သိက္ခာ

သိက္ခာ


ဤလူ့ရွာ ကိုယ်ကျင့်တရား
သီလအား ဖြူစင်စွာ
ထိန်းကြရမှာ
တည်ကြည်မှု ရိုးသားစွာ
လေးစားစရာ သမာဓိ တရား
အသိယှဉ်ကာ အတတ်ပွား
ပညာ အရာ ဆင့်မြင့်မား
သိက္ခာသုံးပါး

ရဟန်းနဲ့ ဥပါသကာ
ပြည့်စုံရာ အနှစ်အသား
ထင်ရှား သိက္ခာ
ဘ၀ရဲ့ ဆင်းအင်္ဂါ
လူတကာ ခန့်ညား၊
လက္ခဏာ မထိပါးဖို့
စောင့်ထိန်းသည့်တရား ။

ကျော်ဇောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

17 comments:

  1. အင်း.. သိက္ခာ.. စကားလုံးကတော့ နှစ်လုံးတည်း.. တယ်လည်း တာသွားပါလား...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. ရှယ်ြ့ပီး ပြန်တင်ပါရစေ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .