ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စကားပြောခြင်းအတတ်

"The ability do speak effectively is an acquirement rather that a gift."

"စကားကို ထိရောက်စွာပြောနိုင်တဲ့ အရည်အချင်းဟာ မွေးရာပါမဟုတ်ဘဲ ကြိုးစား လေ့ကျင့် အားထုတ်မှုသာ ဖြစ်တယ်. . ."

လူအချင်းချင်း ဆက်သွယ်မှု လုပ်တဲ့အခါမှာ ပထမဆုံး စကားပြောခြင်း နဲ့သာ ဆက်သွယ်ရတာပါ. . .

စကားပြောတဲ့အခါမှာ အမှန်တရားပါရင် ပြီးပြီဆိုပြီး သတ်မှတ်လို့မရပါဘူး. . . . . ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက သူတစ်ပါးအတွက် ချိုသာ ရဲ့လား နားဝင်ရဲ့လား ဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်. . . .

အချို့လူတွေ က အပြောအဆို မတတ်ကြလို့ ရန်ဖြစ်ကြတာ. . . အဆင်မပြေကြတာ တွေ အများကြီးပါ. . .

အထူးသဖြင့် ကိုယ့်ထက် နိမ့်ပါးတဲ့ လူတွေကို ပြောဆို ဆက်ဆံတဲ့အခါမှာ မိမိစကား တစ်ခွန်းကြောင့် သူတစ်ပါး ထိခိုက်သွားမယ်. . . နစ်နာသွားမယ် . . . နာကျည်းသွားမယ် ဆိုရင် ဘယ်လိုမှ မကောင်းပါဘူး. . .

ကိုယ်ပြောလိုက်တဲ့ စကားကြောင့် . . . ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အားတက်စေမယ် . . ရွှင်လန်း တက်ကြွ စေမယ် ဆိုရင် အားလုံး အတွက် အဆင်ပြေချောမွေ့သွားစေမှာပါ. . .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

3 comments:

  1. နှုတ်ချို သျှိုတစ်ပါး ဆိုသလို အပြောချိုတော့ လုပ်ငန်းကိုင်ငန်းလည်း တွင်ကျယ်တာပေါ့နော်... ခက်တာက - ကျွန်တော်က စကားမပြောတတ်တာ ဆိုးတယ် :)

    ReplyDelete
  2. သိပ်မှန်တာပေါ့။ စကားပြောခြင်းအနုပညာ သိပ်စိတ်ဝင်စားဖို့ကောင်းတာ

    ReplyDelete
  3. စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတာက
    စကားပြောရတာထက် ပိုပျော်ဖို့ကောင်းတာမရှိဘူးတဲ့
    ဒါပေမယ့် အဲ့ဒီစကားက အပူအပင်ကင်းကင်းနဲ့ ဖြစ်ဖို့တော့လိုတယ်
    ပြောရရင် ကိုယ့်အဖိတ်အစင်တွေကို နားလည်တဲ့သူမျိုးနဲ့
    ပြောရတာ ကောင်းပါတယ်...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။