သားဖေဖေ

သားရယ်

ငွေရှာတာ သိမ်းဆည်းဖို့ မဟုတ်ဘူး။
ပေးကမ်းဖို့ရှာတ ဆိုတဲ့ ဖေဖေ့ စကားကို
သားနားလည်သွားတဲ့အတွက်
ဝမ်းသာပါတယ် ကွယ်. .

ငွေကို သိမ်းဆည်းဖို့ရှာရင်
လောဘကြောင့် စိတ်ဆင်းရဲမယ်။
ပေးကမ်းဖို့ရှာမယ်ဆိုရင်တော့
ဒါနကြောင့် ၀မ်းသာမယ်၊ စိတ်ချမ်းသာမယ်။
ငွေရှာရတာခြင်း အတူတူတော့
ပေးကမ်း လှူဒါန်းဖို့ရှာဖွေတာ
အကောင်းဆုံးပဲပေါ့

အဲ့ဒီ ငွေရှာဖွေခြင်း သဘောတရားနဲ့
အလုပ်လုပ် လာတဲ့အခါ
ပေးကမ်းဖို့ ငွေတွေ ရောက်လာပြီး
ရယူမယ့် လူတွေ
လှူဒါန်းရမယ့် ကိစ္စတွေကလည်း
အလိုလို ပေါ်လာတော့တာပဲ။
ဒါတွေကို တစ်နေ့တော့
သား ကိုယ်တွေ့ကြုံပြီး
ခံစား နားလည်သွားပါလိမ့်မယ်။

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

1 comment:

  1. ပေးကမ်းဖို့ရှာနိုင်အောင် ကြိုးစားရမယ်
    ခုလည်း တတ်နိုင်သလောက်တော့ ပေးကမ်းနိုင်အောင် ကြိုးစားပါတယ်
    သိမ်းဆည်းထားတဲ့ထိတော့ မရှိပါဘူးလေ..

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .