ကဗျာငှက်များ

ကဗျာငှက်တွေ ၊ ပျံဝဲနေပြီ
မိုးမြေအနှံ့၊ နေရာနှံ့ပင်။

တေးသီချင်းသံ၊ ချိုမြညံလို့
ထက်ယံဝဲယာ၊ လေနှင့်ပါ၍
သာယာချိုမော လွမ်းဖွယ်ပြော၏။

မြန်မာပီသ၊ အတွေးလှသော
ဘ၀လင်္ကာ၊ ရတနာကို
ရင်မှာ ဖွဲ့သီ၊ ပန်းပွင်းစီ၍
သင်းကြည်မွှေးပျံ့ ရနံ့ထုံ၏။

ရဲရင်းသတ္တိ၊ မီးတောင်ညှိ၍
ယနေ့ထက်တိုင်၊ ကလောင်ကိုင်လျက်
ခိုင်မာစိတ်ဓာတ်၊ ရဲရဲရပ်၏
ပြတ်သား ယုံကြည် ၊ ရှေ့သို့ချီဆဲ။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. ကောင်းလိုက်တဲ့ကဗျာလေး........
    လာရောက်အားပေးသွားပါတယ်

    ခင်မင်လေးစားစွာဖြင့်
    မဒမ်ကိုး

    ReplyDelete
  2. ခိုင်မာစိတ်ဓာတ်၊ ရဲရဲရပ်၏
    ပြတ်သား ယုံကြည် ၊ ရှေ့သို့ချီဆဲ။

    ReplyDelete
  3. ကောင်းလိုက်တဲ့ကဗျာ...
    တစ်ခေါက်ဆို တစ်ခေါက် ရောက်ရကျိုးနက်ပါ့ဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .