လေဆန်ငှက်

လောကဓံ တိုက်ပွဲ
အနိုင်ကြဲဖို့
အသိုက်ထဲမှ
ထွက်ခဲ့သည်။

တိမ်ညိုသိမ့်သိမ့်
မိုးခြိမ့်ခြိမ့်နှင့်
သောသော ဆူညံ
ထက်ဘယံမှာ
လေနီကြမ်းဆင်
လမ်းမမြင်လည်း
အားမာန်ကို တင်း
လေဟုန်ခွင်းလျက်
အမြင့်ပျံတက်
လေဆန်ငှက်။

တစ်ထောက် မနား
အတောင်အားဖြင့်
ဝံ့ကြွား တွန်းလှန်
အားမတန်လည်း
လေဟုန် မစီး
ရှေ့ခရီးသို့
စိတ်အားမာန် ဇွဲ
လုံ့လခဲသည်
အားတင်းပျံတက်
လေဆန်ငှက်။


အိန်ဂျယ်(လ်)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .