ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မရှိမဖြစ်. . . . ရေ ( ၂ )

ကျွန်မတို့ ရဲခေါင်ကြီး(တောင်) ကျေးရွာမှာ လူဦးရေနဲ့ အိမ်ထောင်စုတွေ ပိုမိုများပြားတာကြောင့် ရေပေးဝေမှု ကို အချိန်ကြာမြင့်စွာ ပေးဝေခဲ့ပါတယ်. . . ရှေ့မှာ ပေးဝေခဲ့တဲ့ရွာတွေထက်လည်း ရေဝေရတာ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ရှိပါတယ်. . ဒါကြောင့် မြင့်မြတ်အလင်းအဖွဲ့သားများနဲ့ ရွှေစင်ကြယ် (၂) သဘောင်္မှ မိသားစုများ က ညစာကို ည ၁၀နာရီမှ အားလုံး တစ်စုတစ်ဝေး တည်း စားဖြစ်ကြပါတယ်. . .

အဖွဲ့သားတွေလည်း တော်တော် မောသွားပြီး ခဏနားပြီး နောက်နေ့ ရေပေးဝေမှု အစီအစဉ်များ ဆွဲသူက ဆွဲ သဘောင်္ဝင်လို့မရသော နေရာများသို့ စက်လှေဖြင့်ရေဗုံးများဖြင့် ပို့ရန် စီစဉ်သူ က စီစဉ်လျှက်ရှိပါတယ်. . . ကျွန်မတို့ (၂) ယောက်က တော့ ည ၁၂ နာရီခန့်မှာ အိပ်ရာဝင်ဖြစ်ပါတယ်. . .



"ကန့်ဘလာ" ကျေးရွာ
ကန့်ဘလာကျေးရွာသို့ လှေများဖြင့် ရေလာယူနေပုံ

မနက် (၅) နာရီမှာတော့ ရဲခေါင်ကြီး (တောင်) ကျေးရွာကနေပြီး ဆက်လက်ထွက်ခွာလာရာ ဟိုင်းကြီးမြို့နယ်ခွဲ "ကန့်ဘလာ" ကျေးရွာသို့ မနက် ၇ နာရီမှာ ရောက်ရှိခဲ့ပါတယ်. .. အဲဒီရွာလေးမှာလည်း ရွာရှိရေတွင်းများ ခန်းခြောက်သွားတဲ့ အတွက် သောက်ရေ သုံးရေ ရှားပါးခြင်း ဒုက္ခတွေ ခံစားနေရပါတယ်. . . . ရွာနဲ့ ဝေးကွာတဲ့ နေရာမှာ စမ်းချောင်းသေးသေးလေးတွေ မှ လည်းကောင်း တွင်းလေးများတူးပြီးရေကို မျှသုံးနေရပါတယ်. . . . ဒါပေမယ့် ၀ယ်မသုံးနိုင်သောသူများ နှင့် လှောင်စရာ ရေတိုင်ကီမရှိတဲ့ လူတွေ အတွက်ကတော့ သုံးစရာ ရေကို လုံးဝမရှိဘူးလို့ပြောပါတယ်. . .

ကန့်ဘလာကျေးရွာအနားမှာရှိတဲ့ ရေကျော်၊ ဘုရားလှ၊ သုံးခွ နှင့် အနီးရှိရွာများ ကိုတော့ သဘောင်္မ၀င်နိုင်တဲ့ အတွက်. . စက်လှေများငှားပြီး ဖြင့် ရေဗုံးများ တွင် ရေထည့်ပြီး ပို့ဆောင် ရေဝေပေးခဲ့ပါတယ်. . . အချို့ရွာများမှလည်း လှေငယ်လေးများဖြင့် တစ်ပိုင်တစ်နိုင် ရေဗုံးများဖြင့် လာရောက် သယ်ယူခဲ့ပါတယ်. . . မြင့်မြတ်အလင်း သာသနာ့ အကျိုးဆောင် အဖွဲ့မှ ရောက်ရှိရာ ရွာများတွင် ရွာဦးဘုန်းတော်ကြီးကျောင်းအတွက် ကိုလည်း သီးသန့် ရေများ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်. . . ကန့်ဘလာကျေးရွာ အနားမှာရွာများ မှာ ရေရှားပါးပြီး ရွာငယ်လေးများ များသဖြင့်. . .. ကန့်ဘလာရွာတွင် ရေပေးဝေမှု အချိန်ပိုကြာခဲ့ပါတယ်. .
.
အနီးရှိရွာများသို့ စက်လှေများဖြင့် ရေဝေငှနေပုံ

မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ပြင်ခရိုင်မြို့နယ် ချောင်းဝကျေးရွာသို့ဆက်လက် ထွက်ခွာလာပြီး ၁၁ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့ပါတယ်. . . . ကန့်ဘလာနှင့် ချောင်းဝ ကျေးရွာကြားတွင် . . နာဂစ် မုန်တိုင်းတိုက်ခိုက်မှု အခံရဆုံး ဘုန်းတော်ပြည့်ရွာ၊ ကျောက်ကလပ် ၊ဒီဒူးကုန်း၊ စသည့် အလယ်ကျွန်းတစ်လျှောက် ကျေးရွာများကို တွေ့ခဲ့ရပါတယ်. . . . နာဂစ်တိုက်တုန်းက ခုကျွန်မတို့ မြင်ရတဲ့ ရွာတွေက လက်ရှိ ပင်လယ်ရဲ့ ၂၈ ပေ အမြင့်ကို တက်အောင် တိုက်ခိုက်ခဲ့ပါတယ်တဲ့ . . . . . ချောင်းဝရွာမရောက်ခင် သာယာလှတဲ့ ဟိုင်းကြီးကျွန်းကိုလည်း လှမ်းမြင်နိုင်ပါတယ်. . .

ဟိုင်းကြီးကျွန်း

ချောင်းဝကျေးရွာ

ချောင်းဝကျေးရွာရောက်တော့ ရွာသားတွေက ရေအလှူ အဖွဲ့ကို လှိုက်လှဲ ပျူငှာစွာ ကြိုဆိုကြပါတယ်. . . . ချောင်းဝကျေးရွာက ပုဇွန်ခြောက်၊ ဂဏန်း၊ စသည့် ပင်လယ်ရေထွက်ပစ္စည်းများ ပေါများပါတယ်. . . . အိမ်ခြေလည်း များပြီး စီးပွားရေးကောင်းတဲ့ ကျေးရွာထဲမှာ ပါဝင်ပါတယ်. . . ချောင်းဝ ကျေးရွာမှာတော့ မြင့်မြတ်အလင်း အဖွဲ့မှ တစ်ချို့တစ်ဝက်မှာ ရေအလှူပေးရန်ကျန်ခဲ့ပြီး ကျွန်မတို့ (၂) ယောက်ကတော့ ကျန်သော မြင့်မြတ်အလင်း အဖွဲ့သားများနှင့် ပြင်ခရိုင် မြောက်ကျောင်း ဘုန်းကြီးကျောင်းသို့ ဆရာတော် အခေါ်လွှတ်သော ကားနှင့် လိုက်ခဲ့ပါတယ်. . . . . ကားမှာ ချောင်းဝရွာထဲမှ ထွက်ပြီး ပြင်ခရိုင်သို့ အသွားတွင် နာဂစ် အတွက် ပြန်လည် တည်ဆောက်ပေးထားသော အိမ်များ ပြင်ခရိုင်မြို့အ၀င်တွင် Cyclone Shelter ကိုပါ တွေ့ခဲ့ရပါတယ်. . .


Cyclone Shelterr

မိနစ် ၃၀ ခန့် မောင်းပြီး ပြင်ခရိုင်မြို့နယ် မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ရေချို ထွက်ရှိပြီး ဆရာတော်မှ ရေမရသော အနီးအနားရွာများသို့ စက်လှေဖြင့် တစ်မျိုး ၊ ကားဖြင့် တစ်သွယ် လိုက်လံဝေ ငှပေးလျှက်ရှိပါတယ်. . . . ပြင်ခရိုင် မြောက်ကျောင်းမှ ကျွန်မတို့ ညနေ ၃ နာရီခန့်တွင် ပြန်လာပြီး ချောင်းဝရွာမှာ ညနေ ၃နာရီ ၂၀မိနစ်တွင် ပုသိမ်သို့ပြန်လည် ထွက်ခွာခဲ့ပါတယ်. . . .




ပြင်ခရိုင်မြို့နယ် မြောက်ကျောင်း


မြောက်ကျောင်းဆရာတော် မှ ရေပေးဝေနေပုံ

လပွတ္တာမြို့နယ် တူးမြောင်းရွာ

ညနေ ၆ နာရီ ၃၀ ခန့်တွင် လပွတ္တာမြို့နယ် တူးမြောင်းရွာသို့ ၀င်ပြီး ရေများကို ပေးဝေခဲ့ပါတယ် ယခုအကြိမ်နှင့် ဆိုလျှင် တူးမြောင်းရွာ ကို ဒုတိယ အကြိမ်ပေးဝေခြင်းဖြစ်တယ် လို့ သိရပါတယ်. . . သဘောင်္ပေါ်မှ ရေဗုံးများဖြင့် ရွာသို့ အကုန်ပေးဝေခဲ့ပါတယ်. . . . ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဆက်လက်ထွက်ခွာလာခဲ့ရာ ပုသိမ်မြို့သို့ . . . ည ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ပါတယ်. . . .


တူးမြောင်းရွာတွင် ရေဗုံးနှင့်ရေများ ပေးဝေနေပုံ

ပုသိမ်မြို့ မြင့်မြတ်အလင်း အဖွဲ့သားများနှင့် ရွေစင်ကြယ်သဘောင်္ အဖွဲ့သားအားလုံးက ရေအလှူ အတွက်ကို အားလုံး အမျှပေးပြီး သာဓု ခေါ်ဆိုခဲ့ပါတယ်. . . . . . ကျွန်မတို့နှင့် ရေလှူဒါန်းသော သူများ အားလုံးလှူဒါန်းသော ကုသိုလ် အဖို့ဘာဂ ကို စာဖတ်ပရိသတ်များကိုလည်း ကုသိုလ် အမျှ ပေးဝပါတယ် ရှင်. . . အားလုံး အမျှရ ပြီး သာဓု ခေါ်ဆို နိုင်ပါစေရှင်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...



မရှိမဖြစ်. . . ရေ

"ရေအသက်တစ်မနက် ထမင်းအသက် ခုနှစ်ရက် "

ကျွန်မတို့ ဧရာဝတီတိုင်း အပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားမှာ ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရတဲ့ အခက်ခဲတွေ များစွာဖြစ်နေပါတယ်. . . "ရေအသက်တစ်မနက် ထမင်းအသက် ခုနှစ်ရက် " ဆိုသလိုပဲ ထမင်းမစားပဲ
၇ ရက်နေနိုင်ပေမယ့် ရေမသောက်ပဲ တစ်မနက်တောင် ကျွန်မတို့ မနေနိုင်ပါဘူး . . . ဒီနှစ်နွေရာသီက ခါတိုင်းနှစ်တွေထက် ပိုပူပြင်းပါတယ်. . . ဒါကြောင့် ပုံမှန်ရေရရှိနေတဲ့ နေရာတွေမှာတောင် ရေရှားပါးမှု ပြဿနာများစွာ ပေါ်ပေါက်ခဲ့ပါတယ်. . .။ ရေရှားပါးမှုကြောင့် လူတွေရဲ့အသက်ပေါင်းများစွာကို ထိခိုက်ဆုံးရှုံးနစ်နာစေနိုင်သလို… ရောဂါပေါင်းများစွာကိုလည်း ကူးစက်ပြန့်နှံ့စေနိုင်ပါတယ်။

သင်ရော ရေလှူပြီးပြီလား????

သုမင်္ဂလဖောင်ဒေးရှင်းမှ ရေလှူဒါန်းခြင်းကို ဧရာဝတီတိုင်း၊အလယ်ကျွန်းဒေသသို့ ရှပ်ပြေးသင်္ဘောကြီးဖြင့် ရေဂါလံတစ်သိန်းကျော်တင်ဆောင်ပြီး ပုသိမ်မြို့မှ(၁၄-၅-၂၀၁၀)တွင် စတင်ထွက်ခွာ၍ တူးမြောင်းရွာ ၊ အထက်ပြွန်ရွာ ၊မကျဉ်းပင်ရွာ ၊သုံးခွရွာ ၊အုန်းပင်စုရွာ ၊ တံခွန်တိုင်ရွာ ၊ကျောက်တခါးရွာ ၊ ကြာကန်ရွာ ၊အောက်ပြွန်ဝရွာ၊ ဇီးဖြူဆိပ်ရွာ ၊ အင်္ဂတေရွာတို့ကိုသောက်သုံးရေများဝေငှပေးခဲ့ပြီးဖြစ်ပါတယ်။

(၁၇-၅-၂၀၁၀)နေ့တွင်လည်း ထိုရွာများသို့ ဒုတိယအကြိမ် ထပ်မံသွားရောက်၍ဝေငှခဲ့ကြပြီး (၂၁-၅-၂၀၁၀)နေ့ တတိယအကြိမ် မြောက်တွင်- ကျုံကူးရွာ ၊ ရဲခေါင်ကြီးရွာ ၊ ကန့်ဘလာရွာ ၊ ဘုရားတောင် -တောင်ရွာ ၊ ဘုရားတောင်-မြောက်ရွာ ၊ ရေကျော်ရွာ ၊ တူးမြောင်းရွာ ၊ ကျောက်ငူရွာ ၊ ချောင်းဝရွာ စသည့်ရွာများသို့ ရေဂါလံတစ်သိန်းကျော်ဆန့် ရှပ်ပြေးဖြင့် သွား၍ ရေလှူဒါန်းခြင်းလုပ်ငန်းများ ဆက်၍လှူဒါန်းလျက်ရှိပါသည်။ တတိယအကြိမ် ရေပေးဝေခြင်းကို မေ၁၆ နဲ့ ပန်းကဗျာတို့ လည်း ရေအလှူအတွက် တပ်အားသ၍ လူအား လုပ်အားဖြင့်ကူညီရန်၊ကုသိုလ်ဒါနအတွက် သာဓုခေါ်ဆို ပီတိဲဖြာဖို့ရန် လိုက်ပါလာခဲ့ပါတယ်. . .



ပုသိမ်မြို့တွင်းမှ အကောင်းဆုံးသောက်ရေတွင်းများမှ ရေများကို သန့်စင်ပြီး သင်္ဘော ၀မ်းဗိုက်အတွင်းထည့်၍၄င်း၊ ရေဗုံးများ အပြည့်ဖြည့်ပြီး စုစုပေါင်း ရေဂါလံ ၁ သိန်းဖြင့် ပုသိမ်မြို့မှ ၂၁.၅.၂၀၁၀ မနက် (၁၁) နာရီ တွင် စတင်ထွက်ခွာခဲ့ပါတယ်.. . . လမ်းတစ်လျှောက်တွင် သဘောင်္ပေါ်မှ င၀န်မြစ်ကို ကြည့်ရင်း လိုက်ပါလာခဲ့ရာ တဖြေးဖြေးနဲ့ ငပုတောမြို့နယ်ကို အကျော်မှာ မြစ်ဝပင်လယ်နားကပ်လာ ချိန်မှာ တော့ ကျွန်မတို့ ကမ်းကျယ်လှတဲ့ ပင်လယ်ကြီးကို ကြည့်ပြီး ကြက်သီးတောင် ထမိပါတယ်. . . မိုးလေ၀သ အခြေအနေက လည်း မိုးလေး က တအုံ့အုံ့နဲ့ နေလည်းသိပ်မပူပဲ . . . တော်တော်လေးကို အဆင်ပြေပါတယ်. .. လမ်းတစ်လျှောက် မှာလည်း ဆရာတော် ဦးသုမင်္ဂလ တရားတော်ခွေများ ဖွင့်ပြီး ဆရာတော်ရဲ့ သြ၀ါဒများကို နာယူရင်း ခရီးနှင် လိုက်ပါလာခဲ့ပါတယ်. . .


ဘုရားတောင်ကျေးရွာ

ရွေစင်ကြယ် (၂) သင်္ဘော မိသားစု နဲ့ မြင့်မြတ်အလင်း အဖွဲမှ နေ့လည်စာကို ကြက်သားဟင်း ၊ ကန်ဇွန်းရွက်ကြော်၊ ငါးပိချက်၊ တို့စရာတို့ ဖြင့်ကျွေးမွေးခဲ့ပါတယ်။နေ့ခင်း ၁ နာရီခွဲမှာတော့ ထမင်း စားပြီး ချိန်မှာ မိုးက အနည်းကရွာလာပါတယ် ၁၅ မိနစ်ခန့် ရွာပြီး မိုးကလည်းတိတ်သွားပါတယ်. . .ပထမဆုံး ရေပေးဝေမယ့်မြို့နယ်ကတော့ ငပုတောမြို့နယ် ဘုရားတောင်ကျေးရွာ ကို ညနေ ၃း၁၅ နာရီမှာရောက်ပြီး ရေများ ပေးဝေလှူဒါန်းခဲ့ပါတယ်. . .ဘုရားတောင်ကျေးရွာက အိမ်ခြေ ၂၀၀ ခန့်ရှိပါတယ်. . .

ရေပေးဝေလှူဒါန်းမှုအတွက် တက်ကြွစွာ ၊ စေတနာ ၊ သဒ္ဓါအားကောင်းစွာ ဆောင်ရွက်နေသော မြင့်မြတ်အလင်း သာသနာ့ အကျိုးဆောင် အဖွဲ့နှင့် ရွှေစင်ကြယ်မိသားစုတို့ရဲ့ မှတ်တမ်းဓာတ်ပုံများ...။

ဘုရားတောင်ကျေးရွာ သောက်သုံးရေ ပေးဝေနေပုံ

ကျွန်မနှင့် မပန်းကဗျာကတော့ ကင်မရာလေး တစ်လုံး ကိုင်ပြီး သောက်သုံးရေ ကို အားကိုးတကြီးလာရောက် အလှူခံကြတဲ့ ကျေးရွာနေ လူထုကို အတွေ့အကြုံများမေးမြန်းရင်း....မှတ်တမ်း ဓာတ်ပုံများကို ရိုက်ယူဖြစ်ခဲ့ပါတယ်။ရေမကူးတတ်ပဲ ပင်လယ်ပြင်ခရီးကို လိုက်ပါခဲ့တဲ့ ကျွန်မတို့၂ယောက်ဟာ ရေပေးဝေခြင်းကို ကူညီဖို့နေနေသာသာ အကျိုးဆောင်အဖွဲ့ကတောင် ကျွန်မတို့ နှစ်ယောက်ကို. . . . ပြန်လည်စောင့်ရှောက်နေရပါတယ်. . . . အကျိုးဆောင် အဖွဲ့က အမတို့ရှေ့ရွာတွေ ရောက်ရင် ရေ(၁၀) ဂါလံ တစ်ပုံးဆီသယ်ရမယ်လို့ နောက်ပါတယ်. . . . .ကျွန်မတို့ကလည်း ရပါတယ် ဒီပုံးလောက် ကအေးဆေး ရေတိုင်ကီ အပြည့်နဲ့ သယ်ပေးမယ်လို့ ပြန်နောက်ဖြစ်ခဲ့ပါတယ်. . .ညနေ ၄:၃၀နာရီ မှာတော့ ရှေ့ဆက်ရေဝေပေးရမယ့် မြို့တွေကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။

ရဲခေါင်ကြီးကျေးရွာ နှင့် အနီးအနားကျေးရွာများကို သောက်ရေများ ဝေငှနေပုံ

ညနေ ၅.၄၅ နာရီမှာ လပွတ္တာမြို့နယ် ရဲခေါင်ကြီး အုပ်စု သို့ရောက်ရှိခဲ့ပါတယ် ။ရဲခေါင်ကြီးရွာကတော့ အိမ်ခြေ ၂၃၅ အိမ် ၊ လူဦးရေ နှစ်ထောင်ကျော်ခန့်ရှိပါတယ် . . . . ဒီရွာလေးမှာတော့ ကျွန်မတို့အဖွဲ့ရဲ့ ရေပေး ဝေမှုအပြင် World vision အဖွဲ့ရဲ့ ရေဖြန့်ဝေပေးမှုကိုလည်းရတယ်လို့သိရပါတယ်။ ဘာကြောင့် ရေအခက်အခဲရှိရသလည်း...ဆိုတာ မေးမြန်းကြည့်တဲ့အခါ နှစ်စဉ်ရွာက မိုးရေကန်ကြီးများကို သောက်သုံးရေအတွက်အမှီပြုပြီး နေထိုင်ကြတယ်။အရင်နှစ်တွေမှာလည်း ဒီလိုရေအခက်အခဲမရှိခဲ့ပါဘူး မျှတသုံးခြင်းလောက်သာ ကြုံခဲ့ရပြီး၊ ဒီနှစ်တွင် မတော့ ပူးပြင်တဲ့နေကြောင့် ရေကန်များ ခမ်းခြောက်သွားခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်။ လပွတ္တာမြို့ နယ်အတွင်းရှိ ကျေးရွာများ၊ ပင် လယ်ကမ်းစပ်နှင့်နီးသော ကျေးရွာ များတွင် သောက်သုံးရေကန်များ၌ ရေမရှိသလောက် နည်းပါးသည့် အတွက် နီးစပ်ရာရွာများတွင် သွား ရောက်ခပ်ယူသုံးစွဲနေကြရသည်ဟု ဒေသခံများကဆိုသည်။

အဲဒီနောက် ည ၇.၁၅ နာရီမှာ ရဲခေါင်ကြီး(တောင်) ကျေးရွာကို ထွက်ခွာခဲ့ရာ ည ၈ နာရီမှာ ရောက်ရှိပါတယ် အဲဒီ က အိမ်ခြေနဲ့ လူဦးရေ ပိုများတဲ့ အတွက် ရေပေးဝေချိန်တော်တော် ကြာပါတယ်. . .သဘောင်္ကိုလည်း လှိုင်းရှိတဲ့ အတွက် ရွာမှာပဲ ညအိပ်ရပ်နားခဲ့ပါတယ်. . . . .

ရဲခေါင်ကြီး(တောင်) ကျေးရွာ

သဘောင်္ရောက်ရှိချိန်မှာ ရေပေးဝေလှူဒါန်း မှာကို မျှော်လင့်စောင့်စားနေကြတဲ့ ကျေးရွာပြည်သူတွေရဲ့ အားကိုးတကြီး စောင့်စားနေပုံတွေဟာ မျက်စိထဲက မထွက်ပါဘူး။ဒုက္ခရောက်နေသူများကို ကယ်တင်ဖို့အတွက် လူသားတိုင်းမှာ ကိုယ်ချင်းစာတရားရှိဖို့လိုပါတယ်။ သံသရာမှာ မတော်စပ်ဘူးသော ဆွေမျိုးမရှိပါဘူး။မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များအရ - လူ့ဘ၀ဟာ အလွန်ရခဲသည့် အဖြစ်တစ်ခု ဖြစ်ပြီး၊ သံသရာတွင် အဆွေအမျိုး မတော်စပ်ခဲ့ ဖူးသူ မရှိကြောင်း၊ အားလုံးသည် အဆွေအမျိုးများ ဖြစ်ကြောင်း၊ နာကြားမှတ်သား သိရှိကြပြီး ဖြစ်ကြမှာပါ။ သို့အတွက်ကြောင့် (သံသရာ အစဉ်အဆက်မှ) အဆွေအမျိုးများကို အတတ်နိုင်ဆုံး တတ်စွမ်းသလောက် ကူညီစောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းရေးသားအပ်ပါတယ်။

(ဒုတိယပိုင်း ဆက်လက်ရေးသားဖော်ပြပါမည်)


အားလုံးကိုချစ်ခင်လေးစားလျှက်...



အာလူးကတ်တလစ်



ရာသီဥတု က ပူတော့ တစ်နေ့တစ်နေ့ အိမ်မှာ ဟင်းချက်ရတဲ့သူတွေ က ငြီးငြူကြပါတယ်. . . ဘာချက်စားရင်ကောင်းမလည်း ဆိုပြီး မေ16 လည်း ဘယ်ရမလည်း စာအုပ်ထဲက ဟင်းချက်နည်းတွေ ဖတ်ပြီး ဘယ်ဟာကို ဘယ်လိုလုပ်ဆိုပြီး ဆရာလုပ်လိုက်တာပေါ. . . အိမ်ကလူတွေ လည်း မေ16 ပြောတဲ့ အတိုင်း ချက်စားပြီး စားကောင်းတယ်လို့ပြောတာပဲ . . .

ဒါနဲ့ ဘဘော့ဂ်ပေါ်က မိတ်ဆွေတွေလည်း ဟင်းချက်ဖို့ ခေါင်းစားနေသူများ အတွက် မေ16 က အိမ်မှာ ချက်စားတဲ့ ဟင်းတွေရဲ့ ဟင်းချက်နည်း ကို မျှဝေပေးလိုက်ပါတယ်. . . (အမှန်ပြောရရင်တော့ အချွန်နဲ့ မတာပါ )

ဘာပဲ ဖြစ်ဖြစ် ချက်ချင်သူများ အချိန်မရွေး ချက်စားလို့ရအောင် သတ်သတ်လွတ် အာလူး ကက်တလစ် ချက်စားနည်းကို ဖော်ပြပါ့မယ် .. . .

အာလူး - ၂၅ ကျပ်သား
ဆီ - ၁၀ ကျပ်သား
ကြက်သွန်နီ - ၆ ဥ
ကြက်သွန်ဖြူ - ၂ ဥ
ဂျုံမှုန့်ဇွန်းကြီး -၂ ဇွန်း
မဆလာ - ၁ ထုပ်
ဆား - အနည်းငယ်

အာလူးကိုပြုတ်၍ ထောင်းပြီး ဂျုံမှုန့်နှင့် ဆား အနည်းငယ်ဖြင့် နယ်ထားပါ. . . ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တို့ကို နုတ်နုတ်စဉ်းပါ. . . ဆား၊ မဆလာ တို့ဖြင့် သမအောင် ပြုပြီး ဆီအိုးထဲတွင် ထည့်၍ လုံးပါ. . . ထောင်းထားသော အာလူးနှင့် ဂျုံမှုန့်ကို အပြားပြုလုပ်ပြီး ကြက်သွန်ဖြူနီ သမ၍ လုံးထားသည်များကို အလယ်တွင် ထည့်ပြီး ဌာပနာ ပြီး ကြော်ပါ. . . အနီရောင်သမ်းလာလျှင် ချ၍ စားသုံးနိုင်ပါပြီ . . . .

အသားထည့်ပြီး လည်း လုပ်လို့ရပါတယ် . . . အသားထည့်မယ်ဆိုရင် ကြက်သား၊ ၀က်သား မိမိထည့်လိုသည့် အသား (၂၀သား) ခန့်ကို နုတ်နုတ်စဉ်းပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား ၊ မဆလာတို့ဖြင့် ဆီအိုးထဲတွင် အသားနူးအောင် ထည့်လုံးပြီး အာလူး အလယ်တွင် ဌာပနာပြီး ကြော်ကာ စားသုံးနိုင်ပါသည်. .

ကဲ ဒီအာလူးကတ်တလစ်ကြော်ကို လုပ်စားကြည့်ပါအုံးနော် စားလို့ကောင်းတယ် ဆိုရင် မေ16 ကိုလည်း ခေါ်ကျွေးကြပါအုံးနော်


အားလုံးကိုချစ်ခင်လေးစားလျှက်...

ပုသိမ်မြို့တွင် ပထမဆုံးအကြိမ်မိုးသည်းထန်စွာ ရွာသွန်း

ဧရာဝတီတိုင်း မြို့တော်ပုသိမ်တွင် ၂၀၁၀ခုနှစ် အတွက် ပထမဆုံး အကြိမ်အဖြစ် ယနေ့မနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ပြင်းထန်သော လေနှင့်အတူ သည်းထန်သော မိုးသည် မေလ ၁၈ ရက်နေ့ မနက်အစောပိုင်းဖြစ်သော မနက် ၃ နာရီခွဲခန့် အချိန်တွင် ရွာသွန်းခဲ့ခြင်ဖြစ်ပြီး ရွာသွန်းချိန် မကြာမြင့်သော်လည်း မိုးသည်းထန်သည်ဟု သိရသည်။

“မနက် ၃ နာရီလောက် လေတွေတအားတိုက်လာလို့ တစ်အိမ်လုံးလန့်နိုးကုန်တယ်။ လေကပြင်းတော့ တစ်အိမ်လုံး သိမ့်သိမ့်ခါ နေတာ။ အဲဒါနဲ့ ရှိသမျှ ပြတင်းပေါက်တွေ လိုက်ဖွင့်ရတယ်။ ပြီးတော့ မိုးပါရွာလာတာ။ ရွာတာ သိပ်အချိန်မကြာပေမယ့် မိုးသည်းတယ် ရေလည်းပါတယ်။ ဘာပဲဖြစ်ဖြစ် မိုးရွာလိုက်တော့ တော်တော်လေးတော့ နေရထိုင်ရတာ သက်တောင့် သက်သာရှိသွားတယ်” ဟု မြို့ပေါ်နေ ပြည်သူတစ်ဦးက ပြောပါသည်။

ပုသိမ်မြို့ပေါ်တွင် ယနေ့မနက်ပိုင်းအထိ နေမထွက်သေးဘဲ မိုးဖွဲလေးများ ကျလျက်ရှိသေးသည်။ နွေရာသီကာလ တစ်လျောက် ပြင်းထန်ဆိုးရွားသော အပူဒဏ်ကို ခံခဲ့ရသော ဤဒေသအတွက် မိုးရွာသွန်းမှုကြောင့် အပှုရှိန် အတော်အသင့် လျော့နည်းသွား၍ လူအများ နေရထိုင်ရ သက်တောင့်သက်သာ ဖြစ်လာသော်လည်း မိုးဆက်လက် မရွာပါက ပိုမိုပူပြင်းလာမည်ကို မြို့နေလူထုက စိုးရိမ်လျက်ရှိသည်။

ယခုကဲ့သို့ မိုးရွာသွန်းမှုသည် မေလ ၁၇ ရက်နေ့တွင်ပင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအား နည်းရပ်ဝန်းတစ်ခု စတင်ဖြစ်နေသောကြောင့် ဖြစ်ပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပါက မုန်တိုင်းမိုးအဖြစ် ဆက်လက် ရွာသွန်းဖွယ်ရှိသည်ဟုလည်း သိရှိရပါသည်။ မိုးရွာသွန်းမှုကြောင့် စိတ်ချမ်းသာရသော်လည်း လေပြင်းတိုက်ခတ်၍ မုန်တိုင်းဝင်မည်ကိုတော့ အထူးစိုးရိမ်ကြောင်း မြို့နေလူထုအချို့က ပြောကြားသည်။

အပူဒဏ်ကို ပြင်းထန်စွာ ခံစားနေရသော မြို့တော်ရန်ကုန် တွင်လည်း ယခုနှစ်၏ ပထမဆုံးအကြိမ်အဖြစ် မနေ့က နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင် မိနစ် ၂၀ ခန့် မိုများ စတင်ရွာသွန်းခဲ့ကြောင်း သိရသည်။

မြို့တော် ပုသိမ်သတင်းစဉ် မှ ကူးယူဖော်ပြပါသည်

အားလုံးကိုချစ်ခင်လေးစားလျှက်...

မွေးနေ့အလှူ

ပုသိမ်မြို့ ဘိုးဘွားရိပ်သာ

အသက် (၈၄) နှစ် အဘိုးနှင့် အသက် (၉၅) နှစ် အဘွားက မွေးနေ့ဆုတောင်းပေးပုံ







ယနေ့ မေလ ၁၆ရက်နေ့ က ကျွန်မ မေ16 ရဲ့ မွေးနေ့ဖြစ်ပါတယ်. . . . ကျွန်မမွေးနေ့မှာ ပုသိမ်မြို့ စက်တော်ရာ ဘုရား အနီးမှာရှိတဲ့ ဘိုးဘွားရိပ်သာမှာ မနက်စာ ကို ဒီနေ့မနက် (၆) နာရီ မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်. . . .

ပုသိမ်မြို့ ဘိုးဘွားရိပ်သာမှာ စုစုပေါင်း အဘိုး၊ အဘွား (၃၇) ယောက်ရှိပါတယ်. . . အသက်အရွယ်အားဖြင့် ၇၀ ကျော် ကနေ အသက် (၉၅) နှစ်ထိရှိတဲ့ အဘိုးအဘွားများကို တွေ့ခဲ့ရပါတယ်. . . အဲဒီထဲက (၂၅) ယောက်ကတော့ ကောင်းကောင်းမွန်မွန် သွားလာ လှုပ်ရှားနိုင်ပြီး ကျန် တဲ့ ဘိုး၊ဘွား (၁၁) ယောက်ကတော့ သူတို့ နေရာမှာ ကိုသွားပြီး စားစရာများကို ယူသွားပေးရပါတယ်. . . . .. သူတို့ တွေက လှုပ်ရှားမှု အများကြီး မလုပ်နိုင်တော့လို့ပါ.

မနက်စာအနေနဲ့ အဘိုးအဘွားများကို မုန့်ဟင်းခါး ၊လက်ဖက်ရည်၊ ကော်ဖီ၊ အီကြာကွေး၊ ပလာတာ ၊ဘဲသားမုန့် စသည်တို့ အပြင် မိမိတို့ လှူဒါန်းလိုသည့် မုန့်များကိုလည်း လှူဒါန်းနိုင်ပါတယ်.. . .အဘိုးအဘွားများကို မနက်စာ အပြင် နေ့လည်စာ၊ ညနေစာ တို့ကို လည်း လှူဒါန်းနိုင်ပါတယ်...

ကျွန်ကတော့ ဒီနေ့ မနက်စာကို ကော်ဖီ၊ အီကြာကွေးနဲ့ ဘဲသားမုန့် များကို ကျွေးမွေးလှူဒါန်းခဲ့ပါတယ်. . . ထို့အပြင် အဘိုးအဘွားများ နှစ်သက်သည့် အချိန်စားနိုင်ရန် ခေါက်ဆွဲခြောက်ထုပ်များကို လည်း လှူဒါန်းခဲ့ပါတယ်. . .

ကျွန်မတို့တစ်တွေလည်း တစ်နေ့မှာ အသက်အရွယ်အိုမင်းလာကြမှာပါ. . . ထို့ကြောင့် အဘိုးအဘွားများကို ကိုယ့်ရဲ့ ဆွေမျိုးသားချင်းများ လို ကိုယ်တတ်နိုင်တဲ့ဘက် မှ ပြုစုစာင့်ရှောက်ခြင်းအား ဖြင့်လည်း ကုသိုလ်များကို ရယူနိုင်ပါတယ် . . . . . .

ဒီနေ့မှာ ကျရောက်တဲ့ ကျွန်မမွေးနေ့ အလှူကို စာဖတ်သူ ညီအကို မောင်နှမများကို ကုသိုလ် အမျှ ပေးဝေ လိုပါသောကြောင့် ဒီပို့စ်လေးကို မွေးနေ့ အမှတ်တရ အနေနဲ့ရေးသားဖော်ပြလိုက်ရပါတယ်ရှင်.

အားလုံးကိုချစ်ခင်လေးစားလျှက်...

မေးခွန်းနှစ်ခု


မိမိကိုယ်ကို အခွင့်အခါသင့်တိုင်း မေးနေသင့်သော မေးခွန်း နှစ်ခုရှိ၏. . . ထိုမေးခွန်းနှစ်ခုမှာ "ငါ တစ်စုံတစ်ယောက်ထံမှ ဘာရခဲ့ဖူးသလဲ . . . . "ဟူသော မေးခွန်းနှင့် "ငါ ထိုသူအား ဘာကို ပြန်ပြီးပေးဆပ်ဖူးသလဲ . . . . " ဆိုသည့် မေးခွန်းများပင်ဖြစ်၏. . . လူသားတိုင်းသည် အထီးတည်းနေနိုင်သော သတ္တ၀ါ မဟုတ်သဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ၊ တစ်စုံတစ်ရာ အပေါ်မှီခိုအားထားနေကြရ၏. . .

ထို့ကြောင့် လူတိုင်းသည် တစ်ဦးတစ်ယောက် တစ်စုံတစ်ရာထံမှာ အကူအညီ တစ်မျိုးမျိုး ယူခဲ့ရခဲ့ကြသည် ချည်းပဲ ဖြစ်၏. . . . သို့သော် ထိုရခဲ့သော အရာအတွက် ပြန်လည်ပေးဆက်ခဲ့ရသူ၏ အဖြစ်ကား လူတိုင်းတွင် ဖြစ်နိုင်ရန် ခဲယဉ်းလှ၏. . . မှန်လှ၏. . . လူများစွာတို့သည် "ရယူသူများ "ဖြစ်ကြ၏. . . "ပေးဆပ်သူ အဖြစ်ကို မူ လူတိုင်း မရကြချေ. .

ကျေးဇူးခံ၊ ကျေးဇူးစားသဘောနှင့် စပ်လျဉ်း၍ ပြောကြသောအခါ လူအများစုသည် မိဘကျေးဇူး၊ ဆရာ့ကျေးဇူးလောက်ကိုသာ သတိရလေ့ရှိပြီး ကျေးဇူးရှိသော ၊ ကျေးဇူးတင်ထိုက်သော အခြားပုဂ္ဂိုလ်များကို မေ့လျော့နေကြ၏. . .

မိမိအိမ်ကထွက်တိုင်း လျှောက်နေရသော မိမိအိမ်ရှေ့လမ်းသည် မိမိ၏ကျေးဇူးရှင်ဖြစ်ကြောင်းကို တွေးခေါ်စဉ်းစားမိသူ နည်းမည်ထင်၏. . . တွေးခေါ် စဉ်းစားမိသည့်တိုင် ထိုလမ်းကလေးအပေါ် မိမိ ဘာပြန်ပေးရမလဲဆိုသည်ကို စဉ်းစားမိသူ အလွန်နည်းလေသည်. . . ထိုလမ်းကလေးဆီမှ မိမိသွားလိုရာ အချိန်တိုတွင်း လွယ်ကူစွာ သွားနိုင်အောင် လုပ်ဆောင်ပေးခဲ့သည်. . .

သို့ဆိုလျှင် မိမိအကျိုး အတွက် ရယူနိုင်ခဲ့သော ထိုလမ်းကလေးအား ကျွန်ုပ်တို့သည်. . . ဘာများ ပြန်ပေးနိုင်ခဲ့ပါသလဲ . . .ကျောက်ခဲ့ တစ်ခြင်း ဖို့ပေးခြင်း ၊ ရေမြောင်းကလေးများ ရေစီးရေလာကောင်းအောင် ပေါက်ပြားနှင့် ဘယ်နှစ်ချက် ပေါက်ဆွပေးခဲ့ဖူးပါသလဲ. . .

ကျေးဇူးဟူသော သဘောသည် နက်ရှိုင်းသိမ်မွေ့လှ၏. . . သူ့ကျေးဇူး မိမိအပေါ်တင်ရှိနေကြောင်း ကို တစ်ချက်ကလေးမျှ ပြန်ပြောင်း သတိရ အောက်မေ့ခွင့်ရခြင်းသည်. ဖြစ်ခဲရခဲလှ၏. . . တစ်ဖန် သူ့ကျေးဇူးကို ပြန်၍ တုံ့ပြန်ပေးဆပ်ခွင့်ရခြင်း၊ ပေးဆပ်နိုင်ခြင်း သည် အဆတစ်ရာ၊ အဆတစ်ထောင်မျှ ခက်ခဲလှပါသည်. . . .

ကျေးဇူးမသိတတ်သူ ၊ သူ့ကျေးဇူးသဘောကို နားမလည်သူတို့၏. . ဘ၀ကျဆုံးမှုနှင့် တန်ဖိုး မဲ့မှုတို့ကို ပြလိုသဖြင့် "ကျဉ်းမြောင်း၍ မစင်အတိ ပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။""ထို့ထက် မချစ်မနှစ်သက်သော သူနှင့် အတူတကွနေရခြင်းသည် ပို၍ ဆင်းရဲ၏။" "ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့်နေရခြင်းက ပို၌ ဆင်းရဲ၏။" ဟု လောကနီတိကျမ်းက ဆိုထား၏..

ထို့ကြောင့် လူတိုင်းကျေးဇူးတရားကို နားလည်ပြီး သတိတရဖြင့် ပြန်လည်ပေးဆပ်နိုင်သောသူများ ဖြစ်ပါစေ. .

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အလှကမ္ဘာမြေ


ညီမငယ် မက်မက် တဂ်တဲ့ မြန်မာသံစဉ်သီချင်းထဲက တိမ်လွှာမို့မို့လွင် ရုပ်ရှင်ထဲက ၀င်းဦး သီဆိုခဲ့တဲ့
"အလှကမ္ဘာမြေ " သီချင်းကို
ပန်းကဗျာ က အရမ်းကြိုက်ပါတယ်. . . အရင်ခေတ်က သီချင်းဆိုပေမယ့် ခုချိန်ထိ ဘယ်အချိန် ပြန်နားထောင် နားထောင် နားထဲမှာ စွဲနေဆဲမို့လို့ပါ . . . ဒါကြောင့် ဒီသီချင်းလေးကို City Fm မှာ ချိုပြုံး သီဆိုထားတဲ့ "အလှကမ္ဘာမြေ " မြန်မာသံစဉ်သီချင်း
ကို ပန်းကဗျာ က ရွေးချယ်လိုက်ပါတယ် . . .




"အလှကမ္ဘာမြေ"


ဤကမ္ဘာမြေပြင်ပေါ်တလွှားဝယ် သူငါများတို့ရယ်

အလှနဲ့သစ္စာကိုကွယ် ဖွေရှာမောကြတယ်

တကယ်မမောပန်းစေရန်ကိုကွယ် ပြောပြောပြမယ်

ကိုယ့်ဌာနေ ၀န်းကျင်မှာကွယ် တကယ်ပင် အလှရှိတယ်။


စုံမြိုင်ခြေဂနိုင်မြေလမ်း အထွေထွေ ဆန်းပြားကြွယ်

သဘာဝရဲ့အလှဟန်တွေရယ် ထုံကြည်သင်းပျံ့တယ်

တကယ်အလှရဲ့မူမှန်ကိုကွယ် တွေးကာ ငေးကြည့်ဝယ်

ကမ္ဘာ့တန်ဆာမိခင်မြေ၀ယ် ပုံပန်းချီရေးသိဖွယ်။


ဒီဘုံဘွေကြုံလေသမျှဝယ် သဘာဝတရားအလှရယ်

ဘ၀ရဲ့သစ္စာမည်တယ် ခိုင်မာ အမြဲမြစ်တွယ်

တဒင်္ဂအလှဆိုတာတွေရယ် ပေါကြွယ်လွန်းလှတယ်

တကယ့်အလှနဲ့ သစ္စာမှာကွယ်

သဘာဝ အခင်းဖြစ်တယ်။


စုံမြိုင်ခြေဂနိုင်မြေလမ်း အထွေထွေ ဆန်းပြားကြွယ်

သဘာဝရဲ့အလှဟန်တွေရယ် ထုံကြည်သင်းပျံ့တယ်

တကယ်အလှရဲ့မူမှန်ကိုကွယ် တွေးကာ ငေးကြည့်ဝယ်

ကမ္ဘာ့တန်ဆာမိခင်မြေ၀ယ် ပုံပန်းချီရေးသိဖွယ်။


တေးဆို - မူရင်း (၀င်းဦး)
ချိုပြုံး၊

အားလုံးကိုချစ်ခင်လေးစားလျှက်...



လောကနီတိ

  • စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
  • လှို့ဝှက်သော ကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
  • စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
  • ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
  • သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ် ညှဉ်းဆဲ ခြင်း ပြုလို၏။

  • On the Battlefield the brave are wanted.
  • In secret matters one who keeps his tongue is wanted.
  • At a feast , one loved is wanted.
  • In difficult and profound matters one learned is wanted.
  • The wicked on seeing the virtuous wants to oppress and persecute him.

  • အမှုကိစ္စဟူသမျှကို အလျင်စလို မပြုရာ၊ အလျင်စလို ပြုခဲ့သော် နောင်မှ ပူပန်ရတတ်၏။
  • ကျဉ်းမြောင်း၍ မစင်အတိ ပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏။
  • ထို့ထက် မချစ်မနှစ်သက်သော သူနှင့် အတူတကွနေရခြင်းသည် ပို၍ ဆင်းရဲ၏။
  • ထိုထက် သူ့ကျေးဇူးကို မသိတတ်သူနှင့်နေရခြင်းက ပို၌ ဆင်းရဲ၏။

  • Nothing should be done in haste. If it is done hastily one could worry later.
  • Staying in a narrow place full of faeces is suffering.
  • More so is staying together with one hated.
  • Still more so is staying together with the ungrateful.
  • ဆုံးမသင့်သည်ကို အမြဲ ဆိုဆုံးမရာ၏
  • ယုတ်မာသော အကျင့်ကိုလည်း တားမြစ်ရာ၏
  • ထိုသို့ ဆုံးမ တားမြစ်တတ်သူကို သူတော်ကောင်းတို့ နှစ်သက်လိုလားကြာ၏ ။ သူယုတ်မာတို့ကား မနှစ်သက်ကြချေ။

  • Always admonish where it is due.
  • Deter wicked ways.
  • One who does so is liked by the virtuous , but disliked by the wicked.


အားလုံးကိုချစ်ခင်လေးစားလျှက်...

အဲလိုကြီးတော့ မပြောနိုင်ပေါင်



အပျိုကြီး နှစ်ယောက် စကားလက်ဆုံကျနေကြသည်. .

"ငါတော့ ဒီတစ်သက် လုံးဝယောက်ျားမယူတော့ဘူး. . . . "

"ဘာဖြစ်လို့လဲအေ့. . . . "

"အိမ်ဘေးက လင်မယားကို ကြည့်ပြီး စိတ်ဓာတ်ကျလို့ပေါ့ . . . . ယောကျာ်းက နေ့တိုင်း အရက်မူးပြန်လာပြီး ရန်တွေ့. . . ဒီကြားထဲ မွေးထားတဲ့ သားသမီးတွေကလည်း တစ်ပြုံတစ်ခေါင်း . . . "

"ကြားရတာ သားစိတ် ၊ သမီးစိတ်ကုန်လိုက်တာ .. . . . . "

"ဘယ်လိုအေ့ ၊ လင်စိတ်သားစိတ် ကုန်တယ်လို့ပြောစမ်းပါ. အေ . . . . "

"အိုအေ - မရလို့ ခက်နေရတဲံ ကြားထဲ. . . . အဲသလိုကြီးတော့ မပြောနိုင်ပေါင်.. . . . . "

ရယ်စရာ မဂ္ဂဇင်း


အားလုံးကိုချစ်ခင်လေးစားလျှက်...

လွမ်းနေဆဲပါ ပိတောက်ဝါ



"လွမ်းနေဆဲပါ ပိတောက်ဝါ"

နှစ်ဆန်းခါ နွေအရောက်မှာဖြင့်
ချစ်ပန်းဝါ ရွှေပိတောက်တွေက
ကြိုင်လှောက်လို့ ပွင့်ငုံစီ။

ခြွေမခူးသာဘူး
လေလူးရာ ဘယ်ညာယိုင်လို့
ပိတောက်ခိုင် ကိုယ့်ကို စိမ်းသည်မို့
နွဲ့ယိမ်းကို မပန်သာော့
ကံကြမ္မာ ဖန်လာ အနွဲ့မှာဖြင့်
ချန်ခဲ့ရပြီ။

အတွေးမှာ သံသယတွေကြောင့်
ဝေးကမ္ဘာ အပြန်မလှလေတော့
ဆွေးကဗျာ အနန္တပေပေါ့
ဆံမြ ကေရှင်ဆီ၌
ငွေမင်ရည် သီသီစွက်သော်လည်း
ငယ်ချစ်ဆွေ ရွှေတစ်ခက်ကိုဖြင့်
မေ့ရက်ဖို့ ခက်ပါသည်
ကန္တာဆီ တစ်ယောက်ထဲ (တည်း)။

သြော် . . . အချစ်ကို အချိုဆမ်းပါလို့
အပြစ်ဆို ငိုမတမ်းသာဘူး
ကိုယ့်လမ်းကိုယ်သာထွင်လို့
ခရီးနှင့် တွင်တွင်လျှောက်ရပေမယ့်
တစ်ယောက်ဆို တစ်ယောက်ထဲ (တည်း)
ပိတောက်ဆို ပိတောက်ပဲရယ်မို့
ဖောက်လွဲကာ အချစ်တွေ မဆုံးသေးပါဘူး။

ကိုယ်မုန်းလျှင် ကိုယ့်အပြစ်
ကိုယ်ချစ်တော့ ကိုယ့်စေတနာ
ကိုယ့်နေရာ ဘယ်မှာရှိစေတော့
ချစ်မိသူ ရွှေတစ်ခက်ရယ်က
ဆက်ရန်သာ လက်မကမ်းသော်လည်း
သက်ခန္ဓာ ပျက်မကျွမ်းလေသရွေ့ ပိတောက်ရယ်
လွမ်းငွေ့ဝေဆဲ။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဘုရားအလောင်း ယသော်ဓရာနှင့် နန်းသိမ်းပွဲခံပုံ


ဘုရားအလောင်း တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော အခါ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးသည် ဆွေတော် မျိုးတော်မင်းများ ထံသို့ သမီးရတနာ ပို့ဆက်လာရန် ရာဇသံ ပေးလေသည်. . သမီးရှင် မင်းကြီးများသည်. ဘုရားအလောင်းကို အဆင်းသာလှ၍ ပညာမတတ် ဟု ကဲ့ရဲ့ကာ သမီးရတနာကို မပို့ဘဲ နေကြလေသည်. . . ထိုအကြောင်းကို သုဒ္ဓေါဒနမင်းက သားတော်အား ပြောပြလေရာ ထိုအချိန်မှာ အခက်ဆုံး လေးအတတ်ကို ပြဘို့ရန် ၀န်ခံလိုက်လေသည်. . .

ထိုအခါ နေပြည်တော်တွင် ထင်ရှားသော လေးဆရာတို့ကို နန်းတော်မြေပြင်၌ စုရုံးစေရာ လေးဆရာတို့ကို နန်းတော် မြေပြင်၌ စုရုံးစေကာ လေးဆရာ ၄ ယောက်ကို လေးမျက်နှာထား၍ ဘုရားအလောင်းကိုယ်တိုင် အလယ်ကနေပြီးလျှင် ၊ အသင်တို့က ငါ့ကို တပြိုင်နက် ပစ်ကြလော့ ဟု ပြောလေသည်. . . ဆရာ ၄ ယောက်တို့ ပစ်သော မြှားတို့ကိုလည်း မိမိကို မထိအောင် မြှားတစ်စင်းတည်းဖြင့် ကာကွယ်နိုင်လေသည်. . . ဤသို့ လေးအတတ်ပြပြီးမှ ဆက်သလာသော သမီးကညာတို့တွင် ယသော်ဓရာ နန်းသိမ်းပွဲ ခံယူလေသည်. .

Wedding Ceremony of Prince Siddhattha

When the future buddha was sixteen years of age, his father King Suddhodana sent official intimation to hi relatives asking them to send their daughters to be married to his son. There arose the following discussing among his relatives, who were Rulers of their own states; "Siddhattha is of handsome appearance but is not well trained in any manly art." They did not , therefore comply with the request of King Suddhodana. The King told his son what his relatives had said about him, when the Prince agreed to show his proficiency as the best bowman of the day.Consequently the most distinguished bowmen of the city were assembled in the place grounds. The future Buddha placed them at four different points and directions round him while he stood in the centre. He then said to them. " you must shoot your arrows at me all at the same time". When the signal to shoot was given, the four archers shot their arrows at him all at once. The Prince defended himself by shooting an arrow which flew like lighting and hit all the four arrows coming in his direction. He thus exhibited his skill, such as none other bowmen could equal. Hi father's relatives then sent their daughters, beautiful maidens,of whom the Prince chose Princess Yasodhara whom he married by celebrating a grand wedding.

အားလုံးကိုချစ်ခင်လေးစားလျှက်...


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။