ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အမြိုက်စကား




  • ဒေါသထွက်ချိန်၌ သီးခံစိတ်ပေါ်လာလျှင် ယင်းဒေါသထွက်သူသည် ဒုက္ခခံရသည့်နေ့ ရာပေါင်းများစွာက ကင်းလွတ်လိမ့်မည်.
  • မိနစ်တိုင်း မိနစ်တိုင်း ဒေါသထွက်နေသော လူတိုင်းလူတိုင်းသည် စက္ကန့် (၆၀) တိုင်း (၆၀) တိုင်း ရွှင်လန်းချမ်းမြေံမှု သုခ ဆုံးရှံးနစ်နာမှု ရှိသွားလိမ့်မည်.
  • ဒေါသသည် ကျွန်ုပ်တို့ဘ၀ကို ဒုက္ခအပြည့်ရှိအောင်လုပ်သည်။ ကျွန်ုပ်တို့သည် ဒေါသကိုလက်ခံပြီး ဒေါသကို ပယ်ဖျက်ဖို့ ကြီးကြီးမားမား အားမထုတ်လျှင် ရှုပ်ထွေးပွေလီသော ဘ၀ဖြင့် ဆက်တိုက်နေသွားရလိမ့်မည်.
  • ဒေါသကို ပယ်သတ်လျှင် ပီတိသောမနဿ အပြည့်ရှိလာလိမ့်မည် . ဒေါသကိုပယ်သတ်လျှင် ဆင်းရဲဒုက္ခ ခံစားရလိမ့်မည် မဟုတ်ပေ.
  • ပုံစံအားလုံးနှင့်ရှိနေသော ဒေါသကို သတ်ရန်အတွက် အဆိပ်ရှိသော အမြစ်အရင်းနှင့် ချိုမြိန်သော ဆူးကို ဖျောက်ဖျက်ပစ်ရမည်. ယင်းနည်းလမ်းသည် သူတော်သူမတ်များ ချီးကျူးသော နည်းလမ်းဖြစ်သည်.
  • ဒေါသကို ပယ်သတ်လျှင် ပယ်သတ်သူသည် ငိုချင်းချရတော့မည် မဟုတ်ပေ.
ပါရဂူ

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး



ကျွန်မတို့ စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ

ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..

၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .

ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .

ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.

HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.


ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .

ပုံကို ဒီက ယူပါတယ်. .

ဒေါက်တာခင်မောင်လွင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့


တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလ အခါတော်နေ့ ဖြစ်ပါတယ်. . သာမညသည် သာမဏ၏အဖြစ် ရသေ့၊ရဟန်း ပြုလုပ်ခြင်း၏ အဖြစ်ဟု အနက်အဓိပ္ပါယ်ရ၍ ဖလသည် အကျိုးကျေးဇူးဟု အနက်အဓိပ္ပါယ်ရရှိပါသည် ထို့ကြောင့် သာမညဖလ ဟူသည်မှာ ရသေ့၊ရဟန်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး ဟု အဓိပ္ပါယ်ဖွင့်ဆိုရပါသည်.

အခါတစ်ပါး၌ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် (၁၂၅၀) တစ်ထောင့်နှစ်ရာ့ငါးကျိပ်ရှိသော ရဟန်းသံဃာတော်တို့ နှင့် အတူ ရာဇဂြိုလ်မြို့ အဘယမင်းသား၏ မွေးစားသားဖြစ်သော သမားတော်ကြီး ဆရာဇီဝက၏ သရက် ဥယာဉ်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူ၏. . . . ထိုနေ့သည်ကား ငွေစန္ဒာ လမင်းကြီး အစွမ်းကုန် ထိန်ထိန်သာသည့် တန်ဆောင်မုန်းပြည့်နေ့ညဥ့်အခါဖြစ်သည်. .

ထိုစဉ်အခါတွင် မာဂဓတိုင်းဘုရင် အဇာတသတ်သည် သူယုတ်မာ ဆရာဒေ၀ဒတ်စကားကို လိုက်နာ၍ သောတပန်အရိယာဖြစ်သော ခမည်းတော် ဗိမ္မိသာရမင်းကြီးကို ခြေဖ၀ါးဓားနဲ့ ခွဲ၊ဆားနှင့်သိပ်ပြီး မသေသေအောင် သတ်ခဲ့သည်. . . သူ၏သားတော် ဥဒယဘဒ္ဒ ဖွားမြင်သည့်နေ့တွင် မိဘကျေးဇူး ကို စတင်သိခဲ့ရပြီး သူ၏မိုက်ပြစ်ကို နောင်တကြီးစွာ ရလေတော့သည် . . . ထိုအချိန်တွင် သူ၏ဆရာဖြစ်သော ဒေ၀ဒတ်လည်း ဘုရားရှင်အားပြစ်မှားလုပ်ကြံသည့်နောက် မြေမျိုခံခဲ့ရလေသည်. .

ထိုအချိန်မှစပြီး အဇာတသတ်၏ စိတ်အစဉ်သည် မကြသော အတိတ်ကာလဆီက ပြုခဲ့သော အကုသိုလ်ကံ၏ အရိပ်နိမိတ်တို့က သူ့အား အချိန်ရှိတိုင်း ခြောက်လှန့်၍နေသည်. . တစ်နေ့တွင် ညီလာခံ၌ ဆရာဇီဝက၏ လျှောက်တင်ချက်ကို လက်ခံပြီး. . မြတ်ဗုဒ္ဓသီတင်းသုံး တော်မူရာ သရက်ဥယာဉ်ကျောင်းတိုက်သို့ မှုးမတ်ဗိုလ်ပါ အခြံအရံများစွာခေါ်၍ သွားရောက်လေ၏. . . မြတ်ဗုဒ္ဓ၏ထံတော်ပါးတွင် ရိုသေစွာ ဦးချင် ကန်တော့၍ မြတ်စွာဘုရား အား ဤသို့လျှောက်တင်လေ၏

"ရှင်တော်မြတ်ဘုရား မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်သိမြင် ရသော ရဟန်းပြုခြင်း၏ အကျိုးကိုပြခြင်းငှာ တတ်နိုင်ပါသလော. . . " ထိုအခါ ဗုဒ္ဓမြတ်စွာဘုရားက ရဟန်းပြုရသည့် အကျိုးကျေးဇူးကြောင့် အပူဇော်ခံရခြင်းပမာများ ကိုလည်းကောင်း ၊ စူဠာသီလ၊ မဇ္ဈိမသီလ၊ မဟာသီလ တို့ကို ဖြည့်ကျင့်လျက် ထိုမှ တဆင့် တက်ကာ ဣနြေ္ဒကို စောင့်စည်းခြင်း ၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံ့ခြင်း ၊ရောင့်ရဲလွယ်ခြင်း၊ နီဝရဏတရား ငါးပါးတို့ကို ပယ်ခြင်းတို့ကိုလည်းကောင်း၊ ပထမဈာန်မှ စတုထ္ထဈာန် အထိရနိုင်ပုံကို လည်းကောင်း ထိုမှ တဆင့် တက်ကာ ၀ိပဿနာဉာဏ်၊ မနေမယိဒ္ဓိဉာဉ်၊ ဣဒ္ဓိ၀ိဓဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ စေတောပရိယဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ စုကူပပါတဉာဏ်၊ အာသ၀က္ခဉာဏ်၊ မည်သော အရတ္တမဂ်ဉာဏ် တိုင်အောင် အဆင့်ဆင့်သာလွန်မြင့်မြတ်သည့် ၀ိဇ္ဖာရှစ်ပါးတရားထူးကို ရနိုင်သည့် ရဟန်းပြုရခြင်း၏ မျက်မှောက်ဘ၀အကျိုး (သာမညဖလသုတ်)ကို အကျယ်တ၀င့် ဟောကြားတော်မူလေသည်. .

ထို့ကြောင့် ရှင်တော် ဗုဒ္ဓဟောကြားခဲ့သော သာမညဖလ ဟူသည်၏ အနှစ်ချုပ်ကား ကိုယ်ကျင့်တရားဟူသော သီလ၌တည်ပြီး တည်ကြည်ခြင်းဟူသော သမာဓိရှိသည်၍ ပညာတည်းဟူသော ၀ိပဿနာကို ပွားများခြင်းဖြင့် အာသဝေါတရားများကင်းလျက် မဂ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ကြောင်းပင်ဖြစ်သည်. . .

ဗုဒ္ဓဟောကြားတော်မူခဲ့သော သာမညဖလသတ်ကို အဇာတသတ်မင်းနာကြားပြီးသော အခါတွင် လူသစ်စိတ်သစ်နှင့် အတွေးအခေါ်သစ်များ ဖြစ်ပေါ်လာကာ ရတနာသုံးပါး ပူဇော်မှုများကို များစွာ ပြုလုပ်ခဲံသည်. . . ယခင်က စွဲကပ်နေသော စားမ၀င်၊ အိပ်မပျော်မှုများ၊ စိုးရွံ့ထိတ်လန့်မှုများ လွင့်ပျောက်၍ စားဝင်အိပ်ပျော်လာ ကာ စိတ်သက်သာရ ချမ်းသာသွားလေသည်. . .

တန်ဆောင်မုန်းလ၌ ဘာသာရေး အထိမ်းအမှတ်အဖြစ် ထင်ရှားသည်မှာ ကထိန်ခင်းခြင်း ပင်ဖြစ်သည်. . တန်ဆောင်မုန်းလသည် သာယာအေးချမ်းသောလဖြစ်သည်နှင့် အညီ အများပြည်သူတို့အတွက် ပျော်ပွဲရွှင်ပွဲ မီးပွဲသဘင်များ ဆင်ယင်ကျင်းပချိန်ဖြစ်ပါသည်. . . . မြန်မာလူမျိုးသည် ယဉ်ကျေးသိမ်မွေ့သောလူမျိုး၊ ဘာသာရေးကို လေးစားကိုင်းရှိုင်းတတ်သော လူမျိုး အဖြစ် ကမ္ဘာ့အလယ်တွင် ထင်ရှားရပ်တည်နေနိုင်ကြသည် မှာ များစွာဂုဏ်ယူရပေတော့သည်. .

အောင်မြင့်မြတ်( ပြည်ရွှေဘို)


အားလုံးကိုချစ်ခင်လေးစားလျှက်...

ကထိန်အကြောင်း သိကောင်းစရာ



မကြာမီ သီတင်းကျွတ်တော့မှာ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင် မြတ်များရဲ့ ၀ါတွင်းကာလလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ်ပြီးတဲ့နောက် မြန်မာဗုဒ္ဓဘာသာဝင်တွေ အတွက် ဘာသာရေးဆိုင်ရာ ကုသိုလ်ပွဲတစ်ခုအဖြစ် ကထိန်အလှူပွဲတွေက ထပ်ပြီးရောက်လာကြတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် သတ်မှတ်ကြကာ မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြတော့မှာ ဖြစ်ပါတယ်။

ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများနေပြီး ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်ကြတယ်ဆိုတာ အတော်များများ မသိကြဘူး ဖြစ်နေတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ…၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ…၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ… စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ကထိန်ကာလ မတိုင်မီ ကြိုတင်ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံ
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာ
ကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာ
ဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများ
ဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရ
ကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှု
ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရား
ဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန) စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်...

သမီးလေးဖတ်ဖို့



သမီး

ပထမအကြိမ်လာတော့ ရွှေဧည့်သည်
(လှိုက်လှဲပျူငှာ ဖော်ရွေစွာကြိုဆို)

ဒုတိယအကြိမ်လာတော့ ငွေဧည့်သည်
(ဖော်ရွေစွာ ကြိုဆို)

တတိယအကြိမ်လာတော့ ကြေးဧည့်သည်
(၀တ္တရားအရ ကြိုဆို)

ဒါကြောင့်

အန်မတန် ချစ်ခင် အကျွမ်းဝင်တဲ့
ဆွေမျိုး သူငယ်ချင်း မိတ်ဆွေလို အိမ်မျိုးကလွဲလို့
သူများအိမ်ကို မလိုအပ်ဘဲ
အကြိမ်များစွာ မသွားသင့်ဘူး။

ဖေဖေ့စကား နားမထောင်ဘဲ သွားခဲ့ရင်တော့
သမီးလေး ပလတ်စတတ် ဧည့်သည်
ဖြစ်သွားမှာ စိုးလို့ပါကွယ်. . .

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်...

သုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်းကို ခံယူတော်မူနေပုံ



ဥရုဝေလ တော၏အနီး "သေနာ" နိဂုံး ကြီးဝယ် သူဌေးကတော် သုဇာတာသည် အပျိုဘ၀တုန်းက ညောင်ပင်ကြီးသို့သွား၍ သူဌေးကို ရဖို့ရန်နှင့် သားဦးရဖို့ရန် ဆုပန်ခဲ့လေရာ ထိုဆုအတိုင်း ပြည့်သောကြောင့် နတ်မင်းကြီးက မ-သည်ဟု ထင်၍ နှစ်စဉ် ပူဇော်လေ့ရှိ၏ . . . အလောင်းတော်လည်း ၆ နှစ်ပတ်လုံး ပင်ပန်းလှသော အကျင့်ဖြင့် တရားထူး မရသောကြောင့် ဆွမ်းအာဟာရကို မျှတအောင် ဘုန်းပေး၍ ကျင့်တော်မူလေပြီ. .

အလောင်းတော်သည် သက်တော်၃၅ နှစ်ပြည့်ရာ ကဆုန်လပြည့်နေ့ နံနက်စောစော အခါတွင် ညောင်ပင်အောက်သို့ ရောက်တော်မူနေစဉ် သုဇာတာသည် မိမိ၏ကျေးဇူးရှင် နတ်မင်းဟု မှတ်ထင်၍ တစ်သိန်းတန် ရွှေခွက်နှင့် တကွ နို့ဃနာဆွမ်းကို လှူဒါန်းလေသည်. နေရဉ္စ မြစ်ကမ်း၌ ထိုဆွမ်းကို ဘုဉ်းပေးတော်မူပြီး၍ "ယနေ့ ဘုရားဖြစ်မည်မှန်လျှင် ရေညာ ဆန်စေသား" ဟု အဓိဠာန် ၍ ရွှေခွက်ကို မျှောလိုက်ရာ ရေညာသို့ ဆန်တက်သွားလေသည်. .

THE FUTURE BUDDHA RECEVING THE MILK-PORRIDGE OFFERED BY SUJATA

There lived in the village of Senani near Uruvela forest, a girl named Sujata. She had uttered a prayer for fulfillment of her wish at a banyan tree, and owed a yearly offering to it, the most she should have a good marriage and a son as her first born child. The wish having been fulfilled, she use to make an offering every year at the banyan tree. Now the Great Being had resumed taking usual food, because he found that the austerities he practiced for full six years were not the way to enlightenment.

On the full moon day of the month Visakha (April-May) the Future Buddha who had attained 35 years of age, was sitting under the banyan tree. Sujata caught sight of the Future Buddha and supposing him to be the tree-god, her benefactor, who had come down, offered him milk-porridge in a golden bowl that was worth a hundred thousand pieces of money. He proceeded to the banks of the Neranjara and ate the food. He took the bowl to the river bank and set it on the river saying " The most today I shall be able to became a Buddha, let this bowl go up- stream". It floated up-streamed.

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဘလော့လိပ်စာ ပြန်ပြောင်းခြင်း

ခင်မင်လေးစားရပါသော ဘလော့ဂ်မိတ်ဆွေများနှင့် စာဖတ်သူများရှင့်

ကျွန်မတို့ ဧရာဝတီစာကြည့်တိုက် ဘဘော့လိပ်စာလေးကို ယခုလက်ရှိလိပ်စာ

http://www.awdlibrary.co.cc/ မှ

www.ayeyarwaddylibrary.blogspot.com

ကို ပြောင်းလဲထားပါ တယ်ရှင်. . .


ကျေးဇူးပြုပြီး လင့်ထားသူများ အားလုံးကိုလည်း ယခု လိပ်စာအသစ်ဖြင့် လင့်ပြောင်းချိတ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်.

စာဖတ်သူများအားလုံး ကိုကျေးဇူးတင်ပါတယ်. .

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဘ၀ပုံကား ချိတ်ဆွဲခြင်း


ဘ၀ပုံ ကားချိတ်ဆွဲခြင်း

စာပေကြယ်ပွင့် ၊ မိုး၌ လွင့်၍
တင့်တယ် ထွန်းတောက်၊ ဂုဏ်သိန်မောက်လျက်
စိန်ကျောက်အလား ၊ တန်ဖိုးထားရ
လူသားဂုဏ်ပြု၊ ယဉ်ကျေးမှုသည်
အတု နှိုင်းဖွယ် ၊မရှိနိုင်

စိတ်ဓာတ်ကြယ်ပွင့် ၊ မိုးတိုင်လွှင့်၍
ရဲရင့်သတတ္တိ၊ ရဲရဲညီလျက်
အသိတရား ၊လက်ကိုင်ထားလျက်
ဆိုးရွား မာရ်နတ်၊ ပူး၍သတ်လည်း
ရပ်တည် ကြံ့ခိုင်၊ တွေ့ရင်ဆိုင်ပြီ
အနိုင်အောင်ပွဲ ဆွတ်ခူး၏။

စာရိတ္တကြယ်ပွင့် ၊ မြင့်စွာမြှင့်၍
သင့်တင့်ခြိုးခြံ၊ ရောင့်ရဲမှန်လျက်
ရေဆန်တိုးသွား၊ မြတ်တရားဖြင့်
မိုးခါးရေသောသက် ၊ရောမသောက်ချေ
တောက်ပသိက္ခာ ၊ ထွန်းလင်းသာကို
လွန်စွာမြတ်နိုး ပွေ့ပိုက်၏။

ထီလာစစ်သူ


အားလုံးကိုချစ်ခင်လေးစားလျှက်...

ရေရဲ့အကျိုး အာနိသင်

ရေဟာ အသက်ရှင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပါတယ်. . . ပုံမှန် အရွယ်ရောက် သူတစ်ဦးမှာ ခန္ဓာကိုယ်ရဲ့ ၆၀% ၇၀% ဟာ ရေပါပဲ. . . လူဟာ အစာမစားရရင် နှစ်လလောက် အသက်ရှင်နိုင်သေးပေမယ့်. . . ရေမသောက်ရရင်တော့ ရက်အချို့သာ အသက်ရှင်နိုင်ပါတယ်. . .ဒါ့အပြင် လူအတော်များများဟာ တစ်ရက်မှာ ရေ ဘယ်လောက် များများ သောက်သင့်မှန်းကို မသိကြပါဘူး . . .

ရေသောက်ရမယ့် ပမာဏနဲ့ ပက်သက်ပြီး သုတေတနတွေ့ရှိချက်ကတော့ အားကမစား မလှုပ်ရှားလျှင် . . ရေ ၂ ကီလိုဂရမ်(၈-၁၀) ခွက် အားကစားလှုပ်ရှာလျှင် တစ်ရက်ရေ ၃ ကီလိုဂရမ် (၁၃-၁၄)ခွက် စီလိုအပ်ပါတယ်. .

တစ်ရက်မှာ သောက်ရမယ့် ရေ ၈ ခွက်ကို အောက်ပါအတိုင်း သောက်သင့်ပါတယ်.

၁. မနက်စောစော အိပ်ရာအထမှာ ရေတစ်ခွက်သောက်ပါ. . .အစာအိမ်နှင့် အူတွေကို ဆေးကြော သန့်စင်ပေးသလို အိပ်ရေးလည်း အမြန်ပြေနိုင်ပါတယ်.

၂ . ရေသောက်တဲ့ အခါ ပါးစပ်ထဲ အရင်ငုံထားပါ. . .ချက်ချင်းမျိုမချပါနဲ့ . . ကိုယ်တွင်း အင်္ဂါများဟာ ရေအပူချိန် နဲ့ အံဝင်လာစေဖို့ပါ. .

၃. ပြင်းပြင်းထန်ထန် လှုပ်ရှားပြီးတဲ့ အခါရယ်. . နွေနှင့် ဆောင်းတွေမှာရယ် ရေများများ သောက်ပေးသင့်ပါတယ်. . အရေပြားရဲ့ ကြွကန်အားကို ထိန်းပေးနိုင်ပြီး အရေပြား တွန့်တာကိုလည်း နှောင့်နှေးစေပါတယ်. .

၎။ ရေများများသောက်တာဟာ ကောင်းတဲ့အကျင့်ပါ. . ဒါပေမယ့်. . တစ်ကြိမ်တည်းနဲ့ များများ သောက်ပစ်ဖို့ မဟုတ်ပါဘူး. . . . အကြိမ်များများ ခွဲပြီး ဖြည်းဖြည်းသောက်ပါ.

၅. ရေခွက်ကြီးကြီးသုံးပြီးသောက်ပါ. . . . ၄၀၀ စီစီဆံ့တဲ့ ခွက်နဲ့ ထည့်သောက်ပါ. . တစ်ရက်အတွင်း ဒီလို ၈ ခွက်ကုန်အောင် သောက်ရမယ်လို့ ကိုယ့်ဘာကိုယ် မပြတ်သတိပေးပါ. . .

၆. . ထင်သာမြင်သာတဲ့ နေရာမှာ သောက်ရေထားပြီး သတိရတိုင်း ရေသောက်ပါ. . . မိမိအလုပ်စားပွဲ ခုတင်ဘေးတို့တွင် သောက်ရေကို ထားပြီး သတိတရနှင့်သောက်ပါ

၇.ကိုယ်နှင့်မကွာ သောက်ရေ ဆောင်ထားပါ. . .အိတ်ထဲ (သို့) ကားထဲတွင် ရေပုလင်းထားပြီး ရေမငတ်လည်း မကြာမကြာသောက်ပေးပါ. .

၈. အိပ်ရာဝင်မယ့် ၂ နာရီ အလိုက စပြီး ရေမသောက်ပါနဲ့ မျက်စိပတ်လည် ဖောင်းမလာစေဖို့ပါ. . .

အထက်ပါနည်းလမ်းများဖြင့်ရေကို မှန်မှန်သောက်ပေးပါက ကျန်းမာရေးနဲ့ ညီညွတ်စေမှာ ဖြစ်ပါတယ်. .

မင်းစံအိမ်

ဆက်ဆံရေးမှာ သတိကောင်းသူ(၄)

ဒီ စတုတ္ထမိတ်ဆွေအမျိုးအစားမှာလည်း မကောင်းတဲ့ အကျင့် (၄) မျိုးရှိပါတယ်..ဘာတွေလည်း ဆိုတော့

(၁) မူးယစ်စေတတ်တဲ့ အရာတွေကို သုံးစွဲစားသောက်ခြင်းမှာ သဘောတူ လိုက်လျော ပေါင်းဖော်တတ်တယ်

(၂) ညအချိန် လေလွင့် လမ်းသလားမှုမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်

၉၃) သဘင်ပွဲလမ်း၊ အပျော်အပါး လိုက်စားမှုမျိုးမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်

(၄) လောင်းကစားမှုတွေမှာ စိတ်တူကိုယ်တူ ၊ လုပ်ဖော် ကိုင်ဖက်အဖြစ် ပေါင်းဖော်တတ်တယ်.

အများအားဖြင်း တော့ အဲဒီအကျင့်ဆိုး ၊ သဘောထားဆိုးတွေရှိတဲ့ မိတ်ဆွေတု (၄) မျိုးနဲ့ပဲ ကျွန်မတို့ ဘ၀ခရီးမှာ ကြုံတွေ့တတ်ပါတယ်. . . ကိုယ် ကြုံတွေ့ ဆက်ဆံ့ ခဲ့သူက မိတ်ကောင်း ဆွေကောင်းဆို တော်ပါ သေးတယ်. . . . . မိတ်ဆွေကောင်း အဖြစ် အဖော်ကောင်း အဖြစ် ဟန်ဆောင် ကောင်းတဲ့ လူတွေ လူ့လောကမှာ အများကြီးပါ. . . . . ဒါကြောင့် လူမှုဆက်ဆံရေးမှာ သတိကောင်း သူများ ဖြစ်ပါစေလို့. . . . .


နန္ဒသိန်းဇံ

ဆက်ဆံရေးမှာ သတိကောင်းသူ(၃)


ရှေ့တွင် ချစ်ချင်ယောင်ပြုပြီး အလိုက်သင့် ပေါင်းတတ်တဲ့ မိတ်ဆွေ

ဒီတတိယ မိတ်ဆွေ အမျိုးအစားမှာလည်း မကောင်းကျင့် လေးမျိုးရှိနေတတ်ပါတယ်. .

(၁) မကောင်းတဲ့ အလုပ်မျိုး၊ အပြုအမူမျိုးကို ကိုယ်က ပြုလုပ်ချင်တယ်ပြောရင် ဒီမိတ်ဆွေမျိုး က ကိုယ့်အကြိုက်လိုက်ပြီး "လုပ်သာလုပ်၊ ပြုသာပြု " လို့ ပြောတတ်တယ်

(၂) ကိုယ်က ကောင်းတာ လုပ်မယ်ပြောတော့လည်း "လုပ်သာလုပ်လို့" အကြိုက်ကို ပြောတတ်တယ်.

(၃) သူများရှေ့မှာ ကိုယ့်ရှေ့မှာ တော်ကြောင်း ၊ ကောင်းကြောင်း မြှောက်ပင့်ပြောတတ်တယ်. . . ဒါပေမယ့်

(၄) ကွယ်ရာကိုလည်းရောက်ရော . . ကိုယ့်မကောင်းကြောင်းကို အားရပါးရ ပြောတတ်တဲ့ မိတ်ဆွေမျိုး ဖြစ်ပါတယ်.

နန္ဒသိန်းဇံ

ဆက်ဆံရေးမှာ သတိကောင်းသူ(၂)

ဒုတိယ မိတ်ဆွေအမျိုးအစားကတော့

ကူညီမှုမှာ လက်မပါ ၊ ပါးစပ်သာ ပါတဲ့ မိတ်ဆွေ

(၁) အတိတ်နဲ့ လောကွတ်ပြုတတ်တယ်. .

ဆိုလိုတာက . . . ကိုယ့်မှာ အခက်အခဲကြုံလို့ ခေတ္တပေးပါ. . ၊ ချေးငှားပါ. . အကူအညီပေးပါ. .. စသည်ဖြင့်ပေါ့ အကူအညီလိုလို့ တောင်းတဲ့အခါ အဲဒီ မိတ်ဆွေမျိုးက ဘာပြန်ပြောတတ်သလဲ ဆိုတော့ "ကူညီနိုင်တုန်းကတော့ မလာဘူး . . ခုမှ လာတော့ မကူညီနိုင်ဖြစ်နေတယ်. . . .၀မ်းနည်းပါတယ် အရင်တုန်းက သာဆို ဒီအကူအညီမျိုး ပေးနိုင်တာပေါ့ . စသည်ဖြင့် " အတိတ်လောကွတ်နဲ့သာ လောကွတ်စကား ပြောနိုင်ပါတယ်. . . လက်တွေ့ကတော့ ဘာမှ မကူညီဘူး . . .

(၂) အနာဂတ်နဲ့လောကွတ်ပြုတတ်တယ်

ကိုယ်က အကူအညီတောင်းတယ်. . . ဒါကို သူပေးနိုင်တယ်. . ဒါပေမယ့် မပေးချင်ဘူး ဒီအခါမှာ "မရှိခိုက်၊ မကူညီနိုင်ခိုက်နဲ့ အခုကြုံနေလို့ ၊ စိတ်မကောင်းပါဘူး နောင်ကျရင် လာခဲ့ပါ ကူညီနိုင်မှာပါလို့ လောကွတ်စကား ပြောတတ်ပါတယ်. . "နောက်တစ်ခါ တကယ် အကူအညီလိုရင်လည်း ဒီလိုပဲ ပြောပြီး ရှောင်ဦးမှာပါ. .

(၃)အချည်းအနှီးစကားတွေနဲ့ လောကွတ်ပြုတတ်တယ်. . .

အကူအညီမလိုမှန်းသိနေတဲ့ အခါ ကိုယ့်မှ ပြည့်စုံမှု ၊ အဆင်ပြေမှုတွေ ရှိနေတဲ့အခါမှာ အဲဒီမိတ်ဆွေမျိုးက "အကူအညီလိုရင်တောင် တောင်းနော် ကူညီပါ့မယ် " စသည်ဖြင့် ပြောတတ်ပါတယ်. . . တကယ်တမ်း လိုအပ်ရင်တော့ မကူညီပါဘူး

(၄) ပျက်စီးမှုကိုပြပြီး ရှောင်တတ်တယ်

တကယ်အကူအညီတောင်းတဲ့ အခါမှာ "လုပ်ငန်းတွေ အရှူံးပေါ်သွားလို့ ခုတော့ မကူညီနိုင်တာ ခွင့်လွှတ်ပါလို့ စသည်ဖြင့် အဆင်မပြေမှု ၊ ဆုံးရှုံးပျက်စီးတာတွေကို အကြောင်းပြပြီး အကူအညီပေးဖို့ ရှောင်တတ်တဲ့ မိတ်ဆွေမျိုးပါ. . "

နန္ဒသိန်းဇံ

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဆက်ဆံရေးမှာ သတိကောင်းသူ(၁)



လောကကြီးမှာ မိတ်ဆွေကောင်းရှိဖို့အရေးကြီးတယ်လို့ ပြောတတ်ကြပါတယ် တကယ့်တကယ်ကြတော့ အပြောရတော့ လွယ်ပါတယ်. . . မိတ်ဆွေကောင်းရဖို့တော့မလွယ်ပါဘူး . . . . လက်တွေ့ဘ၀မှာ ကြုံတွေ့နေရတာတွေက မိတ်ဆွေတုတွေပဲ များပါတယ်. . . . . မိတ်ဆွေတုဆို တာကလည်း အမျိုးမျိုးရှိပါတယ် ဒီထဲမှာမှ လေ့လာ စမ်းစစ်ကြည့်လိုက်တော့ အုပ်စုလေးမျိုးကွဲပြားသွားပါတယ်..

ပထမအမျိုးအစား မိတ်ဆွေတု မျိုးကတော့

ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေ

ဒီလိုမိတ်ဆွေမျိုးကတော့ မကောင်းတဲ့အကျင့်(၄) မျိုးလောက်ရှိတတ်ပါတယ် ဘယ်လိုအကျင့်တွေလည်း ဆိုတော့ . .

၁။ငွေကြေားအကူအညီ၊ လုပ်အား အကူအညီ စသည်ဖြင့် . . .သူ့ဘက်က အကူအညီပေးတယ် မရှိပါဘူး . . ကိုယ့်ဆီက ရရင်ယူမယ်. . . ရသမျှ ယူမယ်ဆိုတဲ့ အကျင့်ရှိတယ်.

၂။ ကူညီရင်လည်း နည်းနည်းပဲ . . သူ့အလှည့်ရောက်တဲ့အခါ ကိုယ့်ဆီက ယူတဲ့ အကူအညီကျတော့ အများကြီး ၊ အများကြီး ပိုယူရမှ ကျေနပ်တဲ့ သဘောထားရှိတယ်. . အကျင့်ရှိတယ်. . .

၃။ ကူညီတယ်ဆိုရာမှာလည်း ဒီလိုမကူညီရင် သူအကြီးအကျယ်ဒုက္ခရောက်မှာ ဆိုးလို့ ကြောက်လန့်ပြီးကူညီတာပါ . . စေတနာကောင်းနဲ့ ကူညီတာမျိုးမဟုတ်ပဲ. . .မလွှဲမရှောင်သာလို့ ကူညီတာပါ. .

၎။ ကိုယ့်ကို လာပြီးပေါင်းသင်းတာဟာ ကိုယ့်ကို ချစ်လို့ ခင်လို့ မဟုတ်ပါဘူး . . . သူ့အတွက် အကျိုးရှိမှာ မို့လို့သာ လာပေါင်းတာပါ. . . သူ့အတ္တအကျိုးပဲ ကြည့်ပြီး ပေါင်းသင်းဆက်ဆံတဲ့ လူမျိုးတွေပါ. . .

ဒီလိုလူစားမျိုးတွေဟာ ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေမှာရှိတဲ့ မကောင်းကျင့်တွေပါ. .

နန္ဒာသိန်းဇံ

ကျန်မိတ်ဆွေအမျိုးအစားများကို ဆက်လက်ဖော်ပြပါ့မယ်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အသက်အရွယ်နှင့်မိတ်ကပ်

မိန်းမဆိုတာဟာ သူ့အရွယ်နှင့်သူ လှချင်တာချည်းပါပဲ. . . အပျိုကောင်းကောင်း မဖြစ်ခင် ဆယ်ကျော်သက်အရွယ် တန်ုးက သူ့ကိုယ်သူ အပျိုမကြီးတစ်ယောက်လို ဖြစ်လာအောင် မိတ်ကပ်ကို လိမ်းတယ်. . . မိတ်ကပ် အမြဲလိမ်းသူ တွေဟာ ရှိရင်းစွဲအသက်ထက် နည်းနည်းလေး ပိုကြီးသွားတတ်ပါတယ်. . .

ဒါ့ကြောင့် အသက်ကြီးတဲ့သူတွေ အနေနဲ့က မိတ်ကပ်တွေ ခဏခဏ မလိမ်းသင့်ပါဘူး. . . အတိတ်ကာလ နှစ်အနည်းငယ်က ကိုယ်နဲ့ လိုက်ဖက်သော မိတ်ကပ်အရောင်များဟာ အသက်ကြီးလာရင် ကိုယ်နဲ့ မကိုက်ညီတော့ပါဘူး . . . . အသက်ကြီးလာတာနဲ့ အမျှ အရေပြားရဲ့ အရောင်ပြောင်းလဲမှုတွေ ဖြစ်လာလို့ ပိုပြီး ပြေပြစ်သော မိတ်ကပ်အရောင်များကို ရွေးချယ်အသုံးပြုသင့်ပါတယ်. . . .

လှချက်ရက် စက်စက်ယိုချင်သေးတဲ့ အန်တီကြီးများအတွက် အကြံပေးချင်တာကတော့ . ဒီနှစ်အတွက် နိုင်ငံတကာမှာ ဘယ်လို မိတ်ကပ်အရောင်တွေ ခေတ်စားနေသလဲဆိုတာကို မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကို ဖတ်ကြည့်ပါ. . . . ဘယ်လိုအလှကုန်ပစ္စည်းအသစ်တွေ ပေါ်ထွက်နေသလဲ. . . ကိုယ့်ရဲ့ လူနေမှုစရိုက်နှင့် ကိုယ်ညီတဲ့ ပစ္စည်းတွေပါဝင်သလား ဆိုတာမျိုးကို လေ့လာသင့်ပါတယ်. . . မိမိနဲ့ သင့်တော်တဲ့မိတ်ကပ်ကို အလှကုန်ပစ္စည်းရောင်းတဲ့ အလှအပပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်. . .

မိမိကိုယ်ကို မိတ်ကပ်ဖောင်ဒေးရှင်း ဘယ်လိုသုံးလည်းဆိုတာကို. . .စဉ်းစားကြည့်ရင် ဖောင်ဒေးရှင်း အထူကြီးလိမ်းရုံနဲ့ မျက်နှာပေါ်က အရေးအကြောင်းများ ဖုံးကွယ်သွားမှာ မဟုတ်ပါဘူး . . . . လုံးဝပြောင်းပြန်ပါ. . . . ဖောင်ဒေးရှင်းများများလိမ်းလေ. . . . သေးငယ်သော အရေးအကြောငးကလေးများကို သိသာလွယ်စေပါတယ် . . . မျက်နှာပါးရေတွန့်တာကို အာရုံစိုက်မိစေပါတယ်. . .ဒါ့ကြောင့် အသက်ကြီးလေ. . . ဖောင်ဒေးရှင်း သုံးစွဲမှုကို လျှော့သုံးဖို့လိုပါတယ်. .

ကိုယ်နဲ့ သင့်တော်မယ့် မိတ်ကပ်များကို ရွေးချယ် အသုံးပြုနိုင်ပါစေ. . .

လှသည်ထက်လှနိုင်ပါစေ. . .

Health Digest


အားလုံးကိုချစ်ခင်လေးစားလျှက်...

အလုပ်ရွေးချယ်ရာ၌ ထားရှိအပ်သော စံများ



အလုပ်ဟူသော စကားရပ်သည် အသက်မွေးဝမ်းကျောင်း အလုပ်ကိုသာမက ထားရှိအပ်သော ဘ၀ရည်မှန်းချက်များ ၊ဘ၀အတွက် လိုက်နာကျင့်သုံးအပ်သည့် လမ်းစဉ်များ ၊လေ့လာဆည်းပူးအပ်သော ပညာရပ်များ အားလုံးကို လွှမ်းခြုံပေါင်းစု၍ ရည်ညွန်းထားခြင်း ဖြစ်ပါ၏. . . . .

မည်သို့သော အလုပ်မျိုးကို မဆို စီစစ် ရွေးချယ်ပြီး လုပ်မှသာ ပြီးမြောက် အောင်မြင်နိုင်ပါ၏ . . . အလုပ်များကို ရွေးချယ် စိစစ်ရာ၌ အောက်ပါ အချက်အလက်များ ဖြင့် စံပြု လိုက်နာအပ်သော နှုန်းစံများကို နည်းလမ်းကောင်းများ အဖြစ် လိုက်နာကြရမည်ဖြစ်ပါတယ် . . . .

၁. ဘယ်အလုပ်၊ ဘယ်လမ်းစဉ် ၊ ဘယ်ပညာရပ်ကို သင် အနှစ်သက် သဘောအကျဆုံးဖြစ်သည်ကို ဆုံးဖြတ်ပါ. .

၂. ထိုအလုပ်၊ ထိုလမ်းစဉ် ၊ ထိုပညာရပ်များသည် သင်၏ စိတ်ဝင်စားမှု ၊ ၀ါသနာ ၊ စရိုက်၊ မိသားစု ပတ်ဝန်းကျင် အခြေအနေ မည်မျှ လိုက်ဖက် ဆီလျော်မှု ရှိ၊ မရှိ ဝေဖန်ပါ.

၃. ထိုအလုပ်၊ ထိုလမ်းစဉ်၊ ထိုပညာရပ်များကို လုပ်ကိုင်၊ သင်ယူပြီး နောက် သင့်ဘ၀ ဘယ်လိုပုံစံမျိုး ဖြစ်လာမည် ကို မျှော်တွေးကြည့်ပါ.

၎. ထိုအလုပ် ၊ ထိုပုံစံ၊ ထိုဘ၀မျိုးမှာ သင့်ဘ၀အတွက် ကျေနပ်ပျော်ရွှင်မှု ဘယ်လောက်ရနိုင်မလဲ ဆိုတာကို ဆန်းစစ်ကြည့်ပါ. .

၅. ထိုဘ၀မျိုးတွင် သင့်အတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့် ငွေကြေး ဥစ္စာ မည်မျှရနိုင်ကြောင်းကို ခန့်မနှန်းကြည့်ပါ. .

၆. ထိုအခြေအနေတွင် သင်ခံစားရရှိမည့် အခွင့်အရေးနှင့် ဆီလျော်ညီစွာ သင်၏ ကာယ၊ ဥာဏအားဖြင့် မည်မျှ တုံ့ပြန်ဆောင်ရွက်နိုင်မည်ကို တွက်ဆကြည့်ပါ.

၇. ထိုအလုပ် ၊ ထိုလမ်းစဉ် ဖြင့် သင့်တစ်သက်တာ ဘ၀နေ၀င်ချိန်ထိတိုင် ချမ်းသာကြွယ်ဝမှုနှင့် ပျော်ရွှင်ချမ်းမြေ့မှု တို့ကို မည်မျှ ပေးနိုင်ကြောင်း မျှော်မှန်းကြည့်ပါ. .

အောက် ဖော်ပြပါ ရွေးချယ်ရေး စံ (၇) ချက်ဖြင့် နှိုင်းယှဉ် စိစစ် ဝေဖန်တွက်ဆပြီးမှ အလုပ်တစ်ခု ၊လမ်းစဉ်တစ်ခုကို ရွေးချယ်ဆောင်ရွက်လျှင် အမှားတွေ့၍ လမ်းတစ်ဝက်၌ ရပ်နားလိုက်ရသည့် အဖြစ်မျို၊ အားမတ်မာန်လျှော့၍ နောက်ကြောင်း ပြန်လှည်လိုက်ရမည့် အဖြစ်မျိုးမှ ရှောက်ကြဉ်နိုင်ပြီး မိမိဘ၀အတွက် အရေးပါသော ဆုံးဖြတ်ချက် တစ်ရပ်ကို မှန်မှန်ကန်ကန် ချမှတ်နိုင်မည်သာ ဖြစ်ပါတယ်. .


ဦးဝမ်းထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

သမီးလေးဖတ်ဖို့


သမီးရေ. ..

ဖေဖေတို့ မြန်မာလူမျိုးတွေဟာ
အားနာတယ် ဆိုတာကို ယဉ်ကျေးမှု
ဓလေ့ ထုံးစံတစ်ခုလို မှတ်ယူနေကြတယ်. .
ပြောရမှာ အားနာနေလို့ မပြောဘဲနေတယ်

မပြောဘဲ နေမရလို့ ပြောကို ပြောရတဲ့အခါကျ
စိတ်ဆိုး ဒေါသထွက် မိတ်ပျက်ကုန်ကြတယ်
အားနာလို့ ဒေါသထွက် မိတ်ပျက်ကုန်ကြတယ်
အားနာလို့ ဒုက္ခရောက်တာ တစ်ခုပြောရဦးမယ်

သူများအိမ်သွားလည်ရင်း ဆီးသွားချင်တယ်
အိမ်ရှင်ကို ဆီးသွားချင်ကြောင်းပြောရမှာ အားနာလို့
မပြောဘဲ အောင့်ထားတယ်. . အတော်ကြာတယ်..

အိမ်ရှင်ကလည်း စကားကောင်းနေလေတော့
သည်းခံနားထောင်ပြီး ဆီးအောင့်ထားရပြန်တယ်.
သည်လိုနဲ့ ဆီးချုပ်ပြီး ဒုက္ခရောက်ပါလေရော

ဒါကြောင့်. .. ဘာကိစ္စပဲ ဖြစ်ဖြစ်
အားမနာသင့်တာ အားမနာပါနဲ့
ပြောသင့်တာ ပြောပါ . . လုပ်သင့်တာ လုပ်ပါ
မေးသင့်တာ မေးပါ. .. . ပွင့်လင်းမှုရှိပါစေ. .

သူ့အတွက်လည်း အကျိုးမရှိ. . ကိုယ့်အတွက်လည်း
ထိခိုက်နစ်နာ စေနိုင်တဲ့ ကိစ္စမျိုးတွေမှာ
အားနာပါးနာ ပြုမှု ပြောဆိုတာမျိုး မလုပ်ဖို့
ဖေဖေ အလေးအနက် မှာကြားချင်ပါတယ်. .

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဒုက္ကရစရိယာကျင့်၍ ကိုယ်တော်၏ အသွေးအသား ခေါင်းပါးနေပုံ



ဘုရားအလောင်းသည် ရဟန်းပြုပြီးနောက် ဆရာဖြစ်ထိုက် သူကိုရှာရာ အာဠာရနှင့် ဥဒက ရသေ့တို့ကိုတွေ့၍ ထိုရသေ့တို့အထံမှ လောကီဈာန်မျှကိုသာ နည်းခံရသဖြင့် အားရတင်းတိမ်ခြင်း မရှိဘဲ တရားထူးကို ဆက်လက်ရှာဖွေကာ ဥရုဝေလတောသို့ ရောက်တော်မူသည်. . . ထို့နောက် သေနာနိဂုံးသို့ ဆွမ်းခံဝင်၍ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင်. . ဆွမ်းခံသွားရသည်ကိုပင်. . တရားအလုပ် အနှောင့်အယှက်ဟု ထင်သောကြောင့် ဒုက္ကရစရိယကို စ၍ကျင့်တော်မှုလေသည်. .

သာမငန်လူတို့ကျင့်နိုင်ခဲသော အကျင့်ကို ဒုက္ကရစရိယဟုခေါ်သည်. . .

ကျင့်စဉ်မှာ - ဆွမ်းမစားဘဲ အလိုလို ကြွေကျသော သစ်သီးကိုသာ ကောက်ယူ စား၏ . . ထို့နောက် သစ်ပင်ရှိရာသို့သွား၍ မကောက်ဘဲ မိမိ သစ်ပင်အောက်က သစ်သီးကိုသာ ကောက်စား၏ . . . ထို့နောက် သစ်သီးတစ်လုံး နှမ်းတစ်လုံး ဆန်တစ်လုံးကိုသာ စား၏. . ဤသို့ အစာကိုလျှော့သဖြင့် အသွေးအသား မရှိတော့ချေ. . . စိုပြည်ဝင်းဝါသော. . အဆင်းတော်လည်း ညိုမဲ သွေ့ခြောက်ကာ အရိုးနှင့် အရေသာ ကျန်လေတော့သည်. .

The future Buddha made the great struggle and his body became emaciated

Having become a monk, the future Buddha sought for teachers and found two renowned Brahmin teachers. Alara Kalarma and Uddaka Ramaputta. He acquired from them the method of meditation leading only to mundane superhuman power. But not satisfied with it, he ceased to practise it . And being desiroius of attaining Enlightenment he continued his search and went to Uruvela grove. He entered Senani village an begged for his food from house to house and ate his meal. He thought to himself that having to go on a begging round for food in itself was a hindrance to his ascetic practices and began to practices the Great Struggle. The great Struggle is an austere practice which is beyond human endurance of an average person. He tried various plans such as, abstaining from rice meal and living on fruits which dropped from trees then on fruits which dropped drome the tree under which he sat., then living on one fruit , one sesamum seed or one grain of rice a day. By this lack of nourishment his body was reduced to skin and bones and lost its golden colour and became dry and black.

အားလုံးကိုချစ်ခင်လေးစားလျှက်...

နှင်းဆီဥယျာဉ်မှူး


နှင်းဆီဥယျာဉ်မှူး

နှင်းဆီခင်းသည်
ဤ၀န်းကျင်၌ ၊ထုံလှိုက်ပျံ့သင်း
မွှေးကြိုင်ခြင်းဖြင့် ၊ သတင်းကောင်းတွေ
လေညင်းသယ်ဆောင် ဝေငှ၍။

ဥယာဉ်မှုးသည်
နှင်းဆီပင်ထက်၊ ရေဖျန်းပက်၍
ဖြည့်စွက် မြေသြဇာ၊ သန်စွမ်းလာအောင်
မြေတောင်မြှောက်ကာ၊ ပျိုးထောင်လာခဲ့
များစွာ နှစ်ရှည်၊ ကြာမြင့်ပြီလည်း
သူသည် နှင်းဆီ ဥယာဉ်မှုး။

ယနေ့သည်လည်း ၊ မာန်ဇွဲကြီးစွာ
စိုက်ကာပျိုးဆဲ၊ ယုယ မြဲပင်
နီရဲရဲပွင့်၊ လှ ဂုဏ်တင့်နေ
ပွင့်ဖတ်နူးညံ့၊ သင်းပျံ့ဝတ်ဆံ
လိမ်းကျံဝတ်ရည်၊ ချိုမြကြည်နေ
သူသည် ၀မ်းသာမဆုံးနိုင်။

မနက်ဖြန်လည်း
အားမာန်အပြည့်၊ စိုက်ပျိုးဘိလိမ့်
ပွင့်သည့်နှင်းဆီ၊ ရဲရဲနီလိမ့်
စီရရီပွင့်၊ ငွားငွားစွင့်၍
တင့်တယ်ဘိခြင်း၊ ဤပန်းခင်းဝယ်
ဝင်းဝနေခြည်၊ ရှိဦးမည်တည့်
သူသည် စိုက်မြဲ ပျိုးမြဲ ယုယမြဲ။

နှင်းဆီခင်းသည်
ဤ၀င်းကျင်၌ ၊ သည်းခိုက်ဆွတ်ပျံ့
ရနံ့ထုံသင်း၊ မွှေးကြိုင်ခြင်းဖြင့်
သတင်းကောင်းတွေ ၊ ကြားသိနေသည်
လေညင်းဖြန့်ဝေ ပေးကမ်း၍။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...

ခရမ်းချဉ်သီးများများစားပါ...



ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

  • ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..
  • ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.
  • အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.
  • တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .
  • ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.
  • ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .
ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကလေးငယ်များ အဆိပ်သင့်လျှင်



ကလေးငယ်များ ကို မြွေ၊ အင်းဆက်ပိုးမွှား၊ ရေနေ သတ္တ၀ါအချို့ အစရှိတဲ့ အဆိပ်သင့် အကောင်များ က သူတို့ရဲ့ အဆိပ်များကို နာဗ်ကြောထဲရောက်အောင် ထိုးသွင်းနိုင်ပါတယ်. . ယင်းအကောင်များ ရဲ့ ကိုက်ခဲမှု က ပြင်းထန်တဲ့အတွက် တစ်သျှူး ပျက်စီးမှုကို ဖြစ်စေပြီး တချို့အခြေအနေများတွင် အသက်သေဆုံး သည်အထိ ဖြစ်တတ်ပါတယ်. . . .

၎င်းအဆိပ်ရှိသတ္တ၀ါများ အကိုက်ခံရပါက

၁။ လူနာကို ငြိမ်ငြိမ်ထားပါ. . ဒဏ်ရောနေရာကို နှလုံးနေရာထက် နိမ့်တဲ့ နေရတွင် ထားပါ. . . ဒီလိုလုပ်ခြင်း ဖြင့် တစ်ကိုယ်လုံးသို့ အဆိပ် ပျံ့နှံ့ခြင်းကို နှေးကွေးစေပါတယ်. . .

၂။ အနာကို ကျုံ့ဆန့်နိုင်တဲ့ ပတ်တီးနှင့် စည်းထားပြီး ဆေးရုံသို့ ချက်ချင်း ခေါ်ဆောင်သွားပါ. . .

၃။ သွေးလန့်ခြင်းအတွက် ပြုစုကုသပါ. . လိုအပ်ရင် အဆုတ် ၊ နှလုံး ပြန်ခုန်လာအောင် CRT လုပ်ပါ...

၎။ မြွေပွေး မြွေဟောက်စသော မြွေများ အကိုက်ခံရပါက

- ပတ်တီးမစည်းပါနှင့်
- ရေခဲမအုံပါနှင့်
- ကိုက်သည့်ဒဏ်ရာကို ခွဲမစိတ်ပါနှင့်. . .
- မြွေဆိပ်ကို ပါးစပ်နှင့် မစုပ်ထုတ်ပါနှင့်.

Health Digest

အားလုံးကိုချစ်ခင်လေးစားလျှက်..

.

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။