ဒေါသအကြောင်း
ကျမ မေ၁၆ ကို....အစ်မ ပန်းကဗျာက လှမ်းမေးပါတယ်။ ဒီနေ့ ဘာပိုစ့်တင် မလဲတဲ့။ တင်မယ် စာရှာအုံးမယ်လို့ ပြောသာပြောလိုက်တယ်....ဘာတင်ရမှန်းမသိသေး။ ကျမတို့ဘလော့လေးက စာကြည့်တိုက်ဘလော့လေးဖြစ်လို့ ဗဟုသုတ လေးတွေပဲဖြန့်ဝေချင်ပါတယ်။....ကိုယ့်အတွက်လည်းအကျိုးရှိ ဘလော့ပေါ် မှစာဖတ်သူ မောင်နှမများအနေနှင့် ဖတ်ရကျိုးလဲနပ် စေချင်ပါတယ်။ ပိုစ့်အတွက်... စာများရှာဖတ်ရင်းနဲ့ အမှတ်မထင် မြတ်စွာဘုရားရဲ့ ဒေါသငြိမ်းအေးနည်း လေးကို ရှာတွေ့ခဲ့ပါတယ်။
ကဲဖတ်ကြည့်ရအောင်....
ဘာရဒွါဇ ပုဏ္ဏားကြီးက မြတ်စွာဘုရားသခင်ကို အမြဲဆဲရေး ရှုတ်ချပြီး တစ်နေ့တော့ မေးခွန်းမေးတယ်။ သူပြောတာတွေကို စိတ်မဆိုးဘူးလားတဲ့၊ မြတ်စွာဘုရားသခင်က ပြန်ဖြေတယ်။ ပုဏ္ဏားကြီးတဲ့၊ မိတ်ဆွေများက ပုဏ္ဏားကြီးကို လက်ဆောင်များ လာမပေးဘူးလားတဲ့၊ လာပေးတဲ့အခါ ပုဏ္ဏားကြီးက လက်ခံထားရင် ဒီပစ္စည်းဟာ ပုဏ္ဏားကြီးလက်ထဲမှာ ကျန်ရစ်မှာပဲ၊ လက်မခံပဲ ပေးလာသူကို ပြန်ပေးလိုက်ရင် သူ့လက်ထဲ ပြန်ရောက် သွားတယ်။ ဒကာကြီးလက်ထဲ ဘယ်ရှိတော့မလဲတဲ့၊ ဒီလိုပဲ၊ ဆဲရေးတိုင်းထွာ ရှုတ်ချသူတွေ ပေးတဲ့ ဒေါသကို ကိုယ် လက်ခံထားရင် ကိုယ်ပဲ ဒီဒေါသရပြီး ပူလောင်မှာ၊ ကိုယ်က လက်ခံယူမထားပဲ ပြန်ပေးလိုက်တော့ သူ့ဒေါသ သူ့ဆီကို ပြန်ရောက်သွားတာပေါ့ လို့ မြတ်စွာဘုရားက ဖြေတယ်။
ကဲ ကျမတို့လည်း ဒေါသပေးလာသူတို့အား သူတို့လက်ထဲ ပြန်ထည့်ပေးလိုက်ခြင်းဖြင့် အေးငြိမ်းမှုကို ရယူကြရအောင်။
အားလုံးကိုချစ်ခင်လေးစားလျှက်...
may16
16 comments:
  1. ဒေါသဖြေနည်းလေး လာဖတ်သွားတယ်။
    ဒီမနက်လေးပဲ ဖြစ်နေတဲ့ဒေါသတွေကို
    ဘယ်လိုဖြေရမယ် ဆိုတာ သိသွားပါပြီ။
    ပျော်ရွင်ပါစေ။ :k: :l:
    ReplyDelete
  2. တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ ဆရာတော် ဦးဇောတိကတရားနာရင်းနဲ့ အဲ့စကားလေးမှတ်မှတ်ရရရှိလိုက်သေးတယ် ...မျှဝေပေးတာကျေးဇူးပါ ....
    ReplyDelete
  3. ဘုရားဟော အဆုံးအမတွေအတွက်
    ရှယ်ပေးလို့ ကျေးဇူး
    :h: :e:
    (မိန်းကလေးတွေအတွက် မသင့်တော်လို့လေ ပုံကို ပြောင်းလိုက်ပါလား)
    ReplyDelete
  4. This comment has been removed by the author.
    ReplyDelete
  5. ဒေါသကင်းဝေးအောင် နေထိုင်ဖို့ သိသွားပါတယ်။ ဆက်လက် ရေးသားမျှဝေ နိုင်ပါစေ။ စောင့်မျှော်အားပေးနေလျက်။ ပျော်ရွှင်ပါစေ။
    ReplyDelete
  6. မှတ်သားသွားပါတယ်ဗျာ..အားပေးလျက်ပါဗျာ :f:
    ReplyDelete
  7. ဒေါသဆိုတာ စိတ်ရဲ့ပေါက်ကွဲမှုတစုံတရာလို့
    ကျွန်တော်တော့သတ်မှတ်ထားတယ် ....
    ဒေါသမထွက်အောင် ဘုရားဇာတ်တော်ထဲကအကြောင်းလေးကို
    ပြန်မျှဝေပြတဲ့အတွက် ကျေးဇူးတင်မိပါတယ်...
    ဝေမျှတဲ့အတွက်လည်း ကုသိုလ်တွေအများကြီးရမှာပါ :)
    ReplyDelete
  8. ဒေါသကင်းဝေး နေနိုင်ရေးမှ သည်
    သောကကင်းဝေးနေနိုင်ရေး သွားနိုင်အောင်ဖတ်သွားပါတယ်
    ReplyDelete
  9. ဒေါသငြိမ်းအေးနည်းလေး လာဖတ်ပါတယ်၊ ကျေးဇူးပါ။
    ReplyDelete
  10. မှတ်သား သွား ပါသည်...။
    အတော်ကောင်းတဲ့ ပို စ်လေး ပါ သယ်ရင်း..။
    ReplyDelete
  11. သတိထားစရာလေးပါ။
    ဒေါသကင်းစင်
    ပြုံးပျော်ရွှင်
    ဘ၀င်ချမ်းမြေ့ကြပါစေ။
    ReplyDelete
  12. ကောင်းလိုက်တာ ........း)
    ReplyDelete
  13. မှတ်သားစရာပါပဲဗျာ။ဖတ်မှတ်သွားပါတယ်။
    ReplyDelete
  14. အမရေ ကျေးဇူးတင်တယ်နော် သူများတွေလာပေးတဲ့ ဒေါသကို နောက်ဆို ပြန်ပေးလိုက်တော့မယ်
    ReplyDelete
  15. တို့လည်း နားလည်သွားပီ
    နောက်ဆို ဘယ်သူ ၈ျီတော့မှာ ဒေါသလာပေးပေး
    မယူတော့ဘူး(အပြင်မှာဆိုရင်တော့ ယူလိုက်ဦးမယ်) နေပြည်တော် မှာက ပျင်းဖို့ကောင်းတယ်။ ဒါမျိုးလေးရှိမှ လူသိမှာ (အဟိ)
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .