ကြီး ကြီး ၁ မျိုး သေးသေး ၁ မျိုးနဲ့ နှိပ်စက် လာပါတယ်..
ခန္ဓာ ဒုက္ခ ဆင်းရဲခြင်းတွေက ပိုပီး ပြ လာတဲ့ ဇရာရဲ့ လက္ခဏာတွေကို လည်း တစ်နေ့ထက် တစ်နေ့ ပို မြင်လာရပါတယ် .
ဒါကြောင့် အသက် ၄၀ မှာ ကျန်းမာအောင် ဘယ်လို နေထိုင် စားသောက်ရမလည်း ဆိုတာရယ် "တရားရှာ ကိုယ်မှာတွေ့ ဆိုသလိုမျိုး " အိုလာတဲ့ ခန္ဓာကိုယ်ကြီးရဲ့ ဒုက္ခကို တရားသဘောနဲ့ မိမိ ခန္ဓာကနေ ပဲ သေချာ ဆင်ခြင် မိပါတယ်.
ဒါကြောင့် အိုနာသေ ဘေးက လွတ်တဲ့ တရားကို. အိပ်ရာပေါ်မလဲခင် သေချာ ကျင့်ကြံ အားထုတ် ရမယ် ဆိုတဲ့ အတွေး ကျွန်မ စိတ်ထဲမှာ ပေါ်လာလို့ ဒီစာလေးကို ရေးမိပါတယ်..
ပန်းကဗျာ
ဧရာဝတီစာကြည့်တိုက်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ပန်းကဗျာရဲ့ သတိပေးစာလေးဖတ်တော့ တီတင့်ဖတ်ဘူးတဲ့ 'လူဖြစ်မရှုံးပါစေနဲ့' ဆိုတဲ့ ကဗျာလေးကို သတိရသွားတယ်...
ReplyDelete- ဗုဒ္ဓ သာသနာ၊ ကြုံရပါလည်း
ကောင်းစွာ သီလ၊ မတည်ကြလျှင်
ဘ၀တွက်တာ၊ လူဖြစ်နာ၏။
- ဗုဒ္ဓတရား ဟောပါငြားလည်း
ပွားများကြိုးကုတ်၊ အားမထုတ်က
ဆုတ်ယုတ်သေချာ လူဖြစ်နာ၏။
မေတ္တာဖြင့်
တီတင့်
စကားမစပ် တီတင့်ရဲ့ လင့်ခ်အသစ် ပြောင်းချိတ်ပေးအုံးနော်...
ReplyDeleteလင့်ခ်အဟောင်းက သက်တမ်းကုန်လို့ ပိတ်သွားပြီ ... :P
www.auntytint.blogspot.com
kuşadası
ReplyDeletemilas
çeşme
bağcılar
usak
GDXFA