လူငယ်နှင့် တာဝန်သိမှု



လူတွေ အကြောင်းပြောရင်
အမှီအခိုနဲ့ လွပ်လပ်မှုအကြောင်း
ပြောလေ့ရှိတယ်.

လူတွေဟာ အခြားသတ္တ၀ါတွေလိုမဟုတ်ဘူး
တစ်ယောက်ကိုတစ်ယောက် မှီခိုနေရတယ်
ဒီအတွက် အချို့ကတော့
မလွတ်လပ်ဘူးလို့ ဆိုကြတယ်

"ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်"
"ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် "
ဆိုတာ လွပ်လပ်မှု မဟုတ်ပါဘူး
တာဝန်မဲ့မှုသာဖြစ်တယ်.

ကျန်းမာပြီး စွမ်းဆောင်နိုင်သော လူသားအားလုံးဟာ
တာဝန်ယူတတ်သူတွေ ဖြစ်ရပါမယ်.
လူငယ်တွေဟာ တာဝန်ယူတတ်သူတွေ ဖြစ်ဖို့လိုတယ်
တာဝန်ပေးခံရတဲ့ အခါမှာ လိပ်ပြာသန့်သန့်နဲ့
တာဝန်ယူတတ်ဖို့ပါပဲ

ဒေါက်တာခင်မောင်ညို

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .