ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လမ်းလျှောက်ခြင်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်း

ကမ္ဘာပေါ်ရှိ လူ တိုင်းလူတိုင်းထား ရှိသည့် ကျန်းမာခြင်းဆိုင်ရာ ရည်မှန်းချက်(၃)ခုကတော့
၁။ အသက်ရှည်ရှည်နေနိုင်ရေး
၂။အနာရောဂါကင်းစွာနေထိုင်ရေး
၃။ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ရေး တို့ပဲဖြစ်သည်။

စိတ်ဝင်စားစရာကောင်းတာက အလွန်ရိုးစင်းလွန်းတဲ့ လမ်းလျှောက်ခြင်းဟာ အထက်ပါရည်မှန်းချက် ၃ မျိုးစလုံးကို တစ်ပြိုင်နက်ထဲ ပိုင်ဆိုင်စေမှာပါ။ ဒီနည်းဟာ အလွယ်ဆုံး၊ အရိုးရှင်းဆုံး ရရှိစေနိုင်ပါတယ်။

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စားခြင်းဟာ စံပြဓာတ်စာနည်းတစ်ခုပါပဲ။ သည်နည်းဟာ ကယ်လိုရီ၊ အဆီများကို လျှော့ချနိုင်ရုံမက ခနာကိုယ် မှ လိုအပ်သော ဗီတာမင်ဓာတ်၊သတ္တုဓာတ်များကို အလွန် ကြွယ်ဝစွာ ရရှိစေပါတယ်။

သစ်သီးဝလံများစားသောက်ခြင်း။လမ်းသောက်ခြင်းဖြင့်ရက်သတ္တတစ်ပတ်လျှင် တစ်ပေါင်ကျစီ ပုံမှန်လျှော့ ချနိုင်ပါသည်။ နံနက်စာ၊ ညစာများစားသောက်ပြီးနောက် သုံးမိနစ်ခန့် လမ်းလျှောက် ခြင်းသည် နှစ်စဉ် ကိုယ်အလေးချိန် လေးပေါင်ခန့် ပျမ်းမျှခြင်း လျှော့ချနိုင်ပြီး နေ့စဉ် နှစ်ကြိမ်ခန့် လှေကားအတက်အဆင်း လုပ်ခြင်းသည်နှစ်စဉ် ပေါင်ဝက်ခန့် ကျစေပါတယ်။အခြားတစ်ဖက်က ကြည့်လျှင် နေ့စဉ် သကြားလုံး တစ်လုံးစီ ပုံမှန် စားသုံးခြင်း ဟာ နှစ်စဉ် ပေါင်နှစ်ဆယ်ခန့် တိုးစေပါတယ်။

ကိုယ်အလေးချိန်လျှော့ချမည့် စိတ်ကူးသင့်မှာရှိလျှင် သင့်စိတ်ကို ပြတ်သားစွာ ပိုင်းဖြတ်၍ ကိုယ်အလေးချိန် လျှော့ခြင်းစီမံကိန်းမှာ နှစ်မြှုပ်ထားပါ။ အပြုသဘောဆောင်သော အတွေးစိတ်ကူးသင့်မှာရှိပါ။ ဤကဲ့သို့စိတ်ပိုင်းဖြတ်နိုင်မှုက body weight လျှော့ချမှုအတွက် အလွန်သိသာသော အထောက်အပံ့ တစ်ခုဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးမှသာ အောင်မြင် မည် ကိစ္စရပ်ဖြစ်ပါ၍ အချိန်ယူပြီး လေ့ကျင့်ပါ။ နေထိုင်မှု ပုံစံများကို ပြောင်းလဲသင့်လျှင် ပြောင်းပစ်ပါ။ သည်နည်းလမ်းဟာ ဘ၀အောင်မြင်မှု အတွက် လုပ်ငန်းစဉ် သော့ချက်တစ်ခုလည်းဖြစ်ပြန်ပါတယ်။


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .




No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။