ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ခွေးမုဆိုး

တစ်ရံရောအခါ သာဝတ္တိပြည်မှ ကောက အမည်ရှိ ခွေးမုဆိုးတစ်ယောက်သည်. ခွေးအပေါင်းခြံရံလျှက် တောသို့သွားရာ လမ်းတွင် ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးနှင့် တွေ့ဆုံလေသည်. . မုဆိုးသည် အလွန် ရုန့်ရင်းကြမ်းတမ်းသူဖြစ်သည်. . ရဟန်းကို မြင်သောအခါ ၀မ်းမြောက်ဝမ်းသာ မဖြစ်ရုံမက "ငါသည် သူယုတ်မာ ကို မြင်ရ၏ ယနေ့ သားကောင် တစ်ကောင်မျှ ရတော့မည်မဟုတ်" ဟူ၍ တွေးတောပြီး အမျက်ထွက် ပြီး ခရီးဆက်၏. .
သူသည် တောထဲသို့ရောက်သောအခါ သားကောင်တစ်ကောင်မျှမရချေ . . . ထို့ကြောင့် စိတ်ပျက်စွာဖြင့် ပြန်လာသည်တွင် ဆွမ်းခံပြီး၍ပြန်လာသော ယခင်ရဟန်းနှင့် တွေ့ပြန်သည်. "ယနေ့ ဘာမျှမရသည်မှာ ဤရဟန်းကြောင့်ပင်တည်း "ဟူ၍ ရဟန်းကို သူ့ခွေးများဖြင့် ရှူးတိုက်လေသည်. . .
ရဟန်းလည်း မုဆိုးကို တောင်းပန်သည် မရ ထိုအခါ နီးရာ သစ်ပင်ပေါ်သို့ ပြေးတက်သည်. . လူတစ်ရပ်မျှမြင့်သောနေရာသို့ ရောက်သောအခါ ထိုင်နေလိုက်သည်. . ခွေးများက ဟိန်းဟောင်၍ သစ်ပင်ကို ၀ိုင်းထားကြသည်. .
မုဆိုးက သစ်ပင်ပေါ်တွင်သင်နေသော်လည်း "သင်လွတ်မြောက်မည်လော" ဟု ဆိုက ရဟန်း၏ ခြေထောက်များ ကို မြှားချွန်ဖြင့်ထိုး၏ ရဟန်းက အထိုးခံရသော ခြေကိုရုပ်၍ အခြားခြေကို ချ၏. . . ထိုချသော ခြေကိုလည်း မြားဖြင့် ထိုးပြန်၏ . . . ရဟန်းသည် နာကျင်လွန်းသဖြင့် ခြေတစ်ဖက်ကို ရုပ်ချည်၊ ချချည်ြပုနေရ၏. . . ထိုအခါ ၀တ်ရုံထားသော သင်္ကန်းကို မထိန်းနိုင်. . . သင်္ကန်းသည် ရဟန်းကိုယ်မှ လျှောကျပြီး မုဆိုး၏ တစ်ကိုယ်လုံးကို အုပ်မိသွားသည်. .
ဤတွင် ခွေးများသည် ရဟန်းကျလာသည် ထင်မှတ်ကာ မုဆိုးကို ၀ိုင်းဝန်းကိုက်ခဲကြသည်. . . မုဆိုးသည်မရှုမလှ သေဆုံးရလေသည်. . ရဟန်းသည် ခွေးများကို သစ်ကိုင်းခြောက်တစ်ခုဖြင့် လှမ်းပေါက်ကာမှ ခွေးများသည် မိမိတို့ သခင်ကို ကိုက်စားခဲ့မိကြောင်း သိရှိကာ တောထဲသို့ပြေးဝင်သွားကြလေသည်. .
ရဟန်းလည်း သစ်ပင်ပေါ်မှ ဆင်းပြီးနောက် ဇေတ၀န်ကျောင်းတော်တွင် သတင်း သုံးနေသော မြတ်စွာဘုရား ထံ သွားရောက်၍ အကျိုး အကြောင်း တင်ပြလျှောက်ထားလေသည်. . .
"အရှင်ဘုရား ၊ တပည့်တော်၏ သင်္ကန်းဖြင့် လွှမ်းခြုံမိ၍ မုဆိုး သေဆုံးခဲ့ရပါသည်. . တပည့်တော်၌ အပြစ်ဖြစ်သွားပါသလော တပည့်တော်၏ သီလသည် စင်ကြယ်ပါသေး၏ လောဟု "လျှောက်ထား၏. . . ဘုရားရှင်က "ရဟန်းသင့်၌ အပြစ်မရှိ၊ သင်၏ သီလသည် စင်ကြယ်၏ သင်သည် ရဟန်းစင်စစ် ဧကန်ဖြစ်၏ . . မုဆိုးသည်သာ မပြစ်မှား သင့်သူကို ပြစ်မှားသဖြင့် သေဆုံးရခြင်း ဖြစ်ပေသည်. . . "ဟူ ၍ မိန့်တော်မူလေသည်. .
ထိုသို့မိန့်တော်မူပြီးလျှင်. . .

"အကြင်သူမိုက်သည် မပြစ်မှားထိုက်သော၊ စင်ကြယ်သော ၊ကိလေသာ ကင်းသော ရဟန္တာအရှင်မြတ်အား ပြစ်မှား၏ လေတင်လေညာသို့ ပစ်လွှတ်လိုက်သော ၊ သိမ်မွေ့နူးညံ့သော မြူမှုန့်သည် ပစ်လွှတ်သူထံသို့သာ ပြန်ကျသကဲ့သို့ ထိုသူမိုက်သို့သာလျှင် မကောင်းမှုအကျိုးသည် ရှေးရှုပြန်ကျလာ၏ "

ဟူ၍ ဆုံးမတော်မူလေသည်. . .

(ပါပ၀ဂ်- ကောကသုနခလုဒ္ဒ၀တ္တု)

အားလုံးကိုချစ်ခင်လေးစားလျှက်...

10 comments:

  1. ပုံပြင်လေးကို လာဖတ်သွားပါတယ်ဗျာ

    မစော်ကားသင့်တဲ့သူကို စော်ကားတာကိုး

    ReplyDelete
  2. သာဓု သာဓု သာဓု မြတ်စွာဘုရားရှင်၏ အဆိုအမိန့် များ ကမ္ဘာတည်သရွေ့ တည်ပါစေ သော်
    အစ်မနှစ်ယောက် ကျနော် အလည်ရောက်ပါတယ် ဗျား :D

    ReplyDelete
  3. မကောင်းမှုက ချက်ခြင်းပဲ အကျိုးပေးသကိုး။
    အတော်ကြောက်စရာ ကောင်းတာပဲ။
    မုဆိုးမှာလည်း ချက်ခြင်း အသေဆိုးနဲ့သေ။
    သေပြီး ငရဲရောက်။
    အရှင်ဘုရားမှာလည်း အတော်နာမယ်။
    မုဆိုးမှာ ဇနီးရှိရင်လည်း မုဆိုးမဖြစ်ရဦးမယ်။
    သားသမီးရှိရင်လည်း ဖတဆိုးလေးတွေ ဖြစ်ရဦးမယ်။

    အကုသိုလ်များ ဝေးဝေးက ရှောင်ရမှာပါလား။
    အသိတွေ မျှဝေတာ သာဓု။
    ညီအမတွေ စိတ်ချမ်းသာကြပါစေ။

    ဦးလောကနာထ

    ReplyDelete
  4. လာရောက်နာယူမှတ်သားပါတယ်ဗျာ (ရဲကြီး)

    ReplyDelete
  5. မှတ်သား နာယူ အပ်ပါသည်

    ReplyDelete
  6. ဘာသာရေးနဲ့ ပတ်သက်တဲ့ စိတ်ကိုဆုံးမတဲ့ စာကောင်းလေးတွေ တင်ပြပေးနေတာ ကျေးဇူးပါ ညီမလေးရေ....

    ReplyDelete
  7. အင်းကောင်းတယ်မမရ... ဗဟုသုတလည်းရဖို့ကောင်းတယ်....
    နောက်လည်းမျှဝေပေးပါအုံးနော်....
    ကောင်းသောနေ့လေးဖြစ်ပါစေ....

    ReplyDelete
  8. လေတင်လေညာသို့ ပစ်လွှတ်လိုက်သော ၊ သိမ်မွေ့နူးညံ့သော မြူမှုန့်သည် ပစ်လွှတ်သူထံသို့သာ ပြန်ကျသကဲ့သို့ ထိုသူမိုက်သို့သာလျှင် မကောင်းမှုအကျိုးသည် ရှေးရှုပြန်ကျလာ၏တဲ့
    မှတ်သားသွားပါတယ် တီတီရေ..
    ကျေးဇူးပါ

    ReplyDelete
  9. အဲဒီ ဇာတ်လမ်းလေး ကြားဖူးတယ်ဗျ ဘုရားလက်ထက်ကမှန်း မသိဘူး ခုမှ သိတာ။

    ReplyDelete
  10. ဖတ်ဖူးပါတယ်
    ထပ်ဖတ်မှတ်သွားပါတယ် ..း)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။