"ငါ့ဟာ ငါ့ဟာ " လို့အော်မြည်တတ်လို့ မယှက အမည်ရတဲ့ ငှက်ကလေးဟာ တောင်ပေါ်၊ တောင်အပြင် ချောက်အရပ်တွေ မှာ လှည့်လည်တယ် မှည့်နေတဲ့ ပိတ်ချင်းပင် ပေါ်တက်ကာ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည်တယ်
အဲဒီငှက်ကလေး အဲဒီလိုအော်မြည်နေတုန်း ငှက်တွေ ရောက်လာကြတယ် ။ ပိတ်ချင်းသီးကို စားပြီး သွားကြတယ်.. . . အဲဒီငှက်ကလေးကတော့ စားနေတဲ့ အဲဒီငှက်တွေကို တားမြစ်ဖို့ရာ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည်နေဆဲပါပဲ. . .
အဲဒီလိ
ုပဲ
၊ ဒီလူ့လောက မှာ တချို့လူဟာ ပစ္စည်းဥစ္စာတွေကို အများကြီး စုဆောင်းတယ် .
.ကိုယ့်အတွက်ရော ဆွေမျိုးတွေအတွက်ပါ သုံးထိုက်တဲ့ အတိုင်းအတာနဲ့ မသုံး၊
မပေးကမ်း။
အဲဒီလူဟာ အ၀တ် ၊ အစားအစာ၊ ပန်းနံသာ ဘာကိုမှ တစ်ကြိမ်တစ်ခါမှ မသုံးစွဲ၊ ဆွေမျိုးတွေကို မချီးမြှောက်၊ မထောက်ပံ့၊ မပေးကမ်း၊
အဲဒီလူဟာ "ငါ့ဟာ ငါ့ဟာ " လို့ စောင့်ရှောက်ငာ အော်မြည်ရင်း မင်းတွေ၊ သူခိုးတွေ၊ အမွေခံသားဆိုး၊ သမီးဆိုး တွေက ပစ္စည်းဥစ္စတွေကို ယူသွားကြတယ်. . . . အဲဒီလူက တော့ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည် တမ်းနေဆဲပါပဲ။
ပညာရှိသူဟာ စည်းစိမ်ဥစ္စာတွေကို ရရှိပြီး ကိုယ့်ထံလာတဲ့ မရှိနွမ်းပါး တဲ့ဆွေမျိုးတွေကိုလည်း ချီးမြှေက်ထောက်ပံ့ တယ်. . .အဲဒီလူဟာ အဲဒီလို ထောက်ပံ့မှုကြောင့် ပရိသတ် အလယ်မှာ ထင်ရှားကျော်ကြားတယ်. . . ချီးမွမ်းခံရတယ်. . နောက်ဘ၀ရောက်တော့ နတ်ပြည်မှာ ၀မ်းမြောက် ပျော်ရွှင်ရတယ်။
မယှက ငှက်ကလေးလိုလူတွေက လောကတစ်လွှားမှာ များပြားလှတယ်. . . . အခြားယောကျား(လင်ငယ်)နဲ့ ဖောက်ပြန်ပြီး ရထားတဲ့ သားလေးကို ကိုယ့်သားထင်ပြီး ငါ့သား င့ါသားလို့ ခေါ်ဝေါ်ကာ မြူနေတဲ့ လင်ကြီးဖြစ်သူကို အခြားနေရာမှ လှမ်းကြည့်နေတဲ့ မယားဖြစ်သူက ရယ်ပါသတဲ့. . . . သြော် သူ့သားမဟုတ်တာကို မသိရှာဘူး.. .သူ့သားလို့ ထင်နေရှာတယ်. . . .သနားစရာ ကောင်းလှပါဘိတော့ တယ်လို့ ဆိုသတဲ့. . မယှကငှက်လို လူတွေကိုလည်း ပစ္စည်း ဥစ္စာတွေက အဲဒီမယား ရယ်သလိုများ ရယ်နေကြလေရော့မလား. . . . ရယ်တတ်ရင် ရယ်ကြမယ် ထင်ပါတယ်……

သာမဏေကျော်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
အော်သံတွေ ကြားကြားနေတယ်....မယှကငှက်မျိုးနွယ်စုတွေထင်ပ...
ReplyDeleteချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
မယှက ငှက်လေးနဲ့ပမာပြပြီး ရေးသားသွားတဲ့ သတိပေးစာလေး မျှဝေပေးတာ ကျေးဇူးပါနော်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်