ဥသြသံဝါနှင့် ရွက်ဝါရင့်



နွေလျင်စောစော၊ ရင်ဟာမောသည့်
ဥသြတစ်ကိုယ်၊ ချွေးသိပ်လိုထင့်၊
ညောင်ညိုပင်ဖျား၊ ခိုဝင်နား၏။
သူဝင်နားခို၊ ပင်ညောင်အိုလည်း၊
ခွန်းဆိုခါခါ၊ အသံဝါကို၊
သာယာမချို၊ မနာလို၍၊
သက်အိုညောင်းညှာ၊ ရွက်ဝါ၀ါကို၊
လေမှာဝဲကျ၊ လွှင့်ခါချထင့်။ ။

ကျော်စောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

No comments:

Post a Comment

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .