နွေကြိုတေးလော ရှိုက်သံလော



"နွေကြိုတေးလော ရှိုက်သံလော"

တသြသြနှင့်၊ မမောမပန်း၊
သူမြည်တန်းသည်
နွေဆန်းသည်ကို ကြိုသလော။

ဆင့်ကာ ဆင့်ကာ ၊ တစာစာနှင့်
ကျူးရင့်မသာ ၊ ရင်ကွဲနာနှင့်
ခမျာဥသြ ၊မြည်ကာမောသည်
ကြင်သော မာတာ၊ မမြင်ရှာ၍
ရင်ဟာဖိုလှိုက်၊ သူငိုရှိုက်သည့်
ခိုက်ခိုက်နှလုံးခုန်သံလော။

ကျော်စောဟန်
အားလုံးကိုချစ်ခင်လေးစားလျှက်...





4 comments:

  1. သယ်ရင်း။
    တစ်ခုခုကို လွမ်းမောနေပြီထင်တယ်။
    :D

    ReplyDelete
  2. စကားလုံးကျစ်ကျစ်လစ်လစ်နဲ့ ထိထိမိမိမို့...ကိုယ်ကိုကိုယ် ငှက်နေရာရောက်သွားသလား တောင် ထင်ရတယ်...

းဝ)

    ReplyDelete
  3. မြန်မာပြည်ကဥသြတွေက နွေပဲတွန်တာနော်
    ရာသီဥတုမရှိတဲ့ နိုင်ငံတွေက ဥသြကျတော့ ဆယ့်နှစ်ရာသီတွန်နေတယ်... :(

    ReplyDelete
  4. ရှိုက်သံပဲနေမှာပါ။ နွေဆိုရင် ဟိုမှာမီးလောင်လိုက်၊ ဒီမှာမီးလောင်လိုက်နဲ့ ကြိုတွေးပြီး ပူဆွေးနေတာ နေမှာပါ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .