မေတ္တာ


စစ်မှန်တဲ့ မေတ္တာတရားဆိုတာ
သူတစ်ပါးကောင်းကျိုးကိုပဲ လိုလားတယ်. . .
မိမိကိုယ်ကျိုးကို မကြည့်ပါဘူး. . .

မေတ္တာတရားနဲ့ ပတ်သက်ပြီး
လူတွေဟာ အမျိုးမျိုး ပြောဆိုနေကြပါတယ်. .
ရယူခြင်းမရှိတာကို မေတ္တာ
ပေးဆက်ခြင်းသက်သက်ကို မေတ္တာ
မျှော်လင့်ချက်မထားတာကို မေတ္တာ
မောင်နှမ အချစ်သက်သက်ကို မေတ္တာ

စသဖြင့် အများကြီးပါပဲ

ဒါတွေဟာ
တကယ်တော့ မှန်ကန်တိကျရဲ့လား
(၅၂၈) မေတ္တာ ဆိုတာ ဘာလဲ?


ကိုယ့်ညီကို မောင်နှမကိုမှ
မေတ္တာထားနိုင်တာလား?
သူတစ်ပါးတွေဆိုရင် မထားနိုင်ဘူးပေါ့။

ဒါမှမဟုတ်
ကိုယ်မချစ်မနှစ်သက်တဲ့သူဆိုရင်
မေတ္တာ မထားနိုင်ဘူးလား ?

မေတ္တာတရားမှာ
ရွေးချယ်ခွင့်နှင့် ရွေးချယ်စရာမရှိပါဘူး။

စစ်မှန်တဲ့ မေတ္တာတရားဆိုတာ
နက်ရှိုင်းမှု ၊ သိမ်မွေ့မှု အပြည့်အ၀ရှိပါတယ် . .
သူ, ငါ , ယောက်ျား , မိန်းမ
ချစ်သူ , ခင်သူ , မုန်းသူ ဘာမှ မရှိဘူး
လူအားလုံးကို ကိုယ်ကျိုးမကြည့်ဘဲ
ကူညီနိုင်မှု သက်သက်ကို ခေါ်တာပါ. .

မေတ္တာတရားဆိုတာ
လူတိုင်းကို အပြည့်အ၀ တော့ မထားနိုင်ပါဘူး. . .

Step by Step . . ပေါ့. .

အားလုံး မေတ္တာထားနိုင်ကြပါစေ. . . .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

1 comment:

  1. မေတ္တာရဲ့ အဓိပ္ပါယ်လေးဖတ်သွားပါကြောင်း

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .