သားဖေဖေ


သားရယ်. . .
အကြင်နာ တရားလည်း မရှိ
ချိုချိုသာသာ စကားလည်း
မပြောတတ်တဲ့ အဖေရယ်လို့
လူ့လောကမှာ မရှိပါဘူးကွယ်. .

သားမသိတတ်ခင် အချိန်မှာ
အကြင်နာ တရားတွေနဲ့
ချိုချိုသာသာ စကားတွေ
အများကြီးပြောခဲ့ပြီးပါပြီ

သားမသိတတ်ခင် အချိန်ဆိုတော့
သားမမှတ်မိနိုင်တာ
ဖေဖေ အပြစ်မတင်ပါဘူး

သားကြီးပြင်းလာတဲ့ အချိန်မှာ
ကိုယ့်ဘ၀ကို မကျေနပ်နေတဲ့ ဖေဖေ
မိသားစု စားဝတ်နေရေးအတွက်
အပြေးအလွှား ရုန်းကန်နေရတဲ့ ဖေဖေ
သားကို သိပ်ပြီး
တော်စေ တတ်စေချင်တဲ့ ဖေဖေဟာ
အကြင်နာ စကားတွေ ပြောဖို့
တကယ်ပဲ မေ့နေခဲ့တယ်ဆိုရင်
ဖေဖေ့အမှားပါပဲကွယ်. .

သားကြောင့်တော့ဟုတ်မယ် မထင်ပါဘူး

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

1 comment:

  1. မိဘတွေရဲ့ချိုသာတဲ့စကားတစ်လုံးဟာ သားသမီးတွေတွက်အနှိုင်းမဲ့ခွန်အားဖြစ်စေတာတော့အမှန်ပါပဲ။
    မိုးလင်းလို့ အဖေခေါ်လိုက်တဲ့ သမီးဆိုတဲ့အသံတောင် အတော်ခွန်အားတွေဖြစ်စေခဲ့တာပါ။
    မိဘမေတ္တာဆိုတာ အချိုမြဆုံးနဲ့အလိုအပ်ဆုံးပါ။

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .